Tuesday, March 23rd, 2010
ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါ့မယ်
မတွေ့လိုက်ဘူးဆိုတဲ့ အကြောင်း
ဘာမှ မပြောလိုက်တဲ့ အကြောင်း
သွားပါသေးတယ်
ဒီနေ့ထိ အဲ့ဒီကိုမရောက်ဘူး
ဆေးရုံဆေးခန်းဆိုရင်
မတွေ့လိုက်ဘူးဆိုတဲ့ အကြောင်း
ဘာမှ မသိဘူးဆိုတဲ့ အကြောင်း
ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါ့မယ်
စိတ်မှာလဲ ဒဏ်ရာကြီးနဲ့
ပတ်တီးစည်းပါအုံးလား
မျက်လုံးထဲမှာလဲ အမှုန်တွေဝင်နေတယ်
အဲ့ဒီ ကြီးပွားချင်စိတ်ကို နည်းနည်းလောက်
ဖယ်လိုက်ပါလား
ဘာမှမသိတဲ့အကြောင်း
မနေ့က သူနဲ့တွေ့တော့ပြောလိုက်တယ်...။
Labels: ကဗျာ
Pages
▼
Sunday, November 28, 2010
သွေးအေးခြင်း
Friday, November 6th, 2009
မီးတောင်တစ်လုံးလို
အလွမ်းတွေအုံဖွဲ့လာတဲ့အခါ
ညနေစောင်းတစ်ခုမှာ ငိုခဲ့ဖူးတယ်။
အရင်တုန်းကလို
အသံတွေပြန်ပေးပါ
အနိုင်ပိုင်းခံရသူလို
မှတ်တိုင်မှားဆင်းမိသောအခါ
လူမှန်းသူမှန်းမသိ
လွတ်ကျသွာသောဘဝကို
ပြန်အဖတ်ဆယ်နေရတယ်။
ပိုင်ဆိုင်ခြင်းတွေများလာတဲ
့တစ်နေ့
စွန့်လွှတ်ရခြင်းတွေများလာပြီဆိုတာ
သူနဲ့စကားလက်ဆုံမကျခင်ကတည်းက
မျက်ရည်စက်လက်နဲ့သိခဲ့တယ်။
အချစ်ဆိုတာ
တစ်စုံတစ်ယောက်ကို
သည်းထန်စွာ သတိရခြင်းတစ်မျိုးပဲလို့
လူတစ်ချို့ကပြောတဲ့အခါ
သူ့တို့မျက်နှာတွေကို စေ့စေ့ ကြည့်ဖြစ်ခဲ့တယ်။
တစ်ကယ်တော့
လူဟာသွေးနွေးသတ္တဝါဆိုတာကို
တစ်ခါတစ်ရံ သံသယရှိတယ်။
အဝေးသို့ ဆွဲယူလွင့်ပစ်ခံလိုက်ရသော
ခဲတစ်လုံးဟာ ကြာတော့လုံးပါးပါးခဲ့တယ်။
လော့ဂျစ်တွေများလာတဲ့အချစ်ကြောင့်
လူတွေဟာ စက်ရုပ်သာသာဖြစ်သွားကြသတဲ့
တစ်ချို့သောပွင့်လင်းမှုတွေကတော့
ချစ်သူတစ်ချို့ကို စိမ်းခဲ့တယ်။
တစ်ခါကပေါ့ ညနေစောင်းမှာငိုခဲ့တယ်။
လူတစ်ယောက်မှာ မျှော်လင့်ချက်တွေ
ဘယ်လောက်ဆုံးရှုံးသလဲလို့
ငါ့ မျက်ရည်များများ သက်သေအဖြစ်
လိမ့်ဆင်းသွားကြတယ်။
Labels: ကဗျာ
posted by Bluecoffe @ 09:02 PM hits(129) 5 Comments
ဝေးကွာခြင်း၏ နောက်ကွယ်
Friday, November 6th, 2009
နွယ်ပင်ရယ်….ငါချစ်တယ်..
