Pages

Wednesday, September 4, 2013

ကချင်ပြည်နယ်တွင်းသို့ KIAနှင့် ပေါင်းစည်းကာ ဘင်္ဂါလီ၊မွတ်ဆလင်များ စိမ့်ဝင်နေကြောင်းသိရ

ကချင်ပြည်နယ် အတွင်းသို့  မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ အမည်ဖြင့် ဘင်္ဂါလီ၊မွတ်ဆလင် အစ္စလာမ် ဘာသာဝင်များ လာရောက်စုစည်းမှုကို KIA အဖွဲ့က သဘောတူ လက်ခံထားခဲ့ရာတွင် ယခု အချိန်ထိ ဆက်လက် ၀င်ရောက်နေ ကြကြောင်းသိရသည်။

KIA အဖွဲ့နှင့် မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ ၏ သဘောတူညီမှုနှင့် ပတ်သက်၍ လိုင်ဇာမြို့ခံတစ်ဦး ကမူ-

“KIA အဖွဲ့က အဲဒီ ဘင်္ဂါလီကုလားတွေကို ဘာ့ကြောင့် ထပ်ပြီးလက်ခံရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ အရင်ကလဲ လက်ခံထားသေးတယ်။ သူတို့ လုပ်တာကတော့ အစိုးရတပ် လာတိုက်ရင် ပြန်ခုခံလို့ ရအောင် အင်အားချဲ့တဲ့သဘောပေါ့။ အစိုးရတပ် လာတိုက်ရင် အဲ့ဒီ ကုလားတွေကရှေ့ ကနေ တိုက်ပေးမယ် လို့ ဂတိပေးထားတယ်လို့ လဲ သတင်းတွေ ကြားနေရတယ်။တကယ်လို့ သူတို့ ကုလားတွေပြသနာဖြစ်ရင်လဲ KIA က ကူညီပေးရ မယ်ဆိုတဲ့သဘောမျိုးပေါ့။ပြောရမယ်ဆိုရင်သူတို့ကသာလောလော ဆယ်အ ဆင်ပြေအောင်လုပ်နေကြတာ။နောက်ပိုင်း ရခိုင် ဘက်ကဒေသတွေလိုဖြစ်ကုန် မှာ စိုးရိမ်တယ်" ဟုပြောကြားခဲ့သည်။

မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့၏ခေါင်းဆောင်မှာရခိုင်ပြည်နယ်မှမော်လ၀ီဆရာဦးအာစွတ်ဖြစ်ပြီး
သူ၏အဆက်အသွယ်ဖြင့်ရခိုင်ဒေသမှထွက်ခွာလာကြသောဘင်္ဂါလီများနှင့်ကချင်ပြည်နယ်အတွင်း
ရှိမြို့၊ရွာဒေသအသီးသီးမှမွတ်ဆလင်များဖြင့်ဖွဲ့ စည်းထားပြီးKIAမှနေရာထိုင်ခင်းများချထားပေးပြီးရိက္ခာ များ ထောက်ပံ့ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါမွတ်ဆလင်ညီအကိုတော်များအဖွဲ့သည်ဇွန်လ(၁)ရက်နေ့မှKIAနှင့်စတင်စုစည်းကာစတင်စုစည်း စဉ်ကအင်အား(၆၈)ဦးသာရှိခဲ့ပြီး၊နောက်ပိုင်းတွင်ရခိုင်ဘက်မှထွက်ခွာလာကြသောဘင်္ဂါလီများဆက်လက် ၀င်ရောက်လာခြင်းကြောင့် အင်အားတောင့်တင်းလာခြင်းဖြစ်သည်။

ယခုကိစ္စကြောင့် ကချင်ပြည်နယ်တွင်းနေထိုင်ကြသော တိုင်းရင်းသားများမှာလူမျိုးဝါမျိုခံရမည်ကိုစိုးရိမ် ပူပန်မှုများနှင့်ကြုံတွေ့ နေရသည်။တနိုင်းမြို့ နယ်တွင်းနေထိုင်သူဦးယွန်ဆောင် ကမူ"အစကတော့ ကုလားတွေဝင်လာတာ နဲနဲပါးပါးဆိုတော့ အဲ့တော့ အဲ့ဒီလောက်စိတ်မပူပါဘူး။အခုက အစိုးရနဲ့လဲ အပစ်အ ခတ် ရပ်စဲထားတော့ ဆက်လက်ပြီး လက်မခံသင့်တော့ဘူးလို့ ထင်တယ်။ဒီတိုင်းသာ ဆက် လက်ခံမယ် ဆိုရင် ကျနော်တို့ ပြည်နယ်လဲ ဘယ်လိုဖြစ်မလဲဆိုတာ ရင်လေးစရာပါ"ဟု စိုးရိမ် ပူပန် စွာပြောဆိုခဲ့သည်။

ဂျွန်နော်

OE
FROM-KACHIN DAILY NEWS

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...