မေး။ ။ သမီးက အသက် 25 နှစ်ပါ။
အိမ်ထောင် ရှိပါတယ်
(လက်ရှိ အဝေးရောက်နေ ပါတယ်)။ လွန်ခဲ့တဲ့ တပတ် မေလ ၁၄ ရက်နေ့မှာပဲ သမီး
ဓမ္မတာ ပြီးပါတယ်။ ဒါပေမဲ့ အခု ၄၊ ၅ ရက် ကြာပြီးမှ နောက်ထပ်
သွေးထပ်ဆင်းပါတယ်။ ပုံမှန် ဓမ္မတာ လာသလိုပါပဲ။ ကိုက်ခဲတာလဲ မရှိပါဘူး။
ပြီးခဲ့တဲ့ လတွေက ပုံမှန် ဓမ္မတာ ဆင်းတုန်းက အတိုင်းပါပဲ။ အဲ့ဒါ
ဘာကြောင့်ဆိုတာ သိချင်ပါတယ်။ သမီးက အခု နိုင်ငံရပ်ခြားကို ရောက်တာ
မကြာသေးပါဘူး။ ဒါကြောင့် ဒီဘက်က ဆေးခန်းပြဖို့ အဆင်မပြေတာတွေ ရှိလို့ပါ။
သမီး မနှစ်လောက်က အမျိုးသားနဲ့ ဆက်ဆံတဲ့အခါ တခါတလေ အနံ့ဆိုး ထွက်တတ်ပါတယ်။
ဆရာဝန်နဲ့ ပြဖူးပါတယ်။ ဆရာမ ပြောတာတော့ ပိုးဝင် တယ်လို့ ပြော ပါတယ်။
အခုတော့ ကုလို့ပျောက်နေပါတယ်။ ဒါပေမဲ့ သမီး ဆေးစစ်ချင်ပါတယ်။
အမျိုးသမီးအင်္ဂါ ပိုးဝင်လို့ ဖြစ်တတ်တဲ့ရောဂါ၊ နောက်ပြီး HIV ကူးဆက်ခံရရင်
ဘယ်လို လက္ခဏမျိုး အရင်ပြပါသလဲ။ အဖုလေးတွေ ပေါက်တယ်လို့ ကြားဖူးပါတယ်။
ဘယ်လို အဖု တွေများ ပေါ်လာတတ်ပါသေးလဲ။ ဖျားသလို ကိုယ်ပူသလိုလဲ
တခါတလေဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသလား။ ပေါက်တဲ့အဖု တွေကရော ဘယ်လိုနေရာမှာ
ပေါက်တတ်ပါသလဲ။ မျက်နှာလိုနေရာမှာရော ဖြစ်တတ်ပါသလား။
ဖြေ။ ။ ၁) ရာသီလာတာနဲ့
ပက်သက်ပြီး ပြောရရင် အခုလို
နိုင်ငံရပ်ခြားမှာ လာနေရတာ၊ မိသားစုနဲ့ ခွဲနေရတာ စတာတွေက
စိတ်ဖိစီးမှုကိုဖြစ်စေပြီး ရာသီလာတာကို ပုံမှန်မဖြစ်စေပါဘူး။ ဒီအတွက်
စိတ်မပူပါနဲ့။ နိုင်ငံရပ်ခြားမှာ နေသားကျသွားရင် အဆင်ပြေမှာပါ။ စိတ်ဖိစီးမှု
တစ်ခုခုရှိနေလို့ ဖြစ်တာမျိုးပါ။
၂) အမျိုးသားနဲ့ ဆက်ဆံရင်
မိန်းမကိုယ်က အနံ့ဆိုးထွက်တယ်ဆိုတာ
ပိုးဝင်တာလို့ ထတစ်ချ ပြောလို့မရပါဘူး။ ဓာတ်ခွဲခန်းမှာ သွေးစစ်၊ သို့မဟုတ်
အမျိုးသမီး လိင်အင်္ဂါရည်ကို စစ်ဆေးပြီးမှ အတည်ပြုပြီး ပြောလို့ ရပါတယ်။
အဖြစ်များတာကတော့ Bacterial Vaginosis လို့ခေါ်တဲ့ အနံ့ဆိုးထွက်တဲ့
ပိုးဖြစ်နိုင်ပါတယ်။ ဒီအတွက် ကြောက်စရာမလိုပါဘူး။ မိန်းကလေးတိုင်းမှာ
ဖြစ်တတ်ပါတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြပြီး ဆေး ၁ ပတ်လောက်သောက်ရင်
ပျောက်ပါတယ်။
၃) HIV ကူးစက်ရင် ဘာလက္ခဏာမှ
သိသိသာသာ မပြပါဘူး။ ပိုးကူးစက်ခံရပြီး ၁ ပတ်
၂ ပတ်မှာတော့ တုန်ကွေးဆန်ဆန် ဖျားနာတာမျိုး ဖြစ်တတ်ပါယ်။ ဒါကို
အတော်များများ သတိ မထားမိတတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခုခံအားက
အဲဒီအချိန်မှာ ကောင်းနေလို့ပါ။ ခုခံအားကောင်းနေသရွေ့ ဘာလက္ခဏာမှ မပြပါဘူး။
နှစ်နဲ့ချီပြီး သာမန်လူလိုပဲ နေနိုင်ပါတယ်။ ခုခံအား ကျခဲ့ရင်တော့ ရေယုံ၊
မက်ခရု စတာတွေပေါက်မယ်၊ ကာလ အတန်ကြာ ၀မ်းလျောမယ်။ ပိန်လာမယ်၊ ကာလအတန်ကြာ
ချောင်းဆိုးမယ်။ အရေပြားမှာ ကူးစက်ရောဂါလေးတွေရှိလာမယ်။ မိန်းမကိုယ်မှာ
အနာလေးတွေပေါက်လာမယ်။ မိန်းမကိုယ်မှာ အဖုပေါက်တာက အတိအကျ မရှိပါဘူး။
ရောဂါသည်က ခုခံအားကျလာတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ရောဂါပိုးကို
မူတည်ပြီး ရောဂါရကြတာပါ။ မျက်နှာမှာလည်း အဖူရယ်လို့ သီးသန့် မထွက်ပါဘူး။
ဒါပေမယ့် ရောဂါကျွမ်းတဲ့ အဆင့်ဆိုရင်တော့ အဖုတွေ ထွက်တတ်ပါတယ်။
အလွန်ဆိုးဝါးတဲ့ အခြေအနေမှပါ။
ဒီလောက်ဆို ကျေနပ်မယ်လို့
မျှော်လင့်ပါတယ်
လမင်းကို
By HIM

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...