ကိုရီးယားအလုပ်အကိုင်စာချုပ် ဖောက်ဖျက်၍ ထွက်ပြေးသူများကို
သတ်မှတ်ချိန်အတွင်း မြန်မာသို့ ပြန်
မခေါ်နိုင်ပါက ကျပ်သိန်း ၃ဝ အလျော် ခိုင်းတော့မည်ဖြစ်ကြောင်း အစိုးရ ပြည်ပ
အလုပ်အကိုင်အေဂျင်
စီမှ သိရသည်။
အလုပ်မှ ထွက်ပြေးပါက ကျပ် သိန်း ၃ဝ လျော်ရမည်ဟု အလုပ်အ ကိုင်စာချုပ်တွင်
ပါရှိသော်လည်း ယခင်
က ထိုသို့ အလျော်ခိုင်းခြင်းမျိုး မရှိခဲ့ ကြောင်း၊ ယခုအခါ
ထွက်ပြေးသူများလာ ၍ ထိုသို့ လုပ်ဆောင်ခြင်း
ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရားဝင်စာရင်းအရ ထွက်ပြေး သူ ဆယ်ဂဏန်းရှိပြီး ၄င်းတို့သည် စိုက်
ပျိုးရေးလုပ်ငန်းကို မလုပ်ကိုင်နိုင်
၍ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။
”သူတို့ရဲ့ မိဘတွေကို ပြန်ခေါ်ခိုင်း ထားတယ်။ အချိန်တစ်လခွဲအတွင်းမှာမှ
အဆက်အသွယ်မရဘူးဆိုရင်
စာချုပ်ပါ အတိုင်း လျော်ပေါ့။ ခေါ်တဲ့ သူတော့ ခေါ် နေပြီ”ဟု
အထက်ပါပုဂ္ဂိုလ်ကပြောသည်။
အလုပ်အကိုင်စာချုပ်အရ တစ် နှစ်ပြည့်အောင် လုပ်ကိုင်ရမည်ဖြစ်ပြီး
တစ်နှစ်ပြည့်ပါက ပြန်နိုင်ကြောင်း၊
သို့ သော်လည်း အချို့အလုပ်သမားများ သည် ကျန်းမာရေးအ ရ ပြန်လာခြင်းများ လည်း
ရှိသောကြောင့်
ယခင်က အ လျော်ခိုင်းခြင်းမျိုးမရှိခဲ့ကြောင်း၊ နောက် ပိုင်းတွင်မူ
ရည်ရွယ်ချက်ရှိရှိ စာချုပ် ဖောက်ဖျက်
ခြင်းဖြစ်၍ စံနမူနာပြ အနေ ဖြင့် အလျော်ခိုင်းတော့ မည်ဟု ၄င်းက ပြောသည်။
”အဲဒီလို ထွက်ပြေးတဲ့သူများလာရင် ပထမအဆင့် ခွဲတမ်းအလျှော့ခံရမယ်။
ဒုတိယအဆင့် အလုပ်သမား
ခေါ်တာ ရပ်မယ်။ အဲဒါဆိုရင် နောက်လူတွေ အတွက် ထိခိုက် မယ်”ဟု ၄င်းကပြောသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း သည် ကုန်ထုတ်လုပ်ငန်းထက် အလုပ်
ခေါ်ယူမှု မြန်ဆန်၍ အလျှောက်
များ သော်လည်း လက်တွေ့တွင်မူ မလုပ်ကိုင် နိုင်ကြေ ကြာင်း ပဉ္စမအကြိမ်
ကိုရီးယား ဘာသာ စာမေး ပွဲ
အောင်မြင်ထားသူ တစ်ဦးက ပြောသည်။
ကိုရီးယားသို့ EPS စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံ ၁၅
နိုင်ငံမှ လုပ်သားများသည် သာမန်
အလုပ်ထက် ပိုပင်ပန်းသော စိုက်/မွေး လုပ်ငန်းတွင် အလုပ်လျှောက်ထားမှု
နည်းပါးကြောင်း သိရသည်။
မေဇင်ဝင်း
Popular Myanmar News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...