Pages

Sunday, September 1, 2013

ကလေးမြို့ ပြည်သူ့ ဆေးရုံကြီး၏ ဆေးရုံသုံး ပစ္စည်းများ စွန့်ပစ်မှု စနစ်တကျ ရှိရန် လိုအပ်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံသုံး ပစ္စည်းများ စွန့်ပစ်ရာတွင် ကြွပ်ကြွပ်
အိတ်မည်းများဖြင့် ထည့်သို၍ မြို့နယ် စည်ပင်သာယာ အမှိုက်ကား သယ်ဆောင်နိုင်ရန် ဆောင်ရွက်ထားရှိ
သော်လည်း မြို့နယ်စည်ပင် သာယာ အမှိုက် သိမ်းသည့်ကား အချိန်မီ ရောက် လာမှုမရှိခြင်း၊အချို့ အမှိုက်
များ ပြန့်ကျဲပြီး ပတ်ဝန်းကျင်သို့ အနံ့ဆိုးများ မခံမရပ်နိုင်အောင် ထွက်ရှိနေကြောင်းသိရသည်။

“ဆေးရုံစွန့်ပစ်အမှိုက်တွေကို အိတ်တွေနဲ့ထည့်ပြီး စွန့်ပစ်ထားတာပါပဲ။ ဒါပေမယ့် ဆေးရုံသုံးပစ္စည်း၊ အနာ
ဂွမ်။လိပ်တွေ၊ ဆေးရုံသုံးအပ်တွေ၊ ပိုက်တွေ၊ကလေးမွေး လူနာတွေရဲ့စွန့်ပစ်ပစ္စည်းတွေ၊ဟိုရက်ပိုင်းတုန်း
ကဆိုရင်သားလျှောကျတဲ့ကလေးငယ်လေးတောင် ပါလာသေးတယ်ဆိုတော့ ဒီဘက်မှာ ပုပ်စော်တွေနံနေ
တယ်။

အခုလည်း ဒီဆေးရုံအပေါက်ဝမှာပုပ်စော်နံနေတာ လေးငါးရက်ရှိပြီ။ အဖြေမပေါ်သေးဘူးနောက်ပြီးခက်နေ
တာကဆေးရုံသုံးပစ္စည်းစွန့်ပစ်တဲ့နေရာကစားသောက်ဆိုင်တွေ၊ ဈေးဆိုင်တန်းတွေနေရာမှာ လာစွန့်ပစ်နေ
တာပါ။ စည်ပင်သာယာကလည်း ဆေးရုံသုံးစွန့်ပစ်ပစ္စည်း အမှိုက်တွေကို ကလေးမြို့လယ်က ဥပုသ်ချောင်း
ဘေးမှာ စွန့်ပစ်နေတယ်” ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် အစိုးရပြည်သူ့ဆေးရုံကြီးတစ်ရုံ၊ တပ်မတော် စစ်ဆေးရုံတစ်ရုံ၊အခြားပုဂ္ဂလိက ဆေးရုံကြီး
များ၊ ဆေးခန်းများ အများအပြားရှိနေရာ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းမျိုးစုံတို့ကို စနစ်တကျ စွန့်ပစ်ရန်လိုအပ်
နေသည်။

ယခုအခါ သက်ဆိုင်ရာ ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများကို ထုတ်ပိုးစွန့်ပစ်မှုရှိ
သော်လည်း စည်ပင်သာယာအမှိုက်သိမ်းသူများ၏ အချိန်မှန်ဆောင်ရွက်မှုမရှိခြင်း အမှိုက်အိတ်များ ဖောက်
ဖျက်ရှာဖွေယူငင်မှုများရှိနေခြင်းနှင့် သုံးစွဲ ပြီး ဆေးထိုးအပ်ပိုက်များ ပြန့်ကျဲနေခြင်းတို့ကြောင့် မလိုလားအပ်
သော အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရ
သည်။

ပန်းချယ်ရီ

The Light of Mandalay

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...