Pages

Friday, November 23, 2012

ဆယ်စုအလွမ်း

ဆယ်စုနှစ်တစ်ခုသာ ပြောင်းလဲသွားခဲ့တယ် ။ အရင်ကလိုပဲ နင့်ကိုချစ်တဲ့စိတ်တွေနဲ့ ငါဟာ ဘာဆိုဘာမှ ပြောင်းလဲမသွားသေးဘူး ။ ဟောင်းနွမ်းမသွားသေးတဲ့ ချစ်ခြင်းတရားတွေနဲ့ အတူ အချိန်တွေကြာလာတာနဲ့ အမျှ မပြယ်လေတဲ့ သံယောဇဉ်တွေက အစွဲလမ်းကြီးနေဆဲ ငါ့ရင်ခွင်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတုန်းပဲ ။ ရုန်းထွက်ဖို့လဲ ခက်ခဲသလို ရုန်းထွက်ဖို့လဲ ငါဟာ မကြိုးစားဖူးဘူး ။ အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့သာ အဆုံးမရှိ မျှော်လင့်ရင်း....... ချစ်ရတဲ့သူ နင်အခုဘယ်မှာ ရှိနေမလဲလို့ သိချင်မိတယ် ။ ဟိုးအဝေးက ..... တိမ်တိုက်တွေထဲမှာလားကွယ် ။ မိုးနတ်ကြယ်စင်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...