Miss Tourism Queen International 2013 ပြိုင်ပွဲတွင်
မြန်မာသီချင်းဖြင့်ဖျော်ဖြေမည်ဟု ခင်လပြည့်ဇော် တရုတ်နိုင်ငံ Xianning
မြို့ တွင် ကျင်းပပြုလုပ်မည့် Miss Tourism Queen International 2013
ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ်သွားရောက် ယှဉ်ပြိုင်မည့်
Miss Myanmar ခင်လပြည့်ဇော် က အဆိုပါ ပြိုင်ပွဲတွင် မြန်မာ သီချင်းဖြင့်
ပါဝင်တင်ဆက်သွားမည်ဟု ပြောသည်။
" ဒါက ဒုတိယပြိုင်ပွဲပါ ပထမပြိုင်ပွဲက အတွေ့အကြုံတွေယူပြီး အကောင်းဆုံး
ယှဉ်ပြိုင်သွားမယ်၊ ဒီပွဲမှာတော့ မြန်မာ့ တူရိယာ မသုံးဘဲ မြန်မာသီချင်း
ဆိုမယ်၊ မြန်မာ့ယဉ် ကျေးမှုကို ပြသနိုင်ဖို့ အဓိကထား ယှဉ်ပြိုင်မယ်၊
မြန်မာဝတ်စုံကိုသေ ချာပြင်ဆင်ထားတယ်"ဟု ၎င်းက ပြောသည်။
Miss Myanmar ခင်လပြည့် ဇော်အနေဖြင့် ၂၀၁၃ ခုနှစ်နှစ်ဆန်း ပိုင်း၌
ကိုရီးယားနိုင်ငံ တွင်ကျင်းပ သည့် Miss ပြိုင်ပွဲတွင်သွားရောက်
ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုသွားရောက် ယှဉ်ပြိုင်မှုသည် ခင်လပြည့်ဇော်၏ ဒုတိယ
အကြိမ်မြောက်ပြိုင်ပွဲ ဖြစ်သည်။
Miss Tourism QueenInternational ပြိုင်ကို ၂၀ဝ၄ ခုနှစ် မှ စတင်ကျင်းပပြီး
၂၀၀၀၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်တို့တွင် ပြိုင်ပွဲ မကျင်းပဘဲ ယခုအခါ
ရှစ်ကြိမ် မြောက် ကျင်းပခြင်းဖြစ်သည်။ မြန် မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင်
ပါဝင်ယှဉ်ပြိုင်ခြင်းသည် ပထမဦး ဆုံးအကြိမ်ဖြစ်သည်။
Venus News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...