Pages

Monday, September 23, 2013

ရေနဲ့ မောင်းမယ့် Mercedes-Benz Ener-G-Force

G forceဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်
ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။
တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့
အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေ
ထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။
ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ
ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေး
ငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်
ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လို
မျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့
ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါ
တယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်း
ပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်
ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: autoblog

Aung Kham (ရိုးရာလေး)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...