လက်ရှိအခြေအနေမှာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနည်းပါးနဲ့
အပစ်အခတ်ရပ်စဲဘို့အတွက် MPC (Myanmar Peace Center) က
ဦးဆောင်ဦးရွက်ပြုပြီး လုပ်နေတာအတော်လေးခရီးရောက် နေတာမြင်တွေ့နေရပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေးရဖို့လုပ် နေတာဟာ
အခုမှမဟုတ်ပါဘူး..ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းက
တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့
ရည်ရှည်လုပ်ငန်းကြီးတစ်ခုပါ။ ယခင်တပ်မတော်အစိုးရ လက်ထက်တုန်းက
လက်နက်ကိုင်အဖွဲ့အစည်းကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရရှိခဲ့ပါတယ်။
အခု
ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလဲ တစ်နိုင်ငံလုံးမှာရှိတဲ့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အဆင့်ဆင့်ငြိမ်းချမ်းရေး
လုပ်ငန်းတွေဆောင်ရွက်နေတာကို တွေ့မြင်
ရမှာဖြစ်ပါတယ်။
ဒါဆိုရင်
မြန်မာပြည်တစ်ကယ်အေးချမ်တော့မှာလား?
ဒီနေရာမှာ ကျွန်တော်တို့
နောက်ကြောင်းကို ပြန်ကြည့်ဖို့ အတိတ်ကို ပြန်တွေးဖို့ လက်နက်
ကိုင်အဖွဲ့အစည်းတွေဟာ
ဘာကြောင့်လက်နက်ကိုင်တိုက်ခိုက်ချင်နေကြတာလဲဆိုတာတွေကို သိဖို့လိုပါတယ်။
MTA,SSA,WUSA,PNO,PNA,DKBA,KIO စသည်ဖြင့် တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးရယူနိုင်ခဲ့ပါတယ်။
ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမှ
ထိခိုက်နင့်နာစေလိုတဲ့ရည်ရွယ်ချက်မရှိဘဲ
အမှန်အတိုင်းပြောရရင်တိုင်းရင်းသားဆိုတဲ့လူမျိုးတွေက
နာမည်အတပ်ခံဘဲရှိတာပါ။ဘယ်အဖွဲ့မှအမျိုးချစ်လို့စစ်တိုက်နေတာမဟုတ်ဘူး။ကိုယ်ကျိုးစည်းပွားရှာနေကြတာကြည့်ပါဘဲ။
အစိုးရနဲ့ငြိမ်းချမ်းရေမယူခင်တုန်းက တောထဲကနေတရားမ၀င်
ကိုယ်ကျိုးစီးပွားရှာတယ်။
ငြိမ်းချမ်းယူပြီးတော့ရောပိုတောင်အခွင့်အရေးရသွားသေး
တယ်၊ငြိမ်းချမ်းရေးနာမည်ခံပြီး တရားမ၀င် လွတ်လွတ်လပ်လပ်
ကိုယ်ကျိုးစီးပွားရှာတယ်။
KIO ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
၁၉၉၄
ငြိမ်းချမ်းရေးယူပြီးကတည်းက ၂၀၁၁ အစိုးရတပ်တွေနဲ့ တိုက်ပွဲမဖြစ်ခင် အထိ
