Pages

Tuesday, September 10, 2013

၂၀၀၈ ဖွဲ့စည်းပုံတွင် ပြင်ဆင်လိုသည့် အချက်များကို NLD က ယခုလတွင် ကြေညာချက်ထုတ်ပြန်မည်

ရန်ကုန် ၊ စက်တင်ဘာ ၉ ။ ။ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် အနေ ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေတွင် ပြင်ဆင်လိုသည့်အချက် များကို ယခု စက်တင်ဘာလအ တွင်း ကြေညာချက်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီကပြောသည်။

အဆိုပါကြေညာချက်ကို မူလက စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော်လည်း တိုင်းရင်းသားများ၏ ဆန္ဒသဘော ထားများ ပါဝင်စေ ရန်ညှိနှိုင်းနေ သည့်အတွက် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ဆက် လက်ပြော သည်။

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကော် မတီ ကို အဖွဲ့ ဝင်ခုနစ်ဦးဖြင့် စက်တင်ဘာ ၆ ရက်က ဖွဲ့စည်းလိုက်သည်။

စက်တင်ဘာ ၆ ရက် တွင် ကျင်းပသော ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေး ဆုံး ဖြတ်ချက်အရ တာဝန်ပေးအပ်ခံ ထားရသူများမှာ ဦးထွန်းထွန်း ဟိန်း၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း(လပွတ္တာ)၊ ဦး မောင်ဖေတင်၊ ဦးကိုနီနှင့်ဦးဌေးဦး တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီသည် တိုင်းရင်းသားပါတီများနှင့် တစ် လ လျှင် လေးကြိမ် ခန့်တွေ့ ဆုံကာ ၎င်းတို့နှင့် အမြင်သဘောထား များ ဖလှယ်ဆွေးနွေး သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက ''ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးထွန်း ကားဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လိုအပ်ပါတယ်''ဟုပြော သည်။

အဆိုပါ ကြေညာချက် တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် မည်သည့် အတွက်ကြောင့် ပြင်ဆင်ရန် လိုအပ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ချို့ ယွင်းချက်များ၊ မည်သည့် အတွက် ကြောင့် ပြင်ဆင် လို သည်စသည့် အချက်များကို အကျဉ်းအကျယ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် မူလကအချက် ၁၂ချက်ကိုလျာ ထားခဲ့ပြီး အခြား အချက်များ ကို လည်း ယခုထပ်မံဆွေးနွေးထား ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူး ပေါင်းကော်မတီတွင် လွှတ်တော် ကိုယ်စားလှယ် အချိုးကျပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ခုနစ်ဦးပါဝင်သည်။


From : ..YMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...