Pages

Tuesday, September 10, 2013

သတင်းထောက်နှစ်ဦး လှေပေါ် ခိုးပါလာ


ခိုလှုံခွင့်တောင်းလိုသူများ တင်ဆောင်လာတဲ့ လှေတစ်စီး (Credit: ABC licensed)

ကမ္ဘာ့နာမည်ကြီး ​နယူးယောက်ထိုင်းမ်စ် ​မဂ္ဂဇင်းဌာနရဲ့ ​သတင်းထောက်နဲ့ ​ဓာတ်ပုံဆရာတို့နှစ်ဦး 
သြစတြေးလျနိုင်ငံပိုင် ​ခရစ္စမတ်ကျွန်းကို ​လှေတွေနဲ့ ​ရောက်ရှိလာတယ်လို့ ​သိရပါတယ်။

အမေရိကန် ​နိုင်ငံသားတစ်ဦး ​Luke ​Mogelson ​နဲ့ ​ပေါ်တူကီနိုင်ငံသား ​Joel ​Van ​Houdt ​သတင်း
သမားနှစ်ဦးတို့ ​သြစတြေးလျနိုင်ငံကို ​ခိုးဝင်လာတဲ့ ​လှေနဲ့အတူ ​ပါလာကြောင်းကို ​သြစတြေးလျ
နိုင်ငံ ​လူဝင်မှုကြီးကြပ်ရေးဌာနက ​အတည်ပြု ​ပြောဆိုခဲ့ပါတယ်။

အဲဒီသတင်းသမားနှစ်ဦးဟာ ​အာဖဂန်နစ္စတန်နိုင်ငံက ​ခိုလှုံခွင့်တောင်းလိုသူတွေ ​ဘာကြောင့် ​အ
သက်ကို ​စွန့်ပြီး ​သြစတြေးလျနိုင်ငံလို ​နိုင်ငံမျိုးကို ​လှေတွေနဲ့ ​ခိုးဝင်နေကြသလဲ၊ ​သြစတြေးလျနိုင်
ငံမှာ ​ဘာတွေ ​မက်စရာရှိလဲဆိုတာ ​သိရအောင် ​ခိုလှုံခွင့်တောင်းလိုသူတွေနဲ့အတူ ​လှေနဲ့ ​ခိုးဝင်
လာတာ ​ဖြစ်ပါတယ်။

သတင်းသမားနှစ်ဦး ​လိုက်ပါလာတဲ့ ​လှေဟာ ​မနေ့တုန်းက ​ဒုက္ခရောက်ပြီး ​အစားအစာနဲ့ ​ရေတွေ
ပေးဖို့ ​အကူအညီ ​တောင်းခံခဲ့တဲ့အတွက် ​သြစတြေးလျ ​ကမ်းခြေစောင့်တပ်က ​အစားအသောက်
တွေ ​ပေးခဲ့ပြီး ​လှေကို ​ခရစ္စမတ်ကျွန်းကို ​ခေါ်ဆောင်ခဲ့ရာက ​ခိုလှုံခွင့်တောင်းလိုသူ ​၅၇ ​ယောက်
ထဲမှာ ​သတင်းသမားနှစ်ယောက် ​ပါဝင်နေတာ ​သိခဲ့ရတာ ​ဖြစ်ပါတယ်။

သတင်းသမားတွေမှာ ​သြစတြေးလျ ​ပြည်ဝင်ခွင့်ဗီဇာ ​အသင့်ရှိနေကြောင်းလည်း ​တွေ့ရတဲ့အတွက် 
သူတို့ကို ​စစ်ဆေးမေးမြန်းပြီး ​လွတ်ပေးလိုက်ပြီ ​ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံ ​ကာဘူးမြို့အခြေစိုက် ​သတင်းသမား ​နှစ်ယောက်စလုံးဟာ ​စစ်မြေပြင်မှာ ​သတင်းယူ
တဲ့ ​အတွေ့အကြုံ ​ရှိသူတွေ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...