ကချင်ပြည်နယ်မှာရှိသမျှသစ်တွေအကုန်ခုတ်တယ်။ဘိန်းစိုက်တယ်။ဖားကန့်၊တောမှော်၊လုံခင်
ကချင်ပြည်နယ်မှာရှိသမျှ ကျောက်စိမ်းမှော်၊ရွှေမှော်တွေကနေ
ကျောက်စိမ်းနဲ့ရွှေတွေကို အဖွဲ့အစည်းအမည်ခံတူးတယ်။
ကျောက်စိမ်း၊သစ်၊ရွှေတွေကို တရုတ်ပြည်ခိုးထုတ်တယ်၊
ကချင်ပြည်နယ်မှာရှိသမျှစည်းပွားရေးလုပ်ငန်းလိုင်စင်တွေကို
ငြိမ်းချမ်းရေးအဖွဲ့အမည်ခံနဲ့ လက်ဝါးကြီးအုပ်ပြီး အကုန်လုပ်တယ်။
တရုပ်ပြည်ကနေမြန်မာပြည်ဝင်သမျှ မှောင်ခိုပစ္စည်း၊ အထည်အလိပ်၊လူသုံးကုန်
တွေကို အဖွဲ့အစည်းအမည်ခံကားတွေနဲ့ မူဆယ်လမ်းကြောင်းက
သွင်းတယ်။ဗန်မော်လမ်းကြောင်းကသွင်းတယ်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းကလူ၊ကား
တွေဆိုတော့ လမ်းမှာ ဘယ်အဖွဲ့ကမှ မစစ်ဘူး။ နှစ်ကာလကြာလာတော့
ပြည်သူတွေကမွဲသထက်မွဲ၊ ဘာမှ လုပ်စားစရာမရှိတော့ဘူး၊ KIO က
တဖြည်းဖြည်းချမ်းသာလာတယ်။ ပြီးတော့လိုင်ဇာကိုခွထိုင်၊
တရုတ်နဲ့ပေါင်းလက်နက်တွေစု၊အင်အားတောင့်တင်းအောင်လုပ်တယ်၊ငြိမ်းချမ်းရေးဆိုတာကြီးကို
ကိုင်ထားပြီး တစ်ချိန်ချိန်မှာ အစိုးရနဲ့ အဆင်မပြေရင် ငြိမ်းချမ်းရေး
ဖျက်ပြီး ပြန်တိုက် ဖို့ ကောင်းကောင်းအားမွေးထားတယ်။
UWSA
ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
UWSA
ဘာပြောကောင်းမလဲ၊အထက်ကနည်းလမ်းအတိုင်းဘဲ၊ ပန်ဆန်းကို မြို့တည်ပြီး
”၀”နယ်တစ်ခုလုံးကို ဘိန်းစိုက်တယ်။တရုတ်နယ်စပ်မှာရှိသမျှ မှောင်ခို
လုပ်ငန်း အကုန်လုပ်တယ်။ ”၀”နယ်တင်မကဘူး၊ မိုးကုတ်၊မိုင်ရှုးလို
ရတနာမြေတွေမှာပါ အစိုးရဆီကနေလုပ်ကွက်တောင်ပြီး
ကျောက်ကုမ္ပဏီတွေထောင်တယ်၊မန္တလေး၊ရန်ကုန်မြို့ကြီးတွေမှာ
အကြီးစားလုပ်ငန်းလိုင်စင်တွေ အစိုးရဆီကနေငြိမ်းချမ်းရေးအမည်ခံတောင်းပြီး
အကြီးအကျယ်လုပ်တယ်။ ”၀” ဆိုတဲ့လူမျိုးတွေမှာ ခေါင်းဆောင်နေတာက
တရုတ်တွေကြည့် ဘဲဆိုတော့ ဘယ်လောက်အထိစီးပွားရေးသောင်းကျန်းသလဲဆိုရင်
တစ်နိုင်ငံလုံးမှာရှိတဲ့ သားသတ်လိုင်စင်တွေပါ မောင်ပိုင်စီးထား
လိုက်သေးတယ်။ စည်းပွားရေးလဲတောင့်တင်
လာ၊အင်အားလည်းတောင်းလာ၊အားမွေထားတာလည်းကြာပြီ ဆိုတော့ ဟိုတစ်လောက
