Pages

Tuesday, September 17, 2013

အစ္စလာမ်မစ် အစွန်းရောက်ဝါဒီများ သိမ်းပိုက်ထားသည့် မြို့အား အီဂျစ်အစိုးရတပ်ဖွဲ့များ ပြန်လည် သိမ်းပိုက်

ကိုင်ရို ၊ ၁၇-၉-၂၀၁၃
အီဂျစ် အစိုးရ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ ၀င်များသည် အစ္စလာမ်မစ် အစွန်းရောက် ၀ါဒီ သမားများ တစ်လကြာ သိမ်းပိုက် ထားသည့် မင်ယာ ပြည်နယ် အတွင်းရှိ ဒဲလ်ဂါမြို့ ကို စက်တင်ဘာလ ၁၆ ရက်တွင် စီးနင်း ၀င်ရောက် ခဲ့ပြီး ၄င်းမြို့ကို ပြန်လည် သိမ်းပိုက် ခဲ့ကြ သည်ဟု ဒေသတွင်း အရာရှိများ၏ ပြောကြားချက် အရ သိရသည်။
ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သည်များ သည် ဒဲလ်ဂါမြို့အတွင်းသို့ စင်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ခဲ့ပြီး မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခဲ့ ကြကြောင်း နှင့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီသမား များကို  တစ်အိမ်တက် ဆင်းရှာဖွေမှုများ ပြုလုပ် ခဲ့ကြကြောင်း ၊ အစွန်းရောက် ၀ါဒီသမား ၅၆ ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်များ ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း အရာရှိ များက ပြောကြားသည်။
အစ္စလာမ်မစ် အစွန်းရောက် ဝါဒီသမား များသည် ၄င်းတို့ သိမ်းပိုက်ထား သည့် ၃၁ ရက်အတွင်း ဒဲလ်ဂါမြို့ အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်း သုံးခုကို မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ခရစ်ယာန် ဘာသာဝင် များ၏ နေအိမ် များကိုလည်း ဖျက်ဆီး ခဲ့ကြကြောင်း ၊ မိသားစု အနည်းဆုံး ၁ဝဝ ခန့်သည် ၄င်းတို့၏ အသက် ရှင်သန် နိုင်ရေးအတွက် ဒဲလ်ဂါမြို့ အတွင်းမှ ထွက်ပြေး ခဲ့ရကြောင်း လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့မှ အီရှက်ခ်အီဗရာဟင် ၏ ပြောကြားချက် အရ သိရသည်။

အီဂျစ်ရဲတပ်ဖွဲ့ ဝင်များနှင့် စစ်သည် များသည် လူဦးရေ ၁၂ဝဝဝဝ ဦး နေထိုင်သည့် ဒဲလ်ဂါမြို့သို့ပြန်လည် သိမ်းပိုက် ခဲ့ပြီးနောက်တွင် မြို့တွင်းဝင် ပေါက် ၃၂ ပေါက်ကို ပိတ်ပစ်ခဲ့ပြီး နေ့ဘက်တွင် မထွက်ရ အမိန့်ကို ချမှတ် ခဲ့သည်ဟု သိရှိရသည်။
 
 
MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...