Pages

Wednesday, September 25, 2013

ဗုဒ္ဓဘာသာဝင်များအား ထိမ်းမြားမည်ဆိုပါက ဘာသာပြောင်းလဲစေရေး လွှတ်တော်တင်မည်

photo for new no 5 1
ဘာသာခြား လူမျိုးများအနေဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အိမ်ထောင်ပြုမည်ဆိုပါက ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းပြီးမှသာ အိမ်ထောင်ပြုခွင့်ရမည်ဟု မျိုးစောင့်ဥပဒေ၌ပါရှိကြောင်း၊ ၎င်းဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်သို့တင်သွင်းနိုင်ရန်ဆောင်ရွက်နေသည်ဟု သာသနဟိတရာမပုခန်းကျောင်းတိုက် တိုက်အုပ် ဆရာတော်ဦးကောဝိဒက မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ သြဝါဒခံယူပွဲ ၌ မိန့်ကြားလိုက်သည်။

ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် စသည့် ဘာသာဝင်များအနေဖြင့် ၎င်းတို့ဥပဒေတွင် ဘာသာခြားများနှင့် ထိမ်းမြား လက်ထပ်မည်ဆိုပါက အခြားဘာသာသို့ ကူးပြောင်းခွင့် မပြုသလို ၎င်းတို့၏ ဘာသာဝင်အဖြစ် တရားဝင် ကူးပြောင်းပြီးမှသာ လက်ထပ်ခွင့်ပြုကြောင်း၊ အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးအတွက် မိမိတို့အဝန်းအဝိုင်းကို ခြံစည်းရိုးခတ်ကာကွယ်လိုသည့်အတွက် မျိုးစောင့်ဥပဒေ ရေးဆွဲရခြင်းဖြစ်သည်ဟု ဆရာတော်ဦးကောဝိဒက မိန့်ကြားလိုက်သည်။
 ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပန်းတနော်မြို့ အလယ်ပိုင်းရပ်ကွက် ပုခန်းကျောင်းတိုက်၌ ကျင်းပခဲ့ သည့်မြို့နယ်လုံးဆိုင်ရာအမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ သြဝါဒခံယူခြင်းအခမ်းအနား၌ မိန့်ကြားခဲ့ ခြင်းဖြစ်သည်။
အိမ်တစ်အိမ်မှာ ခြံစည်းရိုးအကာမရှိရင် ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်နေကြမှာပ၊ဲ ဒါကြောင့် မျိုးစောင့် ဥပေဒဆိုတဲ့ ခြံစည်းရိုးနဲ့ခတ်ပြီး ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရအောင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ခြံကို လုံအောင်ကာတာပါပဲ၊ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မျိုးမရှိပါဘူး၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတာလည်း မဟုတ်ပါဘူး ဟု သာသနဟိတရာမ ပုခန်းကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးကောဝိဒက မိန့်သည်။
မြန်မာနိုင်ငံအတွင်း၌နေထိုင်ကြသော ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များတွင် ၎င်းတို့ အမျိုးဘာသာ၊ သာသနာကာကွယ်နိုင်ရန်အတွက် အဆိုပါဘာသာများ၌ သူ့ဥပဒေနှင့်သူရှိပြီးသားဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိတို့ အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေရှိသင့်သည့်အတွက် မျိုးစောင့်ဥပဒေကိုရေးဆွဲရခြင်းဖြစ်သည်ဟု ဆရာတော်ကဆက်လက် မိန့်ကြားသည်။
“ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်ထဲမှာလည်း အမျိုးဘာသာ၊ သာသနာကိုကာကွယ်ပါ စောင့်ရှောက်ပါလို့ ဟောကြား ထားတဲ့အတိုင်း ဒီအဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်၊ အကြမ်းဖက်လိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ မဟုတ်ပါဘူး၊ မိမိတို့ရဲ့ အမျိုးဘာသာသာသနာကိုသာ ကာကွယ်ခြင်းဖြစ်ပါတယ် ” ဟု အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုတွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကုမာရကမိန့်ကြားသည်။
အဆိုပါ အခမ်းအနားသို့ ပန်းတနော်မြို့ရှိ ယွန်းကျောင်း၊ ကျိုက်ထီးရိုးကျောင်း၊ ပုခန်းကျောင်း၊ မြတောင်ကျောင်း၊ တံတားဦးကျောင်း၊ သီဟိုကျောင်း အစရှိသည့် ကျောင်းများအပြင် ပန်းတနော်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၃၀၇)ကျောင်းမှ ရဟန်းသံဃာအပါးတစ်ထောင်ခန့်နှင့် ပြည်သူလူထု တစ်သောင်းကျော်တက်ရောက်ခဲ့သည်။
“ ဒီအဖွဲ့အစည်းဖြစ်ပေါ်လာတာ ကိုယ့်အမျိုးဘာသာ သာသနာအတွက် အကျိုးရှိတဲ့ ကိစ္စလို့မြင်ပါတယ်၊ မျိုးစောင့် ဥပဒေဆိုတာကလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်၊အထူးသဖြင့် အမျိုးသမီးတွေအတွက် ကာကွယ်ပေးတဲ့ ဥပဒေပါ။ ကိုယ့်လူမျိုးကိုယ့်ဘာသာကို ကာကွယ်မယ့် အဖွဲ့အစည်းရော ဥပဒေပါ ရှိထားသင့်ပါတယ် ” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်သူတစ်ဦးက ဆိုသည်။

From : .. SMMK

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...