ကိုယ်ပိုင်အုပ်ချုပ်ခွင်းရပြည်နယ်ပေးထားတာတောင် မကြေနပ်သေးလို့ ပြည်နယ်ပါ
ထတောင်း လိုက်သေးတယ်။ ထိုးနည်းလည်းကောင်းဘဲအစိုးရကို ပြန်တိုက်ဖို့
ကောင်းကောင်း အားမွေးနေတယ်။
PNO,PNA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
PNO,
PNA ပအိုဝ့် အဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီးတော့ ရော ဒီလမ်းစဉ်ပါဘဲ၊ PNO,
PNA အမည်ခံတဲ့ ကျောက်ကုမ္ပဏီတွေ မိုင်းရှူး၊မိုးကုတ်၊ဖားကန့် ရတနာမြေတွေမှာ
ထောင်တားတယ်။ ရှမ်းပြည်နယ်က
ကျောက်တလုံး၊ဆီဆိုင်၊ဘန်ယဉ်၊နောင်ထော်၊ကျောက်တန်း၊လွိုင်လင်၊စတဲ့ ပအို့ဝ်
နယ်မြေတွေမှာ ဘိမ်းစိုက်တယ်၊ တရားမ၀င်သစ်၊ခဲ၊ခနောင်စိမ်တွေ
ငြိမ်းချမ်းရေးအဖွဲ့
အစည်းအမည်သုံးပြီးခိုးထုတ်တယ်။ကိုယ်ကြိုးစီးပွားရှာတယ်။ ပအို့ဝ် အဖွဲ့ကတော့
တစ်ဘက်က ရှမ်းရဲ့ရန်ကို ကြောက်ရတာရယ်၊လူမျိုးစုအနေနဲ့
ရှမ်းလောက်များတာရယ်နဲ့ငြိမ်းချမ်းရေးယူထားမှ ကိုယ်ကျိုးစည်းပွားရှာရတာ
ပိုအဆင်ပြေမှာတွေကိုတွက်ချက်ပြီး စည်းပွားရေးတောင့်တင်း လာတော့
အဖြူရောင်နယ်ပယ်ထဲကို လုံးလုံးဝင်ရောက်ဖို့ အသားပေးထားပါတယ်။ ကျောက်စိမ်း
နဂါးလို့နာမည်ကြီးပြီးလူသိများတဲ့ ဦးနေ၀င်ထွန်းဆိုရင် သူ့သမီးတောင်
အဆိုတော်
ဇော်ဝင်းထွဋ် သား အီတိုနဲ့ ပေးစားထားလိုက်သေးတယ်။
DKBA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
မြ၀တီ၊မဲစောက်
လမ်းကို အပိုင်စီးပြီး ကြောထောင့်နောက်ခံ မတရားစီးပွားရှာတယ်။ မြ၀တီဘက်ကနေ
မှောင်ခိုဝင် သမျှ ပစ္စည်းတွေရဲ့ ၉၅ % ဟာ DKBA အဖွဲ့စည်းကသွင်းတာတွေကြည့်ဘဲ၊
နောက်တစ်ခုက အဲ့ဒီလမ်းပေါ်မှာ တရားဝင် လက်နက် ကိုင်ပြီး
စက်ကြေးကောက်တယ်၊မြန်မာဘက်ကနေ ထိုင်းနိုင်ငံထဲကို လူကုန်ကူးတယ်၊
သစ်ခိုးထုတ်တယ်၊ကျွဲ၊နွား မှောင်ခို လုပ်တယ်၊ သူ့တို့လိုချင်တဲ့
အခွင့်အရေးမပေးရင် တောထဲပြန်ဝင်မယ်။ ၂၀၁၀ မှာ စောလှဘွယ်
တောထဲပြန်ဝင်သွားတာတဲ့ သာဓက ကိုကြည့်ရင် ဘာလဲဆိုတာ အထင်အရှားကြီးပေါ်နေတာဘဲ၊
တပ်မတော်က မိအေးနှစ်ခါ နာတယ်။
MTA,SAA နဲ့ ရှမ်းအဖွဲ့တွေရောဘာလုပ်လဲ?
