Pages

Thursday, October 23, 2014

ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ တစ်သင်းလုံး သင်္ကန်းစည်းပြီး သာသနာ့ဘောင်ဝင်မည်


နယူးဇီလန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမယ့် လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားတဲ့ မြန်မာ ယူ-၁၉ တစ်သင်းလုံး မှော်ဘီမြို့နယ် ဓမ္မဓူတ ကျောင်းတိုက်မှာ သင်္ကန်းစည်းမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆီက သိရပါတယ်။

မြန်မာ ယူ-၁၉ အသင်းသားတွေ အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရင် သင်္ကန်းစည်းမယ်လို့ ဓမ္မဒူတ ကျောင်းတိုက်ဆရာတော် အရှင်ဆေကိန္ဒကို ကတိပြုခဲ့လို့ အားလပ်ရက်ရမယ့် အချိန်မှာသင်္ကန်းစည်းမှာ ဖြစ်ပြီး သင်္ကန်းစည်းမယ့် အချိန်ကို မသတ်မှတ်ရသေးဘူးလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မြန်မာ ယူ-၁၉ အသင်းဟာ အာရှချန်ပီယံရှစ် ယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အထိပဲ တက်ရောက်နိုင်ပေမယ့် ဗိုလ်လုပွဲ ကျင်းပမယ့် အောက်တိုဘာလ ၂၃ ရက်နေ့ အထိ ပုံမှန် လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်လျက်ရှိပါတယ်။ ဗိုလ်လုပွဲ ပြီးဆုံးမှသာ မြန်မာ ယူ-၁၉ အသင်း နားရက်ရမှာ ဖြစ်ပါတယ်။
From: The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...