တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲကြောင့် ထွက်ပြေးသွားသော ဒေသခံ ၄၉ ဦး၏
သတင်းကို မရသေး
ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှ အရာရှိတစ်ဦး က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင်ကချင်ပြည်နယ်
မချမ်းဘောမြို့ နယ် မလွတ်
တန်းကျေးရွာ အနောက်တောင်ဘက် ၁၂မိုင်အကွာ တပ်မတော်မှ နယ်မြေရှင်းလင်းရေး
ဆောင်ရွက်ရန်
သွားရောက် ရာ တွင် ကေအိုင်အေမှ အဖွဲ့ဝင် ၁၅ ဦးခန့်နှင့် အပြန်အလှန်
ပစ်ခတ်မှု ဖြစ် ပွားခဲ့ကြောင်း၊
ယင်းသို့ ဖြစ်ပွားစဉ် ဒေသခံ အိမ်ခြေ ၁၈ လုံးမှ ၆၅ ဦးသည် ဘေးလွတ်ရာသို့
ထွက်ပြေး တိမ်းရှောင်ခဲ့
ကြောင်း သိရသည်။
”မြို့ပေါ် ပြန်ရောက်လာတဲ့ ၁၆ ဦးကိုတော့ ပူတာအိုနဲ့ မချမ်းဘောမှာ
ဆန်တွေဆီတွေနဲ့ စား သောက်စရာ
အချို့ထောက်ပံ့ထားပါတယ်။ ကျန်တဲ့ သူတွေကတော့ ပြန်ရောက်မလာသေးဘူး။ သတင်း
လည်း မရသေး
ပါဘူး” ဟု အထက်ပါ အရာရှိက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသည် တပ်မတော်မှ ပုံမှန်သွားရောက်နေသော
လမ်းကြောင်းဖြစ်ကြောင်း၊
လတ်တလော အချိန်တွင် လုံခြုံမှု အား နည်းသောကြောင့် သွားရောက်၍ မရကြောင်း၊
သတင်းမရသေး
သော ပြည်သူများမှာလည်း တောတွင်းပုန်းရှောင်နေခြင်းသာ ဖြစ်နိုင်ကြောင်း
အစိုးရအဖွဲ့ကသုံးသပ်ပြော
ကြားထားသည်။
”အဲဒီနယ်မြေကကေအိုင်အေတွေနဲ့ နီးစပ်ပါ တယ်။ တည်ငြိမ်သွားတဲ့အခါ
သွားရောက်ဖို့ လုပ် ထားပါတယ်”
ဟု ၄င်းက ထပ်လောင်းပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကိုမူ အတိအကျမသိကြောင်း
ကချင် ပြည်နယ်
ဝန်ကြီးချုပ်က ပြောသည်။
”တပ်ပိုင်းဆိုင်ရာကပဲ တိတိကျကျ ဖြေနိုင် မယ်ထင်ပါတယ်”ဟု ဝန်ကြီးချုပ်က
စက်တင်ဘာ ၃ ရက်နေ့
ညနေပိုင်းက ပြောသည်။
အောင်ထက် ( NYK )
Popular Myanmar News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...