Pages

Thursday, September 12, 2013

စက်တင်ဘာ ၁၅ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား နိုင်ငံရေးပါတီ များမှ နှစ်ဦးစီတက်ရောက်မည်

ရန်ကုန် ၊ စက်တင်ဘာ ၁၀။ ။ စက် တင်ဘာ ၁၅ရက်တွင်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီ များမှ တစ်ပါတီလျှင်နှစ်ဦးစီတက် ရောက်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာဒီမိုက ရေစီနေ့အခမ်းအနားကို စက်တင် ဘာ ၁၅ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသဘင် ဆောင်တွင် ကျင်းပမည်ဖြစ်ပြီး လွှတ်တော်တွင်းနှင့် လွှတ်တော် ပြင်ပ နိုင်ငံရေးပါတီများသို့ဖိတ် ကြားစာပို့ခဲ့သည်။

ခေတ်သစ်ပြည်သူ့ပါတီမှ လည်း အလုပ်အမှုဆောင်အဖွဲ့ ဝင်နှစ်ဦးတက်ရောက်ကာ ဒီမို ကရေစီနှင့်သက်ဆိုင်သော စာ တမ်းတစ်ရပ်ကို ဖတ်ကြားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှလည်း လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး တက်ရောက် မည်ဖြစ်ပြီး ပါတီ၏သဝဏ်လွှာကို ဖတ်ကြားမည်ဖြစ်သည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ အတွင်းရေးမှူးဦးဂင်ကမ်း လျန်က ''ကျွန်တော်တို့ကတော့ တက်ဖြစ်မှာမဟုတ်ဘူး။ ကိုယ့် စရိတ်နဲ့ကိုယ် လဲဖြစ်တယ်။ ဘာမှ ထူးခြားတဲ့ပွဲလဲမဟုတ်ဘူး။ စာ တမ်းတွေဖတ်ရင်လဲ သူတို့မွေး ထားတဲ့လူတွေကပဲဖတ်သွားတယ်'' ဟုပြောသည်။

ပြည်ထောင်စုဒီမိုကရေစီ ပါတီမှ ဦးသောင်းဝင်းကလည်း အဆိုပါအခမ်းအနား သို့ တက်ဖြစ် မည်မဟုတ်ကြောင်း၊ အရေးကြီး သည့်အခမ်းအနားများမှသာ တက် ဖြစ်ကြောင်း၊ ဖိတ်ကြားသည့်အခမ်း အနားတိုင်း တက်ရန်အတွက် နိုင်ငံ ရေးပါတီများအနေဖြင့် အဆင် မပြေကြောင်း ပြောသည်။

အပြည်ပြည်ဆိုင်ရာဒီမိုက ရေစီနေ့အခမ်းအနားကို နှစ်စဉ် စက်တင်ဘာ ၁၅ရက်တွင်ကျင်းပ ပြီး လွှတ်တော်တွင်းနိုင်ငံရေးပါတီ များနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ က ဒီမိုကရေစီနှင့်သက်ဆိုင်သော စာတမ်းများကို ဖတ်ကြားခြင်း၊ နှင့်ဟောပြော ပွဲများပြုလုပ်ကြောင်း သိရသည်။

ယခင်နှစ်များက အခမ်းအ နားဖိတ်ကြားသည့် နိုင်ငံရေးပါတီ များသည် မိမိအစီအစဉ်ဖြင့် နေ ပြည်တော်သို့သွားရပြီး ဘူတာတွင် လာရောက်ကြိုဆို ကာ စည်ပင်သာ ယာဟိုတယ်တွင် တစ်ညတည်းခို ရန်စီစဉ်ပေးကြောင်း၊ အစားအ သောက်ကိုမူ မိမိအစီအစဉ်ဖြင့် စားသောက်ရကြောင်း သိရသည်။


From : ..YMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...