Pages

Saturday, September 7, 2013

ဗြိတိန်လွှတ်တော် အစည်းအဝေးများအတွင်း ညစ်ညမ်းဝက်ဘ်ဆိုက် ကြည့်ရှုမှုများရှိ

ဗြိတိန်နိုင်ငံ၊ ဥပဒေပြု လွှတ်တော်၌ အစည်းအဝေးများ ကျင်းပနေစဉ်အတွင်း အင်တာနက်ဖွင့်ပြီး ညစ်ညမ်းဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုရန် ကြိုးစားမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။ မှတ်တမ်းမှတ်ရာများ ထွက်ပေါ်လာသည့်နောက် ပြီးခဲ့သည့် နှစ်အတွင်း လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ရန် ကြိုးပမ်းမှု အကြိမ် (၃၀၀၀၀)မျှ ရှိခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိလာသည်။ ယင်းအရေအတွက်သည် လွှတ်တော်အတွင်း တပ်ဆင်ထားသည့် ကွန်ပျူတာများမှ ကြည့်ရှုသည့် ဝက်ဘ်ဆိုက် လိပ်စာများကို ခြေရာခံ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ ဝင်ရောက် ကြည့်ရှုမှုသည် တစ်နေ့လျှင် အကြိမ်(၈၀၀)မျှ ရှိတတ်ကြောင်း ဝက်စ်မင်နစ်စတာ နန်းတော် ITနည်းပညာ အကြီးအကဲများက ပြောကြားခဲ့သည်။

ပါလီမန်တွင် ချိတ်ဆက် အသုံးပြုထားသည့် ကွန်ရက်နှင့် ပတ်သက်သော အချက်အလက်များ ကို ဖော်ထုတ် စုစည်းခဲ့သည့် စာရင်းတွင် အမတ်များ၊ လွှတ်တော်သတင်းယူသူများ အားလုံး၏ ကွန်ပျူတာ မှတ်တမ်းများ ပါဝင်နေသည်။ တာဝန်ရှိသူများက Auto Refreshဖြစ်ခြင်းကဲ့သို့ အခြေအနေများကြောင့် ဝက်ဘ်ဆိုက်များ ရှာဖွေ အသုံးပြုမှုသည် လက်ရှိစာရင်းပါ အရေအတွက်လောက် များပြားမည် မဟုတ်ဟု ကာကွယ်ပြော ဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပါလီမန် အတွင်းရှိ ကွန်ပျူတာများသည် ညစ်ညမ်း ဝက်ဘ်ဆိုက်များကို ချိတ်ဆက် ကြည့်ရှုခဲ့သည် ဆိုခြင်းမှာမူ ငြင်းဆန်၍ မရချေ။

"အရမ်းတိကျတဲ့ အချက်အလက်တွေလို့တော့ ကျွန်တော်တို့ မပြောလိုပါဘူး။ ကွန်ရက်ချိတ်ဆက်မှုကနေ ဝက်ဘ်ဆိုက် တစ်ခုကို ကြည့်ရှုလိုက်ပေမယ့် တခြားဝက်ဘ်ဆိုက် တစ်ခုကို Pop-up Windowsနဲ့ အလိုလို ဖွင့်လိုက်တာ မျိုး၊ ကြားခံ Softwareတွေကနေ ကိုယ်ဖွင့်လိုက်တာ မဟုတ်တဲ့ ဝက်ဘ်ဆိုက်တွေ ဆီ ရောက်သွားတာမျိုးတွေလည်း ဖြစ်နိုင်တယ် မဟုတ်လား"ဟု လွှတ်တော် ပြောရေး ဆိုခွင့်ရ အမျိုးသမီး တစ်ဦးက ပြောကြားသွားခဲ့သည်။

From: Planet

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...