မေ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် မှာ အမြန် လမ်းမကြီးမှာ ဖြစ်ပေါ်နေတဲ့ အန္တရာယ်များနဲ့ ပတ်သက်ပြီးရေးသားတဲ့အခါ
-- မည်သည့်နိုင်ငံတွင်မှ အဝေးပြေးလမ်း ဖောက်ရာတွင် အသုံးမပြုသည့် ကွန်ကရစ်ကို အသုံးပြုထားခြင်း၊ -- လို့ ရည်ညွှန်းရေးသားထားတာကို တွေ့ရပါတယ်။
ဒီစကားဟာ ဘယ်နိုင်ငံမှာမှ ကွန်ကရစ်အဝေးပြေးလမ်းမတွေ ဖောက်လုပ်ခြင်းမရှိဘူးလို့ ဆိုလိုတာဖြစ်တယ်လို့ နားလည်မိပါတယ်။
ကျွန်တော်လေ့လာမိသလောက်တော့ ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ်တွင်းရှိ အဝေးပြေးလမ်းမ များရဲ့ လေးရာခိုင်နှုန်းဟာ ကွန်ကရိလမ်းမများဖြစ်ပြီး အမေရိကန်နိုင်ငံအဝေးပြေးလမ်းများရဲ့ ၃၀% ဟာ ကွန်ကရစ်လမ်းမများဖြစ်ပါတယ်။ တစ်ခြားနိုင်ငံများမှာလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်နိုင်ငံမှာမှ ကွန်ကရစ်နဲ့ အဝေးပြေးလမ်းမဖောက်ဘူး လို့ တထစ်ချပြောလို့ မရဘူးထင်ပါတယ်။
ကတ္တရာလမ်းမကြီးများနဲ့ ကွန်ကရစ်လမ်းမကြီးများ အကြား နှိုင်းယှဉ်လေ့လာမှုကို Benefits of Concrete Highways - Lehighnw.com
www.lehighnw.com/canada/pdf/ Benefits_0f_Concrete_Hwy.pdf
မှာလေ့လာနိုင်ပါတယ်။
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရင်တော့ ဒီ့ထက် ပိုပြီး ပြည့်စုံတဲ့အချက်အလက်များရနိုင်ပါတယ်။ ကျွန်တော်ကတော့ သာမာန်စိတ်ဝင်စားသူတစ်ဦး အနေနဲ့ လေ့လာထားတာပါ။
ကျွန်တော်တို့ ဟာ သတင်းစာများရဲ့ အယ်ဒီတာ့အာဘော်များကို အလေးထားဖတ်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာမှတ်တမ်းမှာလည်း အယ်ဒီတာ့အာဘော် သို့မဟုတ် ခေါင်းကြီးများရဲ့ အရေးကြီးမှုကို အတော်ပြည့်ပြည့်စုံစုံရေးထားပါတယ်။
ဒီလိုအလေးထားခံရတဲ့အယ်ဒီတာ့အာဘော်မှာ အယူအဆလွဲမှားပြီးရေးသားတာမျိုးဟာ စာဖတ် သူများမှာပါ မှားယွင်းတဲ့ အမြင်တွေဖြစ်စေနိုင်တဲ့အတွက် ထောက်ပြရခြင်းဖြစ်ပါတယ်။
.. www.MyanmarExpress.net

www.lehighnw.com/canada/pdf/

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...