ရန်ကုန်တိုင်း ဒေသကြီး အတွင်း အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အစိုးရက
သတ်မှတ်လိုက်သည့် စံနှုန်းများကိုစတင်ထုတ်ပြန် ကြေညာ လိုက်ပြီ ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး
အဖွဲ့မှ သတင်းရရှိသည်။ယင်းကဲ့သို့ သတ်မှတ်လိုက်သည့် ဈေးနှုန်းများသည် ယခင်မူလ ပေါက်ဈေးထက်
များစွာကွာဟမှုရှိကြောင်းထုတ်ပြန်ချက်များမှ သိရှိရသည်။
မြို့နယ်အလိုက် တစ်ပေပတ်လည်ပေါ်မူတည်ပြီး သတ်မှတ်လိုက်ခြင်းဖြစ်သည်။
စံသတ်မှတ်ချက်များအရ
ဈေးအကြီးဆုံးမြို့နယ်များတွင် မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့
နယ်တို့ပါဝင်လာပြီး တစ်ပေပတ်လည်လျှင်
ကျပ်နှစ်သိန်း ခုနစ်သောင်းမှ သုံးသိန်းနှစ်သောင်းအထိ ပေါက်ဈေး
သတ်မှတ်ပေးထားပြီး တစ်ပေပတ်
လည် ဈေးနှုန်းမှာ ယခင်မူလဈေးနှုန်းထက် ကျပ်တစ်သိန်းမှ နှစ်သိန်းကြား
လျော့ကျသွားမည်ဖြစ်သည်။
ထို့အပြင် ဒုတိယဈေးအများဆုံးမြို့နယ်များတွင် စမ်းချောင်း အလုံ၊
ကြည့်မြင်တိုင်မြို့နယ်တို့ ပါဝင်လာပြီး
တစ်ပေပတ်လည်လျှင် လမ်းသွယ်များ၌ အနည်းဆုံး ကျပ် ၆၅၀၀၀ မှ ကျပ် ၂၀၀၀၀၀
ကျော်အထိ သတ်
မှတ်ထားကြောင်း ထုတ်ပြန်ချက်များသိရသည်။
ရန်ကုန်မြို့တွင်းပိုင်းမြို့နယ်များအပြင် စံသတ်မှတ်ချက်တွင် ထန်းတပင်၊
မှော်ဘီ၊ တိုက်ကြီး၊ ဒလ၊ aကာ့မှူး
အစရှိသော မြို့ နယ်များပါဝင်လာသည်။ ယင်းမြို့နယ်များတွင် အချက်အချာကျသော
လမ်းမကြီးတန်းများ၌
တစ်ပေပတ်လည်လျှင် ကျပ်တစ်သိန်းမှ နှစ်သိန်းအထိရှိပြီး လမ်းသွယ်နှင့်
ရွာမြေများတွင် သုံးသောင်းဝန်း
ကျင်နှင့် ခြောက်ထောင်ဝန်းကျင်ခန့်ပင်ရှိတော့ကြောင်း သိရသည်။
““အရင် သိန်းတစ်ထောင်တန်က အခုအရောင်းအ၀ယ်ကို အဲဒီနှုန်းအတိုင်းလုပ်မယ်ဆိုရင်
သိန်း ၇၀၀ နဲ့ ၈၀၀
ကြားပဲ ရှိနိုင်တော့မယ်””ဟု သီရိမေ အိမ်ခြံမြေ မှ ဦးလှစိန်ကပြောသည်။
သို့သော်အိမ်ခြံမြေအကျိုးဆောင်အများစု၏ အဆိုအရ ယင်းမှာ
စံသတ်မှတ်နှုန်းပင်ဖြစ်ပြီး အခွန်ဆောင်ရန်
အတွက်သာ အကျုံးဝင်နိုင်ကြောင်း၊ အမှန်တကယ်ကျင့်သုံးလာပါက
ဈေးနှုန်းကျဆင်းလာနိုင်ဖွယ်မရှိ
ကြောင်း၎င်းတို့ကဆိုသည်။
အိမ်ခြံမြေကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ ယင်းကဲ့သို့
သတ်မှတ်လိုက်သည့် နှုန်းထားများမှာ ယခုနှစ်အောက်တိုဘာ ၁ ရက်တွင်
စတင်သက်ရောက်မည်ဖြစ်
သည်။
““ဒီသတ်မှတ်ချက်တွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုတင်ပြလို့
ကျလာတာကို ပြန်ပြီးထုတ်ပြန်
လိုက်တာပါ။ အားလုံးအတည်ဖြစ်သွားပြီ”” ဟု ကာလတန်ဖိုးစိစစ်ရေးအဖွဲ့တွင်
ပါဝင်သော အခွန်ဦးစီးမှူး
တစ်ဦးကပြောသည်။
သို့သော်လက်ရှိ အိမ်ခြံ မြေရောင်းဝယ်ရာတွင် အမည်ပေါက်ပြောင်းမှသာ
အခွန်ဆောင်ရသောကြောင့် ယ
ခင်ကဲ့သို့ အခွန်ရှောင်မှုများရှိနိုင်သေးကြောင်း မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အငြိမ်းစားညွှန်ကြား
ရေးမှူး တစ်ဦးက သုံးသပ်သည်။
“““အတိုင်းအတာတစ်ခုထိတော့ နည်းနည်း ဈေးကျနိုင်တယ်””ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံ မြေ ဈေးနှုန်းမှာ နိုင်ငံတကာ၏ မြို့
ကြီးများနှင့် နှိုင်းယှဉ်ပါကများစွာ ကြီးမြင့်နေ
သဖြင့် အစိုးရက အခွန်ဖြင့်ထိန်းချုပ်ရန် ယခုကဲ့သို့ ဆောင်ရွက်မှုမှာ
အောင်မြင်နိုင်ခြေနည်းပါးကြောင်း
လုပ်ငန်းရှင် နှင့် ပညာရှင်အချို့က ဝေဖန်ပြောဆိုသည်။
7 day daily
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...