SSA
တောင်ပိုင် ၀မ်ဟိုင်းနဲ့ မြောက်ပိုင်း စိန်ကျော့ မှာ ၂ နေရာခွဲပြီး
ပြည်သူတွေဆီက အဆီအနှစ် တွေအကုန် စုပ်တယ်၊ ရှမ်း၊ပအိုဝ့် ရွာတွေမှာ
ဘိမ်းစိုက်ခိုင်းတယ်၊ ၁၂ လပိုင်းဘိမ်းရာသီဆိုရင် ဘိမ်းလိုက်သိမ်းပြီး
တရုတ်နဲ့ ထိုင်းကိုပို့တယ်၊သစ်၊ခနောက်စိမ်း၊ကျောက် မှောင်ခိုအကြီးအကျယ်လုပ်
တယ်၊ ရှမ်းတောင်က နမ့်စန် မြို့မှာ ဆိုရင် အဖွဲ့အစည်းတွေ နာမည်ခံပြီး
စည်းပွားရေးတွေလုပ်နေတာ ဘာတွေမှန်းကို မသိတော့အောင် ရှိသမျှအကုန်လုပ်တယ်၊
MTA နားရိုင်း၊ SSS၊ ရလလဖ နဲ့ အမျိုးပေါင်း များစွာကွဲနေတဲ့ ရှမ်းပြည်နယ်က
ငြိမ်းချမ်းရေးအဖွဲ့တွေက တောင်ကြီးနဲ့ ကျိုင်းတုန်ဆက်ထား တဲ့
ပြည်ထောင်စုလမ်းမကြီးကို ကြောထောင့်နောက်ခံပြုပြီး ထိုင်းနဲ့ တရုတ်က က
ဝင်သမျှမှောင်ခိုပစ္စည်းတွေကို သွင်းတယ်၊
တစ်ကယ်တော့
လက်နက်ကိုင်ပြီး တိုင်းရင်းသား လူတွေရဲ့ရိုးသားမှုကို အခွင်းကောင်းယူ
ကိုယ်ကျိုးရှား နေကြတာပါဘဲ၊ တိုင်းရင်းသား လူမျိုးတွေအနေနဲ့
သူတို့လူမျိုးလက်နက်ကိုင် အဖွဲ့စည်းတွေရဲ့လုပ်ရပ်နဲ့ ရည်ရွယ်ချက်ကို ဘာမှ
မသိရှာဘဲ ငါတို့လူမျိုး ငါတို့ ကောင်းဖို့လုပ် နေတာပါဆိုပြီး ငါတို့
အမျိုးဆိုတဲ့ သွေးရင်းစိတ်နဲ့သာ ထောက်ခံနေကြတာဖြစ်ပါတယ်၊ ဒါတွေဟာ
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းရင်းသား လူမျိုးတွေရဲ့ လူနေမှု
အဆင့်အတန်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလွန်နည်းနေသေးလို့ဘဲဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးတွေရဲ့ အတွေးအခေါ် အမျော်အမြင်နဲ့ ဘ၀တွေ
ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်လိုအပ်ပါတယ်၊ ဒါမှသာ အမှန်တရားကို နည်းလမ်း
တစ်ကျတွေခေါ် ဆင်ခြင်သုံးသပ် လာနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရဖို့ဆောင်ရွက်မယ်
Try to Peace ,casefire ဆိုပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့
ငြိမ်းချမ်းရေး အဆင့်ဆင့် ရအောင်ဆောင်ရွက်ရင် တစ်ကယ်ဘဲ ထာဝရငြိမ်းချမ်းရေး
Infinity Peace Sign ဖြစ်သွားမှာလား၊ ဒါဟာ must be
မဖြစ်နိုင်ပါဘူး၊ဖြစ်ရင်တော့ ဖြစ်လိမ့်မယ် should be
အဆင့်လောက်ဘဲမှန်းလို့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး
ဖြစ်စဉ်တွေ ကိုကြည့်လိုက်ရင် နောက်ပြန်ကြည့်ပြီး သုံးသပ်ဖို့လိုပါတယ်၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းက
ထိပ်ပိုင်ခေါင်းဆောင်၊အ၀န်းအ၀ိုင်းလောက်နဲ့ ပြေလည်ယုံလောက်နဲ့ဆိုရင် ငြိမ်း
