Pages

Friday, September 27, 2013

ကားရထားနှင့် ပါဂျဲရိုး တိုက်မိ

စစ်ကိုင်းတိုင်းဒေသကြီး တင်းတိမ်ရံမှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကားရထားနှင့် သံလမ်းဖြတ်ကူး
သည့် ပါဂျဲရိုးကားတစ်စီးတို့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က မုံရွာမြို့ အောင်ချမ်း
သာ ရပ်ကွက်တွင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြောကြား
သည်။

လမ်းဖြတ်ကူးခဲ့သည့်ကားမှာ အင်းရွာသစ်ရပ်ကွက် အောင်မင်္ဂလာလမ်း အတိုင်းအရှေ့မှ အနောက်သို့
မောင်းနှင်လာစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားမှာရထားနှင့် အတူကိုက် ၁၀၀ ခန့်အထိ တွဲ
လျက်ပါသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ မုံရွာမြို့ခံများက ဆိုသည်။

“ဒုန်းဆိုပြီး အသံကြီးတစ်သံ ကြားလိုက်ပြီး ရထားလမ်းနဲ့ ပွတ်တိုက်ပြီး ဆွဲသွားတဲ့ အသံကြီးတစ်ခုတော့
ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ရထားရှေ့မှာ ပါဂျဲရိုးကားတစ်စီး ရောက်နေပြီ။ တော်သေးတယ်
ကားမောင်းတဲ့သူက ဒဏ်ရာအကြီးအကျယ် မဖြစ်လို့” ဟု ဖြစ်စဉ်အား ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အင်း
ရွာသစ်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ကားနှင့်ရထားမှာ တွဲလျက် တောက်လျှောက် ပါသွားပြီး ယာဉ်မောင်းသူမှာ ရထားအရှိန်လျှော့သည့်အခါ
မှ ကား၏ အခြားတံခါးပေါက်တစ်ခုမှ ထွက်ခဲ့ရကာ၊ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း ရဲအ
ရာရှိတစ်ဦးက ဆိုသည်။

“မြို့အဝင်ထဲက ရထားကိုအရှိန်လျှော့ပြီး မောင်းနှင်လာခဲ့တာပါ။ လမ်းသွယ်ထဲက ကားကိုအဝေးကနေ
လှမ်းမြင်နေရလို့ ဟွန်းရှည်ဆွဲပေမယ့် ကားကမှန်အကုန် ပိတ်ထားတော့ မကြားရဘူး ထင်တယ်။ သံ
လမ်းပေါ်ထိ ရောက်လာတော့ တိုက်မိခဲ့တာပါ” ဟု တင်းတိမ်ရံမှ မုံရွာသို့ မောင်းနှင်လာသည့် ရထားအ
မှတ် (၂၁၈) မှ စက်ခေါင်း မောင်းသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...