Pages

Friday, March 9, 2012

အမေ့ရုပ်ရည်

အမေ့ပါးပြင် သနပ်ခါးမရှိပေမယ့်
သားအပေါ်ထား မေတ္တာစွမ်းကြောင့် ချောမောနေဆဲ။
အမေ့ခန္ဓာ ၀ဖြိုးပေမယ့်
သမီးအပေါ်ထား စေတနာစွမ်းကြောင့် ကြည့်ကောင်းနေဆဲ၊၊
အမေ့လက်ဖျား ကြမ်းတမ်းပေမယ့်
မြေးအပေါ်ထား စိတ်ထားစွမ်းကြောင့် နူးအိနေဆဲ။
အမေ့ခြေဖ၀ါး ကွဲအပ်ပေမယ့်
သားသမီးပေါ်ထား သတ္တိစွမ်းကြောင့် လျှောက်လှမ်းနေဆဲ။
အလုပ်များစွာ သားမြေးများကြောင့်
လုပ်နေရလဲ တစ်ချက်မညည်း ပင်ပန်းကြီးလဲ လုပ်နေဆဲပါ
လုပ်လျက်ပဲမို့ အမေရုပ်ရည် ကြမ်းတမ်းနေလဲ
သားတို့တွက်တော့ ကြည့်ကောင်းပါ၏
"မောင်စေတနာ"

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...