ရန်ကုန်၊ စက်တင်ဘာ ၁၈
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေသည်ဟု
ဆိုထားသော ကျပ်
၁၅၀၀ တန်တယ်လီဖုန်း ဆင်းမ်ကတ်များကို မဲနှိုက်ရောင်းချခြင်း မပြုဘဲ
အလွဲသုံးစားလုပ်သည့် ရပ်
ကွက် အုပ်ချုပ်ရေးမှူးများကို နာမည် အတိအကျဖြင့် တိုင်ကြားလာပါက အရေးယူမည်
ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
၁၅၀၀ ကျပ်တန် တယ်လီဖုန်း ဆင်းမ်ကတ်များ ချထားပေးမှုတွင် မသမာမှုများ
ရှိနေသည်ဟု ကြားသိ
ရသောကြောင့် အလွဲသုံးစားလုပ်သူ ကျေးရွာ၊မြို့နယ် အုပ်ချုပ်ရေးမှူးများကို
နာမည် အပြည့်အစုံနှင့်
တိုင်ကြားသင့်ပြီး အချက်အလက် မှန်ကန်ပါက အရေးယူမည် ဖြစ်ကြောင်း
ဦးအောင်ခင်က ဆိုသည်။
“အပြင်ဆိုင်တွေမှာ ပြန်သွင်းတာတွေကို စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အစည်းအဝေးတွင်
လမ်းမတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ၁၅၀၀
ကျပ်တန်တယ်လီ
ဖုန်း ဆင်းမ်ကတ်များကို တစ်အိမ်ထောင် တစ်လုံး ရရှိရေး ဆောင်ရွက် ရာတွင်
ခွဲတမ်း အားလုံး ကို မဲ
ဖောက်ရောင်း ချခြင်း မရှိသည်ကို တွေ့ရှိနေသောကြောင့် သာလွန် ကောင်းမွန်သော
စီမံ ခန့်ခွဲ မှုဖြင့်
ဆောင်ရွက်ရန် အစီ အစဉ်ရှိ မရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြား
ခဲ့ခြင်း ဖြစ်သည်။
အချို့ရပ်ကွက်များတွင် ဖုန်းခွဲတမ်း ရရှိပြီးသော်လည်း ဆက်လက်မဲနှိုက်ခွင့်
ရရှိနေသည်ကို တွေ့နေ
ရသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ချမှတ်ထားသော
စည်းမျဉ်းများနှင့်အညီ အရေးယူ
သင့်ကြောင်း လမ်းမတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးစိုးဝင်းက ပြောကြား
သည်။
၂၀၁၅ တွင် မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်များကို တစ်နိုင်ငံလုံး ၅၀
ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရန်
အတွက် ၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ ၁၅၀၀ တန် ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို
လစဉ် ချ
ထားပေးလျက်ရှိပြီး အစိုးရဌာနများတွင်လည်းသက်ဆိုင်ရာဌာနအလိုက်ချထားပေးလျက်
ရှိကြောင်း
တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ဆိုသည်။
(ဟိန်းသွင်ထက်)
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...