Pages
▼
Tuesday, November 20, 2012
ပြန်မလာနဲ့
လေးနက်တဲ့ ကဗျာတစ်ပုဒ်လို
မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့
နူးညံ့တဲ့ စကားလုံးတစ်ချို့ကို
ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့
ငါ့မျက်ရည်တွေ မြစ်လိုစီး...
ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ
မင်းက ကျေနပ်နိုင်မှာလား ချစ်သူ....
ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့...
ဝဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့...
နေသာသလိုသာ နေလိုက်ပါ....
ငါက နင့်အတွက် အစကတည်းက
ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ...
ငါသိတာပေါ့.......
နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ
ငါ့အပေါ် စိမ်းနေခဲ့တာ...
နင့်စိတ်အစဉ်ဟာ....
လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို
ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ
ယိမ်းနေခဲ့တာ.....
တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ
အပြစ်မတင်ချင်တော့ပါဘူး....
ဖြစ်တတ်တဲ့ သဘောတွေမို့
ငါနားလည်လက်ခံပေးလို့ ရပါတယ်
တခုပဲ.....
ငါ့ဘ၀ကို ဆုတ်ဖြဲ...
ရက်စက်စွာနဲ့ ငါ့ကို...
ချန်ရစ်လို့ ထားခဲ့ပြီးမှတော့...
ပြန်ဆက်ဖို့ ကြိုးစားနေတဲ့
ငါ့နှလုံးသားကို မင်း.....
ဒဏ်ရာတွေ ထပ်ပေးဖို့
မကြိုးစားပါနဲ့တော့..............
မိုးနတ်ကြယ်စင်ပြန်မလာနဲ့
လေးနက်တဲ့ ကဗျာတစ်ပုဒ်လို
မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့
နူးညံ့တဲ့ စကားလုံးတစ်ချို့ကို
ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့
ငါ့မျက်ရည်တွေ မြစ်လိုစီး...
ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ
မင်းက ကျေနပ်နိုင်မှာလား ချစ်သူ....
ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့...
ဝဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့...
နေသာသလိုသာ နေလိုက်ပါ....
ငါက နင့်အတွက် အစကတည်းက
ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ...
ငါသိတာပေါ့.......
နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ
ငါ့အပေါ် စိမ်းနေခဲ့တာ...
နင့်စိတ်အစဉ်ဟာ....
လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို
ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ
ယိမ်းနေခဲ့တာ.....
တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ
အပြစ်မတင်ချင်တော့ပါဘူး....
ဖြစ်တတ်တဲ့ သဘောတွေမို့
ငါနားလည်လက်ခံပေးလို့ ရပါတယ်
တခုပဲ.....
ငါ့ဘ၀ကို ဆုတ်ဖြဲ...
ရက်စက်စွာနဲ့ ငါ့ကို...
ချန်ရစ်လို့ ထားခဲ့ပြီးမှတော့...
ပြန်ဆက်ဖို့ ကြိုးစားနေတဲ့
ငါ့နှလုံးသားကို မင်း.....
ဒဏ်ရာတွေ ထပ်ပေးဖို့
မကြိုးစားပါနဲ့တော့..............
Posted by မိုးနတ်ကြယ်စင် at 5:30 AM 9 comments:
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...