ရင်နာလည်း….ချစ်အုံးမယ်..
ဘေးကတိုးတိုး..လာဆိုသလို
အလွမ်းတွေက အမျိုးမျိုးဆေးရောင်ခြယ်ကြ
အ နေတဲ့ပါးစပ်ကြီးနဲ့မှ
ရင်ခုန်သံတွေကစကားများတယ်။
ငါတို့ဝေးကွာသတဲ့လား
မင်းကို မချစ်နိုင်ဘူးဆိုတဲ့ဆင်ခြေက
ဝေးကွာသတဲ့လား မမ ရယ်..။
ညောင်ပင်မှာကပ်ပေါက်တဲ့ နွယ်ပင်
ဘယ်အထိ ဘဝင်မြင့်နိုင်မှာမို့လဲ
အဲဒီနိုင်ငံက နှင်းတွေပဲဖြစ်လိုက်ပါတော့
စိုစိုစွတ်စွတ် အမြဲတမ်းကြည့်နေချင်
ရော့ ဒီမှာ မီးလင်းဖိုလေး တစ်ထည်
တွေ့ချင်တယ်..
တွေ့ချင်တယ်…
တွေ့ချင်တယ်….
ဒီကောင်မြိုသိပ်ခဲ့
အခု
မမ ရောက်လာတတ်တဲ့
ည ၇ နာရီတွေ မီးပျက်နေရ။
သွားတက်လေးတွေပေါ်အောင်ပြုံး
လိုက်
ရယ်ဒီမိတ်အလွမ်းတစ်ထုပ်နဲ့
ဘယ်လို ပန်းပုရုပ်လဲ
အိပ်မရအောင်ကို အိပ်မက်မက်ခဲ့ရတယ်။
ပန်းပွင့်တိုင်းပန်ပေးချင်တဲ့သူ
မမုန်းပဲနဲ့မချစ်ခဲ့သူ
တိုးတိတ်စွာပဲကြည့်နေခဲ့ပါတယ်..
မျက်ရည်စက်လက်
တတ်နိုင်သလောက်မျှော်လင့်
ကြည့်နေကျဓာတ်ပုံတွေဝါးသွားတဲ့တစ်နေ့
ဆုတောင်းခဲ့
နောက်ဘဝ
ချစ်ခွင့်
…
သဒ္ဒါမတတ် စာမတတ်
ဗမာစကားတော့တတ်ပါတယ်
ချစ်တယ်လို့ပြောဖို့အတွက်
နောက်ထပ်ဘာသာစကား
တတ်ရအုံးမယ်။
Labels: ကဗျာ
မီးတောင်တစ်လုံးလို
အလွမ်းတွေအုံဖွဲ့လာတဲ့အခါ
ညနေစောင်းတစ်ခုမှာ ငိုခဲ့ဖူးတယ်။
အရင်တုန်းကလို
အသံတွေပြန်ပေးပါ
အနိုင်ပိုင်းခံရသူလို
မှတ်တိုင်မှားဆင်းမိသောအခါ
လူမှန်းသူမှန်းမသိ
လွတ်ကျသွာသောဘဝကို
ပြန်အဖတ်ဆယ်နေရတယ်။
ပိုင်ဆိုင်ခြင်းတွေများလာတဲ
့တစ်နေ့
စွန့်လွှတ်ရခြင်းတွေများလာပြီဆိုတာ
သူနဲ့စကားလက်ဆုံမကျခင်ကတည်းက
မျက်ရည်စက်လက်နဲ့သိခဲ့တယ်။
အချစ်ဆိုတာ
တစ်စုံတစ်ယောက်ကို
သည်းထန်စွာ သတိရခြင်းတစ်မျိုးပဲလို့
လူတစ်ချို့ကပြောတဲ့အခါ
သူ့တို့မျက်နှာတွေကို စေ့စေ့ ကြည့်ဖြစ်ခဲ့တယ်။
တစ်ကယ်တော့
လူဟာသွေးနွေးသတ္တဝါဆိုတာကို
