အနုပညာ လောကကို ကလေး သရုပ်ဆောင်ကနေ စတင်
ဝင်ရောက် လာပြီး ခုချိန်မှာ
ပရိသတ် အားပေးမှု ရရှိထားသူကတော့ ဝါဆိုမိုးဦး ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့
ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေ တဲ့
ဝါဆိုမိုးဦး က ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင်
ဇာတ်ညွှန်းကိုအရင်ဖတ်ကြည့်ပြီးမှလက်ခံဖြစ်ကြောင်း ပြောလာပါတယ်။ “ဝါဆိုက
လိုက်ဖက်မယ့် ဇာတ်ရုပ်တွေ ကိုပဲ ပိုပြီးရိုက်ဖြစ်တာ များပါတယ်။”
လို့ပြောပါတယ်။
နောက်ပိုင်းမှာ ဆင်ဆာ လွတ်လပ်ခွင့်တွေ ရရှိလာပေမယ့်
ရိုက်သင့်တဲ့ အခန်း
တွေရှိသလို၊ မရိုက်သင့်တဲ့ အခန်းတွေလည်း ရှိကြောင်း ဝါဆိုမိုးဦးက
“ဆင်ဆာတွေ ရလာပေမယ့် ရိုက်သင့်တာတွေ ရှိသလို မ ရိုက် သင့်တာတွေ လည်း
ရှိတယ်။ ဝါဆို့ အနေနဲ့တော့ မပြောချင်ပါဘူး။ ဝါဆိုကတော့ ဟိုလို အခန်းတွေတော့
မရိုက်ဘူးလို့ ဆုံးဖြတ်ထားပါတယ်” လို့ပြောပါတယ်။ အသက် ၂၅ နှစ် ကျော်လောက်
မှ အိမ်ထောင်ပြုမယ် လို့ စဉ်းစားထားတဲ့ ဝါဆိုမိုးဦး က အချစ်နဲ့ ပတ်သက်ပြီး
“လတ်တလော အချစ်ရေးကတော့ ငြိမ်နေပါတယ်။
ဝါဆို အနေနဲ့ပြောရရင်
ချစ်ပြီးရင်တော့ တစ်ယောက်နဲ့တစ်ယောက် သစ္စာ ရှိရှိ နဲ့ ချစ်ဖို့ပဲ
အရေးကြီးတယ်။ အများ ပြောကြတာက အချစ်ဆိုတာ အေးမြ တယ်တဲ့။ အေးမြမှုထက်
ပူလောင်မှုက ပိုများတယ်လို့ ဝါဆို ထင်တယ်။
ဝါဆိုက အသက်၂၅၊ ၂၆ နှစ်လောက်မှ ယူဖြစ်မှာပါ။
ကိုယ်ယူမယ့် ယောက်ျားက အိမ်ဦးနတ် ဖြစ်မှာဆိုတော့ မားမားမတ်မတ်နဲ့
ရပ်တည်နိုင်မယ့် ယောက်ျား ကောင်း တစ်ယောက် ဖြစ်ရမယ်လို့ စဉ်းစားထားတယ်”
လို့ပြောပါတယ်။
popular myanmar

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...