Tuesday, March 23rd, 2010
ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါ့မယ်
မတွေ့လိုက်ဘူးဆိုတဲ့ အကြောင်း
ဘာမှ မပြောလိုက်တဲ့ အကြောင်း
သွားပါသေးတယ်
ဒီနေ့ထိ အဲ့ဒီကိုမရောက်ဘူး
ဆေးရုံဆေးခန်းဆိုရင်
မတွေ့လိုက်ဘူးဆိုတဲ့ အကြောင်း
ဘာမှ မသိဘူးဆိုတဲ့ အကြောင်း
ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါ့မယ်
စိတ်မှာလဲ ဒဏ်ရာကြီးနဲ့
ပတ်တီးစည်းပါအုံးလား
မျက်လုံးထဲမှာလဲ အမှုန်တွေဝင်နေတယ်
အဲ့ဒီ ကြီးပွားချင်စိတ်ကို နည်းနည်းလောက်
ဖယ်လိုက်ပါလား
ဘာမှမသိတဲ့အကြောင်း
မနေ့က သူနဲ့တွေ့တော့ပြောလိုက်တယ်...။
Labels: ကဗျာ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...