Pages

Tuesday, September 17, 2013

KIO ဌာနချုပ် လိုင်ဇာ သို့ UN အဖွဲ့များ ရောက်ရှိ

၂၀၁၃၊ စက်တင်ဘာလ၊ ၁၆ ရက်နေ့ ညနေ (၃း၃၀) အချိန် UN အဖွဲ့ များဖြစ်ကြသော WFP, UNHCR, OCHA, UNICEF, MSF စသော အဖွဲ့များဝင်များ သည် KIO ဒေသအတွင်းရှိ ကချင် စစ်ပြေးဒုက္ခသည် များအား ကူညီ ထောက်ပံ့ ရန်အတွက် ကူညီထောက်ပံ့၊ ကယ်ဆယ်ရေးပစ္စည်းများ နှင့် အတူ KIO ဌာနချုပ် လိုင်ဇာမြို့ သို့ ရောက်ရှိ လာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ 
၎င်း အဖွဲ့ ၀င်များ သည် စက်တင်ဘာလ (၁၇.နှင့် ၁၈) ရက်တို့ တွင် လိုင်ဇာအနီးရှိ စစ်ပြေးဒုက္ခသည် စခန်းများသို့ လိုက်လံ ကြည့်ရှု့ စစ်ဆေးကာ ကူညီ ကယ်ဆယ်ရေး ပစ္စည်းများအား လိုက်လံ ကူညီဝေ ဌ ပေးပြီး စက်တင်ဘာလ (၁၉) ရက်နေ့ တွင် လိုင်ဇာ မှ ပြန်လည် ထွက်ခွာ လာမည် ဖြစ်ကြောင်း လည်း ထပ်မံ သတင်းရရှိပါသည်။
 
(Knet)
FROM-LACHID KACHIN

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...