လတ်တလောမှာတော့ဖွေးဖွေးကဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ‘ညရေးချညာ’
ဇာတ်ကားကို အောင်ရဲ လင်းနဲ့အတူ ရိုက်ကူးနေပါတယ်။ နောက်ပိုင်းမှာ
ဒရာမာနဲ့ဟာသဇာတ်လမ်းပုံစံလေး တွေကိုမျှအောင် ရိုက် ဖြစ်နေကြောင်း
ပြောတဲ့ဖွေးဖွေးက ဇာတ်ကားတစ်ကား ကောင်းဖို့အတွက် ဇာတ်ကားထဲမှာပါဝင်တဲ့ အနု
ပညာရှင် အားလုံးအရေးကြီးကြောင်း ပြောပါတယ်။ “ဇာတ်ကား ကောင်းဖို့အတွက်
အကုန်လုံးအရေးကြီးပါ တယ်။ ဒါရိုက်တာက အဓိက အရေးကြီးဆုံးပဲ။
ဇာတ်လမ်းတစ်ခုလုံးကို ဒါရိုက်တာ စီစဉ်ညွှန်ကြားတဲ့အတိုင်း ရိုက်ရတာ။
တချို့တွေကျတော့ Edit ပိုင်းပါဝင်ပါရတယ်လေ။
တစ်ခါတလေကျရင်ကိုယ်သရုပ်ဆောင်ကောင်းပေမယ့် တည်းဖြတ်က
ကောင်းသင့်သလောက်မကောင်း တဲ့သဘောရှိသွားတယ်” လို့
ပြောပါတယ်။လက်ရှိရရှိထားတဲ့နေရာလေးကိုတော့ ကျေနပ်မှုအပိုင်းလည်း ရှိသလို
မကျေနပ်သေးတဲ့ အပိုင်းလည်းရှိကြောင်း ဖွေးဖွေး က ပြောပါတယ်။ “အခု ဖွေးဖွေးက
ပုံမှန်ဘဝ တစ်ခုကိုတော့ရနေတယ်။လောလောဆယ်မှာ ဖွေးဖွေးအလုပ်ကို
အသစ်အဆန်းတစ်ခု လုပ်ချင်စိတ်ပေါက် နေတယ်။
အနုပညာအလုပ်မှာကျေနပ်တဲ့အပိုင်းလည်းရှိပါတယ်။ဒါပေမဲ့ဖွေးဖွေးမကျေနပ်သေးပါဘူး။
ကြိုးစားရဦးမယ်။ ဖွေးဖွေးတို့လုပ်နေတဲ့အလုပ်က
ကံနဲ့လည်းဆိုင်ပါတယ်။ကိုယ့်ရဲ့ကြိုးစားမှုနဲ့လည်းဆိုင်ပါတယ်။အောင်မြင်မှု
ဆိုတာကလည်း တစ်သက်လုံးတည်မြဲမယ့် အရာမဟုတ်ဘူးလေ။ဒါပေမဲ့ အ
တတ်နိုင်ဆုံးတော့ထိန်း သိမ်းရ မှာပေါ့”လို့ ပြောပါတယ်။
အချစ်ဆိုတာ ထက်မေတ္တာနဲ့ သံယောဇဉ်ကို စိတ်ထဲမှာ
ပိုရှိကြောင်းပြောတဲ့ဖွေးဖွေးက အချစ်နဲ့ပတ်သက်ပြီး “အချစ်ကို တစ်ယောက်နဲ့
တစ်ယောက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပုံစံမတူကြဘူး။ တစ်ယောက်တစ်မျိုးစီပါပဲ။
ကိုယ့်ကိုလည်း ချစ်ပြီး ကိုယ်ကလည်းပြန်ချစ်ရမယ်။ အဓိက က တော့ သစ္စာရှိဖို့
အရေးကြီးတယ်”လို့ ပြော ပါတယ်။
တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...