Pages

Thursday, September 12, 2013

စစ်သားဆိုတာဘာလည်းပြောရယင်...

 
ဟင်းမကောင်းဘူး ညည်းသံလေးတွေကြားရင်ပြုံးမိတယ်
စစ်သား
မစားတဲ့အသားမရှိဘူး
သစ်သားတောင် နူးအောင်ပြုပ်ကျွေးရင် စားနိုင်တယ်

မစားတဲ့ အသီးဆိုလို့
မီးသီး နဲ့ လက်သီး ဘဲရှိတယ်
ဒါတောင်လက်သီးက တစ်ခါတစ်လေမြည်းရသေးတယ်

မသောက်နိုင်တဲ့ ရေမရှိဘူး
မြောင်းထဲချောင်းထဲကရေလည်းသောက်နိုင်တယ်
ကုန်ကုန်ပြောမယ် အရက်တောင်ရေမရောဘဲသောက်နိုင်တယ်

မစားနိုင်တဲ့ဆန်မရှိဘူး
ဆန်ကွဲလည်းစားတယ်
ဆန်ကြမ်းလည်းစားတယ်
တချို့ဆို ရှေ့တန်းမှာ ကျည်ဆံ စားလိုက်ရလို့ အသက်စွန့်သွားရတဲ့သူတွေတောင်ရှိတယ်

ကျုပ်တို့ဘယ်လိုဘဲအစားသောက်ဆင်းရဲပါစေ
တိုင်းပြည်နဲ့လူမျိုးအတွက်လို့ခံယူထားလို့
ကျုပ်တို့ကျေနပ်တယ်

Waihin Thuye

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...