မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော မာဒေးကားပြိုင်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာယူ-၂၃ အသင်း၏ တြိဂံတိုက်စစ်အတွဲ (ကျော်ဇေယျာဝင်း+ကြည်လင်း+ကျော်ကိုကို) ကို မလေးရှား
သတင်းစာများက ချီးကျူး ရေးသားဖော်ပြနေကြသည်။ယခုနှစ် မာဒေးကားပြိုင်ပွဲမှာ
ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ်
ကျင်းပနေခြင်းဖြစ်ပြီး မလေးရှားယူ-၂၃၊ မြန်မာယူ-၂၃၊ စင်ကာပူယူ-၂၃ နှင့်
ထိုင်း All Star အသင်းတို့ ပါဝင်ကစားနေသည်။ မလေးရှားသတင်းစာ
တစ်စောင်ဖြစ်သော The Star တွင် မြန်မာအသင်း၏ ကျော်ကိုကို၊ ကြည်လင်း၊
ကျော်ဇေယျာဝင်း တိုက်စစ်အတွဲမှာ ပြိုင်ဘက်အတွက် အခက်တွေ့စေနိုင်ပြီး
ဆီးဂိမ်းတွင် တောက်ပလာမည့် ကစားသမားများ ဖြစ်လာနိုင်ကြောင်း
ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် မလေးရှားယူ-၂၃ အသင်းနည်းပြ အွန်ကွမ်ဆီးကလည်း မြန်မာယူ - ၂၃ အသင်း၏ ခြေစွမ်းမှာ လွန်ခဲ့သည့် တစ်နှစ်ကထက် ပိုမိုတိုးတက်လာကြောင်းချီးကျုးခဲ့သည်။
“မြန်မာအသင်းရဲ့ခြေစွမ်းက လွန်ခဲ့တဲ့နှစ်ကထက် သိသိသာသာ တိုးတက်လာပါတယ်။ ဆီးဂိမ်းမှာ ရင်ဆိုင်ရခက်တဲ့ အသင်း ဖြစ်လာနိုင်ပါတယ်။” ဟု အွန်ကွမ်ဆီးက ဆိုသည်။
မာဒေးကားပြိုင်ပွဲတွင် ဗိုလ်စွဲမည့်အသင်းမှာ ဆုကြေး ဒေါ်လာ (၅)သောင်း ရမည်ဖြစ်ပြီး ဒုတိယဒေါ်လာ (၃) သောင်း၊ တတိယ ဒေါ်လာ(၂) သောင်း၊ စတုတ္ထ ဒေါ်လာ (၁) သောင်းရမည် ဖြစ်သည်။
ရဲရင့်ဌေး
မဇ္ဈိမ

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...