တစ်ခါတစ်ရံ သံသယရှိတယ်။
အဝေးသို့ ဆွဲယူလွင့်ပစ်ခံလိုက်ရသော
ခဲတစ်လုံးဟာ ကြာတော့လုံးပါးပါးခဲ့တယ်။
လော့ဂျစ်တွေများလာတဲ့အချစ်ကြောင့်
လူတွေဟာ စက်ရုပ်သာသာဖြစ်သွားကြသတဲ့
တစ်ချို့သောပွင့်လင်းမှုတွေကတော့
ချစ်သူတစ်ချို့ကို စိမ်းခဲ့တယ်။
တစ်ခါကပေါ့ ညနေစောင်းမှာငိုခဲ့တယ်။
လူတစ်ယောက်မှာ မျှော်လင့်ချက်တွေ
ဘယ်လောက်ဆုံးရှုံးသလဲလို့
ငါ့ မျက်ရည်များများ သက်သေအဖြစ်
လိမ့်ဆင်းသွားကြတယ်။
Labels: ကဗျာ
posted by Bluecoffe @ 09:02 PM hits(129) 5 Comments
ဝေးကွာခြင်း၏ နောက်ကွယ်
Friday, November 6th, 2009
နွယ်ပင်ရယ်….ငါချစ်တယ်..
ရင်နာလည်း….ချစ်အုံးမယ်..
ဘေးကတိုးတိုး..လာဆိုသလို
အလွမ်းတွေက အမျိုးမျိုးဆေးရောင်ခြယ်ကြ
အ နေတဲ့ပါးစပ်ကြီးနဲ့မှ
ရင်ခုန်သံတွေကစကားများတယ်။
ငါတို့ဝေးကွာသတဲ့လား
မင်းကို မချစ်နိုင်ဘူးဆိုတဲ့ဆင်ခြေက
ဝေးကွာသတဲ့လား မမ ရယ်..။
ညောင်ပင်မှာကပ်ပေါက်တဲ့ နွယ်ပင်
ဘယ်အထိ ဘဝင်မြင့်နိုင်မှာမို့လဲ
အဲဒီနိုင်ငံက နှင်းတွေပဲဖြစ်လိုက်ပါတော့
စိုစိုစွတ်စွတ် အမြဲတမ်းကြည့်နေချင်
ရော့ ဒီမှာ မီးလင်းဖိုလေး တစ်ထည်
တွေ့ချင်တယ်..
တွေ့ချင်တယ်…
တွေ့ချင်တယ်….
ဒီကောင်မြိုသိပ်ခဲ့
အခု
မမ ရောက်လာတတ်တဲ့
ည ၇ နာရီတွေ မီးပျက်နေရ။
သွားတက်လေးတွေပေါ်အောင်ပြုံး
လိုက်
ရယ်ဒီမိတ်အလွမ်းတစ်ထုပ်နဲ့
ဘယ်လို ပန်းပုရုပ်လဲ
အိပ်မရအောင်ကို အိပ်မက်မက်ခဲ့ရတယ်။
ပန်းပွင့်တိုင်းပန်ပေးချင်တဲ့သူ
မမုန်းပဲနဲ့မချစ်ခဲ့သူ
တိုးတိတ်စွာပဲကြည့်နေခဲ့ပါတယ်..
မျက်ရည်စက်လက်
တတ်နိုင်သလောက်မျှော်လင့်
ကြည့်နေကျဓာတ်ပုံတွေဝါးသွားတဲ့တစ်နေ့
ဆုတောင်းခဲ့
နောက်ဘဝ
ချစ်ခွင့်
…
သဒ္ဒါမတတ် စာမတတ်
ဗမာစကားတော့တတ်ပါတယ်
ချစ်တယ်လို့ပြောဖို့အတွက်
နောက်ထပ်ဘာသာစကား
တတ်ရအုံးမယ်။
Labels: ကဗျာ