ပြီးခဲ့သည့်နွေရာသီဈေးကွက်အတွင်းအထင်ကရကစားသမားအပြောင်းအရွှေ့နှစ်ခု၌မီဆွတ်အိုဇေးလ်၏ဂျာစီရောင်းအားကဂါရတ်သ်ဘေးလ်ထက်အပြတ်အသတ်ဦးဆောင်နေကြောင်းသိရှိရသည်။
ဘောလုံးဂျာစီများ
အဓိကရောင်းချနေသည့်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့်UKSoccershop.comက
ရီးယဲလ်မက်ဒရစ် အသင်း၏
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ဝယ်ယူထားသည့်ဝေလလက်ရွေးစင်ဘေးလ်သည်ဂျာစီရောင်းအားတွင်ထင်သလောက်အောင်မြင်မှုမရရှိကြောင်းမှတ်ချက်ပြုခဲ့သည်။
ရီးယဲလ်သည်တော့တင်ဟမ် ဟော့စပါးထံမှ
ဘေးလ်ကိုဝယ်ယူပြီးနောက်ဂျာမန်လက်ရွေးစင်အိုဇေးလ်ကို မလိုအပ်တော့ဟု
ဆုံးဖြတ်ကာ အာဆင်နယ်ထံ ပြန်လည် ရောင်းချခဲ့သည်။
အာဆင်နယ်ကကလပ်စံချိန်တင် ဈေးဖြင့် ဝယ်ယူခဲ့သော အိုဇေးလ်၏
ဂျာစီရောင်းအားမှာမူ အကြီးအကျယ် မြင့်တက်လာကြောင်း အဆိုပါ ဝက်ဘ်ဆိုက်က
ဆိုသည်။
နှိုင်းယှဉ်မှုများအရ ပေါင်စတာလင် (၈၆)သန်းတန် ဘေးလ်၏ အမည်ဖြင့်
ရီးယဲလ်ဂျာစီများ ရောင်းချရမှုသည် အိုဇေးလ်အမည်ဖြင့် အာဆင်နယ် ဂျာစီများ
ရောင်းချမှု၏ (၅)ပုံ၊ (၁)ပုံသာ ရှိနေကြောင်း သိရသည်။ ရီးယဲလ်အနေဖြင့်
ဘေးလ်ကို တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူ
ရာတွင် ဈေးကွက်ဖြန့်ကျက် လွှမ်းမိုးမှုအတွက်ပါ ရည်ရွယ်ထားသော်လည်း
လွတ်သည့်ငါး ကြီးနေသည့် အခြေအနေမျိုး ဆိုက်ရောက်နေကြောင်း
UKSocceershop.comမှ သုတေသန ပြုလုပ်သည့် ဈေးကွက်မှတ်တမ်း
အရ ဖော်ထုတ်နိုင်ခဲ့သည်။
ဂျာမန်လက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုဝီသည် ဘေးလ်ကိုဝယ်ရန်
အိုဇေးလ်ကို ရောင်းထုတ်သည့်
ဆုံးဖြတ်ချက်အားနားလည်နိုင်စရာမရှိသည့်အခြေအနေဟုဝေဖန်ခဲ့သလိုရီးယဲလ်
ကစားသမားများဖြစ်သည့်
ခရစ္စတီယာနိုရော်နယ်လ်ဒိုနှင့်ဆာဂျီယိုရာမို့စ်တို့ကလည်းအိုဇေးလ်ထွက်ခွာသွားမှုအတွက်ဒေါသထွက်ကြောင့်လူသိရှင်ကြားပြောကြား
ခဲ့သည်။
UKSoccershop.com၏ စီမံရေးရာ ဒါရိုက်တာ ဆိုင်မွန်ပရက်စ်ဝဲလ်က "ဘေးလ်ရဲ့
အားကစားဂုဏ်ရှိန်နဲ့ ပတ်သက်ပြီး စကားစစ်ထိုးမှုတွေကနေ ခဏလေး
ဘေးဖယ်ထားလိုက်ပါ။
အထင်ကရ ဈေးနှုန်းပေးချေ ခေါ်ယူမှုတွေမှာ ဂျာစီရောင်းအားလည်း သိသိသာသာ
တက်လာလေ့ရှိတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ်လ် မက်ဆီတို့လို
နာမည်ကျော်တွေ၊ ပြီးတော့ အရင်က ဒေးဗစ်ဘက်ဟမ်းလို ကစားသမားတွေကို
ပိုင်ဆိုင်လာပြီဆိုရင် သက်ဆိုင်ရာ အသင်းအတွက်ကတော့ ငွေစက္ကူထုတ်ဝေခွင့်
လိုင်စင် ရသွားသလိုပဲ"ဟု မှတ်ချက်ပြုခဲ့သည်။
၎င်းက"ဘေးလ်ဟာပါရမီပြည့်ဝတဲ့ကစားသမားဆိုတာသံသယရှိစရာမလိုပါဘူး။ဒါပေမဲ့ဂျာစီရောင်းအားမှာတော့သူဟာ
အိုဇေးလ်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ဘာစီလိုနာက ခေါ်ယူခဲ့တဲ့ နေမာနဲ့လည်း
တန်းတူမရပ်
တည်နိုင်ဘူး။ဘေးလ်ဟာသိပ်တော်တဲ့ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့
ပရီးမီးယားလိဂ်မှာ ကတည်းက သူ့ဂျာစီတွေက အရောင်းရဆုံး စာရင်းမဝင်ခဲ့ဘူး။
ပရိသတ်တွေက တခြားနာမည်ကြီး ကစားသမားတွေရဲ့ နာမည်နဲ့ ဂျာစီတွေကိုပဲ
ရွေးဝယ်တတ်ကြတယ်"ဟုလည်း ဆိုသည်။ ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်၏
ရောင်းအားအကောင်းဆုံး ဂျာစီပိုင်ရှင်များ စာရင်းတွင် ဘေးလ်သည်
ထိပ်ဆုံး(၁၀)ဦး စာရင်းပင် မဝင်ခဲ့ဘဲ မန်ချက်စတာ ယူနိုက်တက် ကစားသမား
(၃)ဦးဖြစ်သည့်
ရော်ဘင်ဗန်ပါစီ၊ ဝိန်းရွန်နီနှင့် ရှင်ဂျီကာဂါဝါတို့က ထိပ်ဆုံး(၃)နေရာတွင်
အစဉ်လိုက် ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...