မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တင်ဒါ အောင်မြင်ထားသော ဆက်သွယ်ရေး အော်ပရေတာ
နှစ်ခု အလုပ်လုပ်ကိုင်နိုင်ရန် ၄င်းတို့ ကျော်လွန်အသုံးပြုထားသည့်
Frequencyများကို ပိတ်သိမ်းသွားတော့မည်ဟု နိုင်ငံပိုင် သတင်းစာမှတစ်ဆင့်
ပြောကြားထားသည်ဟု သိရသည်။
၎င်းတို့သည် GSM ကွန်ရက်အတွက် Bandwidth 25MHzကို ယခင်က အသုံးပြုထားကြောင်း
တင်ဒါအောင်မြင်သည့် ပြည်ပဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုအတွက် ယခုအခါ
Bandwidth 10MHzကို ခွဲခြားပေးရတော့မည်ဖြစ်ကြောင်း သိရသည်။
Frequencyများ ခွဲဝေပေးရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၄င်းတို့
ကျော်လွန်အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းခြင်း၊ သတ်မှတ်
Frequencyအတွင်း ကွန်ရက်ဒီဇိုင်း အသစ်များ ရေးဆွဲခြင်း၊ ပြုပြင်ခြင်း၊
ချိန်ညှိခြင်း၊ စိစစ်ခြင်း စသည်တို့ကို ပြန်လည်ပြုလုပ်ရတော့မည်ဟု
ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များ
လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ၄င်းတို့၏ Vendorများဖြစ်သော ZTE, Huawei, ASB
ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း၊
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ လုပ်ကိုင်ခွင့် ရရှိခဲ့သော ASB
ကုမ္ပဏီအနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်ပြီး ZTEနှင့်
Huaweiတို့သည် ၄င်းတို့ လုပ်ကိုင်ခွင့် ရရှိသည့် နေရာအနှံ့၌ ဆက်လက်
လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။
From: Myanmar ICT

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...