အသက် ၅၂ အရွယ်ရှိ Daniel Rosmann လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ Milwaukee
သရဲအိမ်ကြီးဆီ အလည်အပတ်သွားရောက်ကြည့်ရှုခဲ့ပြီး ကြည့ှ်ုနေချိန်အတွင်း
အမျိုးသားနဲ့ အမျိုးသမီး အားလုံးပေါင်း ရှစ်ဦးအား အတင်းအဓ္မကိုယ်ထိလက်ရောက်
လိင်ဆက်ဆံကျူးလွန်ခဲ့တာကြောင့် ဖမ်းဆီးခံရတယ်လို့ WISN သတင်းအရသိရတယ်။
အဲဒီသရဲခြောက်တဲ့အိမ် ပိုင်ရှင် Corey Stephens ကတော့ Daniel Rosmann ဟာ တခြားသူတွေလိုပဲ အခကြေးငွေပေးဆောင်ကာ အိမ်ထဲဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ပထမဦးဆုံး မကျေနပ်တဲ့တိုင်တမ်းချက်ရောက်လာပြီးတဲ့နောက် သူ့ရဲ့ အိမ်အတွင်းပိုင်း လုံခြုံရေးအဖွဲ့က Rosmann ရောက်တဲ့ နေရာအတိအကျကို ရှာဖွေဖို့ ကြိုးစားဆောင်ရွက်ခဲ့တယ်။ လုံခြုံရေးကင်မရာတွေထဲက တစ်ခုကနေ အဲဒီလို ကိုယ်ထိလက်ရောက် အဓ္မပြုကျင့်မှုတွေကို ဖမ်းထားနိုင်ခဲ့တယ်။
ဒီသရဲခြောက်တဲ့အိမ်ဟာ လွန်ခဲ့တဲ့သုံးနှစ်ခန့်ကတည်းက ရှိခဲ့တာပါ။ လူတစ်ယောက်က တစ်ခြားသူတွေကို ခုလို ဒုက္ခရောက်စေခဲ့တာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့ Stephens ကပြောတယ်။ ဒီကိုယ်ထိလက်ရောက်ပြုမူဆော်ကားနေတဲ့ ဗီဒီယိုမှတ်တမ်းက အတော်ကို ရှင်းလင်းပြတ်သားပါတယ်။ ဒါဟာ တကယ့်အဖြစ်ပျက်အမှန်ပါလို့ ပြောခဲ့ပါတယ်။
Rosmann ဟာ လိင်ပြုမူကျူးလွန်ဆော်ကားတဲ့ ပြစ်မှု ၃ ခု နဲ့ စွပ်စွဲခံထားရပါတယ်။
Source: Cosmopolitan

From:
Trend Myanmar

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...