Pages

Tuesday, November 20, 2012

ဒီလိုပဲ ...အားတင်းပြီး...ဆက်လျှောက်

ပန်းတိုင်မရှိပဲ ခရီးဆက်နေရတဲ့ဘ၀မှာ လမ်းကလဲ အမြဲလိုလိုပျောက်ပျောက်နေတတ်လို့ အားငယ်စိတ်နဲ့ စိုးရိမ်သောကတွေဟာ အိပ်ပျက်ညတွေရဲ့ ခြေရာ ...( ဒီလိုနဲ့ ) ငါ့ဘ၀မှာ အနှုတ်လက္ခဏာဆောင်နေတဲ့ ညတွေ တဖြေးဖြေးနဲ့ များများလာခဲ့ပြီလေ ဧပရယ်ရေ....... ငါတို့တွေ့ခဲ့ကြတဲ့ နောက်ဆုံးနေ့ကလိုပါပဲ မြင်မြင်ရာ နေရာတိုင်းမှာ ခြောက်သွေ့ခြင်းတွေနဲ့ လေးလံထိုင်းမှိုင်း..... အပြိုင်းပြိုင်းကျနေတဲ့ ပင်အိုကြီးတွေ.......... ဖေးကူ ကယ်ဆယ် ကောက်ယူမဲ့သူ ကင်းမဲ့နေတဲ့ မြေပြင်ပေါ်က ရော်ရွက်ဝါလေးတွေ...... နွေရဲ့သရုပ်ကို အစွမ်းကုန် အံထုတ် ဖော်ထုတ် ပြသနေကြလေရဲ့...... ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့ ပစ္စုပ္ပုန်ဆိုတာကြီးကို ခဏလောက်ဖြစ်ဖြစ် ကျွန်တော် မေ့ထားလိုက်ချင်တယ်ဗျာ.. အနာဂတ်ဟာ မိုးလိုစိမ်းစိုနေမလား ဆောင်းလိုပဲ အေးခဲနေမလား ကြိုတင်မမြင်နိုင်သေးတဲ့ အနာဂတ်ကို စိတ်ကူးနဲ့ မှန်းမျှော်ကြည့်ရတာ တခါတခါ ရင်ခုန်စရာတော့ အကောင်းသားဗျ.... ဘ၀ဆိုတာ ရာသီတိုင်းပွင့်တဲ့ ပန်းလိုမဟုတ်ဘူး.... လင်းတလှည့် မှိန်တခါ ကြွေတလှည့် ကြက်တခုန် လောက ဇာတ်ခုံပေါ်မှာ အဖုံဖုံ ကရချည်သေးရဲ့..... နောက်ဆုံးကားလိပ် မချခင်အထိတော့ ငါဟာ ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေဆဲ လူတစ်ယောက်ပါပဲ.. Posted by မိုးနတ်ကြယ်စင် at 5:30 AM 8 comments:

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...