Pages

Thursday, September 19, 2013

ရုံးခန်းရှေ့ ဆဲဆိုခြိမ်းခြောက် ဟုဆိုကာ တရားသူကြီးက အမှုဖွင့်

တရားသူကြီးက ယင်းအားဆဲဆိုခြိမ်းခြောက်၍ တရားစီရင်ရေးကို ဟန့်တားနှောင့်ယှက်ခြင်း ပြုလုပ်ဟု
ဆိုကာ လူနှစ်ဦးကို လှိုင်သာယာရဲစခန်းတွင် စက်တင်ဘာ ၁၇ ရက်က အမှုဖွင့် တိုင်တန်းလိုက်ကြောင်း
တိုင်းရဲတပ်ဖွဲ့မှူးရုံး က ထုတ်ပြန်ထားသည်။

အမှုကို ရွှေပြည်သာမြို့နယ် နိဗ္ဗာန်လမ်း (၁၀)ရပ်ကွက် အမှတ်(၁၂၀၈)နေ လှိုင်သာယာမြို့နယ်၊ ဒု-တ
ရားသူကြီး ဦးစိုးမင်းက အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဖြစ်စဉ်တွင် မြို့နယ်တရားရုံး ဒုတိယတရားသူကြီး(၁)ရုံးခန်းတွင် ပြစ်မှုအမှတ် ၁၉၈၀/၂၀၁၃၊ ပုဒ်မ ၂၉၄
/၃၂၃/ ၁၁၄ အမှုမှ တရားခံပြေး ဦးမောင်ကြီးက ရုံးရှေ့တရားခွင်တွင် လာရောက် အဖမ်းခံပြီး ဦးစိုးမင်း
ထံ အာမခံတောင်းခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ယင်းကအာမခံပေးပြီး ရုံးချိန်းရက်ပေးစဉ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့က ရုံးခန်း
ရှေ့ အပြင်ဘက်မှနေ၍ “တရားခံပြေးတစ်ဦးအား အာမခံပေးတဲ့ တရားသူကြီး”ဟု ညစ်ညမ်းစွာဆဲဆိုပြီး
သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ထိုတရားသူကြီးက ရဲတိုင်ချက်တွင် ပြောပြထားသည်။

ထို့ကြောင့် တရားစီရင်ရေးအပေါ် ဟန့်တားနှောင့်ယှက်ခြင်းပြုလုပ်ခဲ့၍ ထိုသူနှစ်ဦးအပေါ် အရေးယူပေးရန်
တရားသူကြီးက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာရဲစခန်းက အမှုအမှတ်(ပ) ၁၀၅၈/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီးတရားခံ ဖမ်းဆီး
ရမိရေး စုံစမ်းလျက်ရှိကာ ဖမ်းဆီးရမိပြီး ပြစ်မှုကျူးလွန်ကြောင်းဟုတ်မှန်ပါက ပြစ်မှုပုဒ်မ ၂၉၄/၂၂၈/၅၀၆
/ ၁၈၆/၁၁၄ တို့ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

ဇော်ဇော်ထွေး - Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...