ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်
တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack
ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack
ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။
"Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့
အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့
Website တွေကို တစ်ပေါင်းတည်းစုပေါင်းပြီး Website
တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive
ကိုဘိုဘိုဦးကပြောပါတယ်။
လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ်
Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့
လျက်ရှိပြီးအဆိုပါသတင်း များမှာလည်း
မှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။
"ဆီဒိုးနားဟိုတယ်ရဲ့
Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website
ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။
အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့်
တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။
လူမှုကွန်ယက်များတွင် ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့်
ပတ်သက်ပြီးသတင်းလွှင့်ခြင်း များသည်သက်ဆိုင်ရာကုမ္ပဏီများ၏
အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန် ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသ
ယဖြစ်မိကြောင်း အိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။
" Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။
အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်
လုပ်ဆောင်လာ တာလို့သံသယရှိပါတယ်။ ဒါမှမဟုတ်
ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။
ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကို
ဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း
ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့
အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။
အဆိုပါဆီဒိုးနားဟိုတယ်
Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker
Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး
ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG
ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်း
မဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။
From:
Smart Pro Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...