Pages

Monday, September 2, 2013

လွှတ်တော်အမတ် ဦးလှဆွေအား Eleven Media မှ "ဘူးလက်လှဆွေ" ဟု ရေးသားသော်လည်း ဒေါက်တာဆိတ်ဖွားလို အပြစ်တင်မခံရ

လွှတ်တော်အမတ် ဦးလှဆွေအား Eleven Media မှ "ဘူးလက်လှဆွေ" ဟု ရေးသားဖော်ပြခဲ့ သော် လည်း ဒေါက်တာဆိတ်ဘွားကဲ့သို့ အပြစ်တင်မခံရကြောင်း သတင်းရရှိသည်။

တစ်ချိန်က ဒေါက်တာဆိတ်ဖွားအမည်ခံ blogger တစ်ဦး မှ လွှတ်တော်ကိုဝေဖန်ခဲ့သဖြင့် ကော်မရှင်ဖွဲ့ကာ စစ်ဆေးခံခဲ့ရသည်။ ယခုအခါ Eleven Media မှ 


"ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးလှဆွေကို "ဘူးလက်လှဆွေ" ဟု သုံးနှုန်းခေါ်ဆို ကြောင်း၊ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးစောထွန်းမြအောင် အား မီဒီယာ၏ မူလအဓိပ္ပာယ် ဖွင့်ဆိုချက်ကို မသိရှိဘဲ သတင်းမီဒီယာ ဥပဒေကြမ်းကို ဆွေးနွေး ခဲ့သူဖြစ်ကြောင်း ပေါ်ပေါ် ထင်ထင် ရေးသားဖော်ပြ ထားသည်။



Eleven Media ၏ ရေးသားချက်တွင် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း လှောင်ပြောင်နေကြကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အချို့ကပြောကြားခဲ့ကြောင်း ဟု သာ သုံးနှုံးရေးသားထားပြီး မည်သူမည်ဝါ ပြောဆိုသည်ကို အမည်နာမ တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။


ဒေါက်တာဆိတ်ဖွား၏ အရေးအသားများက လွှတ်တော်အမတ်များကို ဂုဏ်သိက္ခာထိပါးစေကြောင်း လွှတ်တော်မှ ဆုံးဖြတ်ခဲ့သော်လည်း Eleven Media ၏ အရေးအသားများနှင့် လွှတ်တော်အမတ်များ၏ အရေအသွေးဆန်းစစ်ရန်လိုအပ်ကြောင်း ဖော်ပြမှုများက လွှတ်တော်အမတ်များ၏ ဂုဏ်သိက္ခာငြိုးနွမ်းခြင်း ရှိမရှိ မည်သည့်လွှတ်တော်အမတ်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

 အင်ပါယာသတင်းစာမှာ အယ်ဒီတာ ဦးကောင်းမြတ်ထွဋ်ကတော့ အမည်မဖော်လိုလျှင် ဂျာနယ်လစ် မလုပ်နှင့်ဟု ပြောကြားခဲ့ဖူးပြီး မြန်မာမီဒီယာသမားများ ကျင့်ဝတ်နှင့် မညီကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ရှိနေကြောင်း သတင်းရရှိပါသည်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...