Pages

Monday, September 16, 2013

မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေရောက်ရှိလာရန် စစ်တပ်က အဓိက ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဦးဌေးဦးဆို

မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ လက်ရှိအခြေအနေရောက်လာရန် စစ်တပ်က အဓိက ဖန်တီး ထားခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦး က စက်တင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောကြားခဲ့သည်။

“လက်ရှိတိုင်းပြည် မတည်ငြိမ်သေးတဲ့ အခြေအနေမှာ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍဟာ မပါမဖြစ်ပါ ရမှာပဲ။ ဒီအခြေအနေ ထိရောက်ဖို့လဲ တပ်မတော်သားတွေက လုပ်ခဲ့တာပဲ၊ လွှတ်တော် ကြီးရှိနေတာလဲ တပ်မတော်က ဆောက်ခဲ့တာပဲ။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ဘယ်သူလုပ်ပေး တာလဲ လွှတ်တော် တွင်း ရောက်နေတဲ့နိုင်ငံရေးသမားတွေ လုပ်လို့ မရဘူး။ ဒါကြောင့် တပ်မတော် သားတွေဟာလည်း နိုင် ငံရေးနဲ့ ကင်းလို့မရဘူး” ဟု ဦးဌေးဦးက မဇ္ဈိမကိုပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာတွင်လည်း ပြည်ထောင်စုမပြိုကွဲရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာသည် ပြည် ပနိုင်ငံများက လွှမ်းမိုးမှုမရှိသော အခြေအနေမျိုးကိုသာ ကြိုဆိုမည်ဟုလည်း သူကပြောသည်။

“လွှတ်တော်မှာ တပ်မတော်သားတွေ ရှိနေလို့ ဘယ်သူမှ မထိခိုက်ဘူး””ဟုလည်း သူက ပြောသည်။

အခြားတစ်ဖက်တွင်မူ လွှတ်တော်တွင်း၌ စစ်သားများဝင်ရောက်နေခြင်းကို ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “တပ်မတော်ဆိုတာ ပြည်ပရန်ကို ကာကွယ်ဖို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ပဲဖြစ်သင့်တယ်။ တပ်မတော်က တပ်မတော်နေရာမှာ နေ၊ အစိုးရက အစိုးရနေရာမှာ နေရမှာပေါ့” ဟုဝေဖန်သည်။
FROM-MIZZIMA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...