ချမ်းရေး ရပြီးလို့သတ်မှတ်လို့မရပါဘူး။
ရှင်းရှင်းပြောရရင်တော့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတာ
မဟုတ်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ရဲ့ အာဏာနဲ့ အမိန့်ဟာ
အဖွဲ့အစည်းတစ်ခုလုံးအပေါ်မှာ သက်ရောက်မှု အပြည့်အ၀ မရှိပါဘူး၊ အပေါ်က
ဒါမလုပ်နဲ့လို့  အမိန့်ပေးပေမဲ့ နီးနေတဲ့သူတွေက လိုက်နာရင်တော့လိုက်နာမယ် ။
ဒါပေမဲ့ အဝေးမှာ ရှိတဲ့ လက်အောက်ကတော့ သူတစ်လူငါတစ်မင်းနဲ့ လုပ်ချင်တာ
လုပ်နေပြီး နာခံချင်မှ နာခံပါလိမ့်မယ်၊ ဥပမာ တစ်ခုပြောရရင် လက်နက်ကိုင်
အဖွဲ့အစည်းမှာ အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ ဦးခွန်ဆာ(MTA)_ လက်နက်ချ
အလင်းဝင်ခဲ့ပေမဲ့ ရှမ်းသောင်းကျန်းသူ တွေ ပျောက်မသွားပါဘူး၊ သူ့နောက်က
ရွက်ဆစ်က ပြန်ထွက်သွားပြီး အခုဆို RCSS၊SSA ဥက္ကဌ
ဒုဗိုလ်ချုပ်ကြီးဆိုပြီးတောင် ရှမ်းပြည်တပ်မတော် ဆိုပြီး ပြန်လည်ပြီး
တစ်စခန်းထ လာခဲ့တာ မြက်ဝါးထင်ထင်ဖြစ်ပါတယ်။ ကျန်တဲ့
လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဒီလိုပုံစံတွေ အများကြီးရှိနေပါသေးတယ်၊
တိုတိုပြောရရင်တော့
ငြိမ်းချမ်းရေးယူလိုက် ပြန်ဝင်လိုက် ၊ ပြန်ထွက်လိုက်နဲ့ သံသရာလည် နေပြီး
တစ်ကယ်ငြိမ်းချမ်းရေး အစစ်အမှန် ရမလာပါဘူး၊ လိုက်တိုက်နေရတဲ့ တပ်မတော်ရဲ့
အင်အား၊လူ၊လက်နက်၊အချိန်နဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာတွေ ကုန်ပါတယ်၊
အခုလည်း
အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာ
တွေ့မြင်ရမှာဖြစ်ပါတယ် ဒါဆိုရင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆိုပြီး
ငြိမ်းချမ်းရေးလက်မှတ်တွေ ထိုးပြီး သွားရင် တစ်ကယ်ငြိမ်းချမ်းသွား မယ်လို့
ပြောနိုင်ပါသလား?
မေးခွန်းထုတ်စရာဖြစ်ပါတယ်?
ဒါနဲ့တင်ရပ်နေလို့
မရပါဘူး။ ဒီနေ့ ဒီစနစ်နဲ့ ဒီခေတ်မှာ မှန်ကန်တဲ့နည်းလမ်းတစ်ခုကို
သေသေချာချာစဉ်းစားအသုံးပြုဖို့ အင်မတန်လိုအပ်ပါတယ်။ မုန့်လုံးကို
စက္ကူကပ်နေရင်တော့ မပြီးပြတ်နိုင်တဲ့ သောင်းကျန်းသူ သူပုန်တွေ
ထာဝရတိုက်နေရတဲ့ တပ်မတော်သားတွေ အတွက် မိအေးနှစ်ခါနာပါတယ်၊
တပ်မတော်သားတွေရဲ့ အသက်၊သွေး၊ချွေးတွေကို ဦးတည်ချက်နဲ့
အဓိပ္ပါယ်မဲ့လမ်းစဉ်းကို လက်ကိုင်ပြုပြီး ကိုယ်ကျိုးရှာ
သောင်းကျန်းသူအဖွဲ့အစည်းတွေကို နှိမ်နှင်းဖို့ ပေးစပ်နေရရင်
တိုင်းပြည်နာပါတယ်။
ဆက်လက်ရေးသားပါဦးမည်
From :
..Jing Hpaw Land
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...