Pages

Saturday, November 17, 2012

မှန်ကွဲစများ၏ရာဇ၀င်

တစ်ခါတစ်ခါ... ငါ့ကိုယ်ငါ မမှတ်မိဘူး လူထူးလူဆန်းလိုမင်သက် စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ... ပျော့ညံ့လိုက်တာကွာ (အားမတန် မာန်ချ... တဲ့) တစ်ခါတလေကျ ငါ့ဟာငါတောင်အံ့သြ နှမြောတသ ဖြစ်နေမိသေးတယ်... နေရာလွဲမှားသွားလို့ ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့ ငါ့ရဲ့မာနအတွက်လေ... သေပစ်လိုက်စမ်းပါလား (တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... ) တစ်ခါတစ်ရံ ပြန်ပြန်မေးယူရတယ် ငါဟာငါဟုတ်သေးရဲ့လား ပထမတန်းစားသတ္တိတွေနဲ့ သူရဲကောင်းတံဆိပ်တွေ အခါခါရ... မိုးမလင်ချင်ကြတော့ဘူး... (အိပ်မက်တွေကချိုတယ်... ) အဲဒါနဲ့... ကာလတွေသာကြာရော... ၀ိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ မှန်တစ်ချပ်လည်းကွဲကျ... ။ (ကျကွဲခြင်းမဟုတ်ပါ...) မနော်ဟရီ Manor Hary

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...