ကြေကွဲစွာ နားလည်ခဲ့တယ်
အချစ်ဆိုတာ
ရက်စက်တဲ့ နတ်ဖုရား
တောမှာဖွားလို့
ခြင်္သေ့မရဲ့ နို့စို့ပြီး
ကြီးပြင်းလာသူပါလားကွယ်။
သူ့ရဲ့ တောက်ပတဲ့ မီးလျှံ
ငါ့ကို ရိုးတွင်းခြင်ဆီအထိ
လောင်ကျွမ်းစေခဲ့တယ်။
ညမျက်ခုံးအောက်က
စူရှမာကြောတဲ့ အကြည့်နဲ့ ကြည့်သူရယ်
မင်းရဲ့ သိုးကျောင်းသားရင်ခွင်
တစ်ခါလောက် ပြန်ဝင်ပါဦးလား
တစ်ခါလောက် နမ်းပါဦးလား
ဪသာ်.. အချည်းနှီးအနမ်းဆိုတာလဲ
ကြည်နူးမှုကို ပေးစွမ်းတာပါပဲ
ရက်စက်တဲ့မိန်းကလေးရယ်..။
သီယိုကရီးတပ်စ်
(ဘီစီ ၃၀ဝ-၂၅၀ခန့်)
by YinWayKyal | 8/16/2012 06:08:00 AM
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...