Pages

Wednesday, September 11, 2013

ကျပ် သိန်း၁၈၀၀ကျော်နဲ့ NLDအရှုပ်တော်ပုံ

 ဒီနေ့တော့  NLDပါတီ မှ ထုတ်ဝေလျက်ရှိတဲ့ ဒီလှိုင်းစာစောင် မှာ ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်အလွဲသုံးစား လုပ်ထားမှု ရှိတယ်ဆိုတာကို NLD ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ဦးဥာဏ်ဝင်း က ထုတ်ဖော်ပြောဆိုလိုက်တာကို ဖတ်လိုက်ရပါတယ်။အခုထိ တော့ ဘယ်နားမှာ ကွာနေလဲ ဆိုတာ ကိုစစ်ဆေးလို့ မရသေးဘူးလို့ဆိုပါတယ်။
ဒီလှိုင်းငွေစာရင်း သိန်းပေါင်းများစွာ ကွာနေတဲ့သတင်းစထွက်ခါစတုန်းကတော့ NLD ကို မနာလိုသူတွေက အပုတ်ချတာပါဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖုံးဖိထားခဲ့ပေမယ့် အခုလို NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦူးဥာဏ်ဝင်း ရဲ့ထုတ်ဖော်ပြောကြားလိုက်တဲ့ အခါမှာတော့ ဒေါင်းတို့ရဲ့ဘ၀ ရှေ့ကသာ ဟန်ပြကနေပေမယ့် နောက်မှာတော့ ဖင်ပြောင်နေတဲ့ အဖြစ်နဲ့တူနေပါတယ်။ဟိုးအရင် အစိုးရ လက်ထပ်တုန်းကတော့ ပွင့်လင်းမြင်သာမှု transperancy လို့ အခါခါ အော်ခဲ့ကြပေမယ့် အခု NLD  ကထုတ်ဝေတဲ့ဒီလှိုင်းဂျာနယ်မှာ သိန်းပေါင်း ၁၈၀၀ ကျော် အလွဲသုံးစားလုပ်တဲ့အမှုအပေါ်မှာတော့ ပွင့်လင်းမြင်သာ မှု ဆိုတဲ့စကားကို သုံးတာ မတွေ့ပြန်ပါဘူး။
ယခင်ကတည်းက NLD နဲ့ ပတ်သတ်ရင် ကောင်းသတင်းကလွဲပြီး ကျန်သတင်းတွေ လျှို့ဝှက်လွန်းတာကလဲ NLD ပြောပြောနေတဲ့ပွင့်လင်းမြင်သာမှုရှိရေး ၊ ဒီမိုကရေစီကျင့်သုံးရေးဆိုတာ ဟာ ဒူလာသမားက ချောင်းဆိုးပျောက်ဆေး ရောင်းသလိုဖြစ်နေပါတယ်။ဒါ့အပြင် NLD နဲ့ ပတ်သတ်တဲ့ ပြင်ဦးလွင် ကမခိုင်ဝတ်ရည်သန္တာမောင် ကိစ္စ နဲ့ မုဒုံ NLD တာဝန်ခံကိုစိုးမင်း ကကျောင်းသားတွေကို ဂိုဏ်း၂ ခုဖွဲ့ပြီးKတံဆိပ်စိတ်ကြွဆေးရောင်းတယ်ဆိုတဲ့သတင်းတွေ အပေါ်မှာလဲ ပွင့်လင်းမြင်သာစွာ ဖြေရှင်းချက် မထုတ်ခဲ့တာတွေဟာ အပြောနဲ့ အလုပ် မညီတဲ့ အချက်တွေဖြစ်တယ်လို့ သုံးသပ်လာကြတာတွေလဲ တွေ့ရပါတယ်။
အခု သိန်းပေါင်း ၁၈၀၀ ကျော် အလွဲသုံးစားလုပ်တဲ့ ဒီလှိုင်းဂျာနယ်ဟာNLD ပါတီရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ တစ်နှစ်တာ ကာလအတွင်း ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်အလွဲသုံးစားလုပ်မှု ကို စတင် တွေ့ရှိရတာပဲဖြစ်ပါသည်။
ပြည်တွင်းဂျာနယ်ဖတ်သူတွေနဲ့အင်တာနက်စာမျက်နှာတွေမှာ NLDရဲ့ဖြေရှင်းချက်အပေါ် အားမလို
အားမရဖြစ်နေသူတွေ ရှိနေသလို ၊ဒီလိုဖြစ်နေတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြင်ပခရီးစဉ် ကိစ္စဟာ တိုက်ဆိုင်မှုလား ရှောင်လွဲတဲ့သဘောလားဆိုတဲ့ မေးခွန်းထုတ်သူတွေလဲ ရှိနေတယ်လို့ သိရပါတယ်။
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...