Pages

Saturday, September 7, 2013

မလေးရှားမှာ မြန်မာတစ်ဦး ထပ်မံသတ်ဖြတ်ခံရ Burma Campaign UK နှင့် ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများ ပါးစပ်ပိတ်နေ

မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံခြားက တရားမဝင် လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားထောင်ပေါင်းများစွာ ဖမ်းဆီးခံနေရစဉ်မှာပဲ ဓားဒဏ်ရာ အမြောက်အများ နဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ရုပ်အလောင်းကို ကွာလာလမ်ပူမြို့မှာ အင်္ဂါနေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီသေဆုံးသူ မည်သူမည်ဝါဆိုတာသိရဖို့အတွက် မြန်မာလူမှုရေးအဖွဲ့တွေက ကြိုးစားနေဆဲဖြစ်ပါတယ်။
မြန်မာလူမှုရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဆန်းဝင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...