ရွှေဘို၊ စက်တင်ဘာ ၂ ရက်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ တောင်ပုံကျေးရွာတွင် ယခုလ ၁
ရက်နေ့ ညနေ ၃ နာရီ
ခွဲအချိန်ခန့်က ကိတ်မုန့် (အစို) ၀ယ်ယူစားသုံးသူတစ်ဦး ပါးစပ်မှအမြုတ်ထွက်၍
သတိလစ်မေ့မျှောခဲ့
သဖြင့် ကန့်ဘလူမြို့နယ် ကုတင်တစ်ရာဆန့် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍
ဆေးဝါးကုသမှု
များ ခံယူလျက်ရှိကြောင်း ဒေသခံ ပြည်သူတစ်ဦးထံ မှ သိရှိရသည်။
ကိတ်မုန့် စားသဖြင့် အစာအဆိပ်သင့်သည်ဟု ယူဆရသူမှာ ကောလင်းမြို့နယ်၊
တောင်ပုံကျေးရွာနေ
(ဘ) ဦးကြီးညို (မိ) ဒေါ်စိန်ဥတို့၏ သမီး မကြူကြူနိုင် အသက်(၂၇)
နှစ်ဆိုသူသည် ကျေးရွာအတွင်းရှိ
ရတနာချမ်း လက်ဘက်ရည်ဆိုင်မှ ရွှေဘို ၀င်းကိတ် (အစို)အား ၀ယ်ယူစားသုံးမိခဲ့ရာ
ကိတ်မုန့်စားပြီး
နောက် နာရီဝက်ခန့်အကြာတွင် ပါးစပ်မှအမြုတ်များထွက်ရှိပြီး
သတိလစ်မေ့မျှောသွားခဲ့သည့်အတွက်
ကန့်ဘလူပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရခြင်းဖြစ်သည်။
ထို့နေ့က ညနေ ၅ နာရီ အချိန်ခန့်တွင် မကြူကြူနိုင်၏ တူမတော်စပ်သည့် (ဘ)
ဦးဇော်ဝင်းနိုင် (မိ) ဒေါ်
နွယ်နွယ်သန်း တို့၏ သမီး အသက်(၂)နှစ်အရွယ် မမေမြတ်နိုး ဆိုသူမှ ကျန်ရှိသော
ကိတ်မုန့်အား ဆက်
လက်စားသုံးမိခဲ့ရာ အလာတူဖြစ်စဉ်များ အတိုင်း ထပ်မံ၍
ဖြစ်ပွားပေါ်ပေါက်ခဲ့သဖြင့် ကောလင်းမြို့နယ်
ကုက္ကိုကုန်း ကျန်းမာရေး ဆေးပေးခန်းမှတဆင့် ခံသာကျေးရွာ တိုက်နယ်ဆေးရုံသို့
ဆေးဝါးကုသမှုခံယူ
နိုင်ရန်အတွက် ပို့ဆောင်ခဲ့ရကြောင်း ၊ ၎င်း ဆေးရုံမှတဆင့် ည ၇
နာရီအချိန်ခန့်တွင် ကန့်ဘလူ ဆေးရုံ
ကြီးသို့ ထပ်မံပို့ဆောင်ခဲ့ရသည်ဟု သိရှိရသည်။
“ ရွာထဲက ဦးမောင်မောင်၊ ဒေါ်ဝင်းစိန်တို့ဖွင့်ထားတဲ့ ရတနာချမ်း
လက်ဘက်ဆိုင်ကနေ ရွှေဘို ၀င်းကိတ်
တစ်လုံးကို ငွေ ကျပ်(၆၀၀)နဲ့ ၀ယ်ယူခဲ့ပြီး စားသုံးမိရာမှ အခုလို
ဖြစ်ပွားခဲ့ရပါတယ်” ဟု ကိတ်မုန့်စားသုံး
မိသဖြင့် အစာအဆိပ်သင့်ရောဂါ ရရှိခဲ့သူ မကြူကြူနိုင်မှ သက်ဆိုင်ရာသို့
ထွက်ဆိုပြောပြခဲ့ကြောင်း သိရှိ
ရသည်။
အဆိုပါ ရွှေဘို ၀င်းကိတ်များထုတ်လုပ်ရာ မုန့်တိုက်ရှိ တယ်လီဖုန်း အမှတ် ၀၇၅ -
၂၁၁၇၇ သို့ ဤသ
တင်းဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ ဒေါ်ပေါအင်း ဆိုသူ အမျိုးသမီး တစ်ဦးမှ
တုန့်ပြန်ပြောကြားတွင်
“ ကျွန်မတို့ မုန့်တိုက်အနေနဲ့ အခုပြောနေတဲ့ ကောလင်းနယ်ဘက်ကို
တင်ပို့ရောင်းချတာမျိုး မရှိပါဘူး..”
ဟု ပြောဆို၍ ဖုန်းချသွားခဲ့သည်။
ရတနာချမ်း လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးမောင်မောင် သည် ပြီးခဲ့သည့် ၃၁
ရက်နေ့ မနက်ပိုင်း အချိန်
ခန့်က ရွှေဘို - တောင်ပုံ ခရီးသည် သယ်ယူပို့ဆောင်ရေး ငြိမ်းချမ်းရေး
ယာဉ်လိုင်းသို့ တယ်လီဖုန်းဖြင့်
ဆက်သွယ်၍ ရွှေဘိုမြို့ရှိ ဦးဝင်းမောင် ၏ “ ၀င်း” မုန့်မျိုးစုံဆိုင်မှ
ကိတ်မုန့် (၁၀) လုံးအား ၀ယ်ယူလာ
ရန် မှားကြား လိုက်ရာမှ အဆိုပါ လက်ဘက်ရည် ဆိုင်တွင် ၀င်းကိတ်များ ရောင်းချ
ပေးနိုင်ခဲ့ခြင်း ဖြစ်
သည်ဟု သိရှိရသည်။
ရွှေဘို ၀င်း ကိတ်အား ၀ယ်ယူစားသုံးမိရာမှ အစာအဆိပ်သင့်ရောဂါ ဖြစ်ပွားရသည်ဟု
ယူဆရသဖြင့်
အဆိုပါ လက်ဘက် ရည်ဆိုင်၌ ရောင်းလက်စ လက်ကျန် ၀င်းကိတ် (၇) လုံအား
ခံသာရဲစခန်းမှ သိမ်း
ဆီးပြီးနောက် အစာအဆိပ်သင့်စေသော အရာများ ကိတ်မုန့်တွင် ပါဝင်းခြင်း ရှိ၊
မရှိအား ဓာတ်ခွဲစစ်
ဆေးသွားနိုင်ရန် သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဒေသဆိုင်ရာ
အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ ဓာတု
ဗေဒ၀န်ရုံးသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...