Pages

Wednesday, September 11, 2013

ဓာတုလက်နက်ကိစ္စ ရုရှားအဆိုပြုချက်ကို ဆီးရီးယားလက်ခံ

ဆီးရီးယားကဓာတုလက်နက်တွေကိုနိုင်ငံတကာရဲ့ထိန်းချုပ်မှုအောက်မှာထားရှိဖို့ဆိုတဲ့ရုရှားရဲ့အဆိုပြုချက်ကိုလက်ခံကြောင်းဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဝါလစ်အဲလ်မူရာလင်ကပြောကြားလိုက်ပါတယ်။အကယ်၍သာအခုလိုလက်ခံမှုဟာအမေရိကန်ရဲ့တုန့်ပြန်ချက်ကိုကြန့်ကြာဖို့နဲ့ရှောင်လွှဲဖို့သက်သက်လုပ်တာဆိုရင်တော့လုံးဝသီးခံသွားမှာမဟုတ်တဲ့အကြောင်းအမေရိကန်ကသတိပေးပြောကြားလိုက်ပါတယ်။ဆီးရီးယားရဲ့လက်နက်တွေကိုနိုင်ငံတကာရဲ့ထိန်းချုပ်မှုအောက်မှာထားနိုင်ဖို့အမေရိကန်၊ဗြိတိန်နဲ့ပြင်သစ်တို့ကကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ဆီးရီးယားအရေးကိစ္စအပေါ်စစ်ရေးအရ၀င်ရောက်မှုမပါဝင်မှသာလုံခြုံရေးကောင်စီကနေသဘောတူနိုင်မှာ ဖြစ်တယ်လို့ရုရှားကပြောကြားလိုက်ပေမယ့်သံတမန်ရေးအရစေ့စပ်ညှိနှိုင်းနိုင်ဖို့စစ်ရေးအရ၀င်ရောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးဆက်လက်ထားရှိဖို့လိုအပ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က တုန့်ပြန်ပြောကြား လိုက်ပါတယ်။ ရုရှားရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို အချိန်အကြာကြီး စောင့်ဆိုင်းမှာ မဟုတ်တဲ့ အကြောင်းကိုလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။
 ABC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...