သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 27, 2013

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း အတွင်းရှိ သားဈေး ငါးဈေး မြင့်တက်



 ၂၇.၇.၂၀၁၃၊ စနေနေ့
ယခုရက်ပိုင်းအတွင်း သားငါးဈေး အပြောင်းအလဲကြောင့် မီးဖိုချောင်စရိတ် မြင့်တက်လာကြောင်း ရန်ကုန်တိုင်း အတွင်းရှိ အိမ်ရှင်မများ၏ အဆိုအရ သိရသည်။“အရင်ကဆို ၀န်ထမ်းလစာတွေ တိုးရင် ကုန်ဈေးနှုန်း တက်တာရှိတယ်။ အခုက ဘာကြောင့်မှန်း မသိဘူး၊ ဈေးတွေ တက်တယ်” ဟု ရန်ကုန် ကမာရွတ်မြို့နယ်မှ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်မြရီက ပြောသည်။

ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ ဦးခေါင်းကို မိကျောင်းကိုက်


ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ 
ဦးခေါင်းကို မိကျောင်းကိုက်

ဗန်ကောက်  ဇူလိုင်  ၂၆
ထိုင်းနိုင်ငံ ဆူမက်ပရာကန်မြို့ တွင် လွန်ခဲ့သည့် သီတင်းပတ် အကုန်က မိကျောင်း စတန့်ပြကွက် ပြသနေစဉ် အတွင်း မိကျောင်းတစ်ကောင်သည် ၎င်းအား လေ့ကျင့်ပေး
သူ၏ ဦးခေါင်းကို ကိုက်ခဲ့ကြောင်း သိရသည်။

မလေးရှား အင်မီဂရေးရှင်းမှ ထုတ်ပြန်ချက် အပြည့်အစုံ (မလေးရှားရောက် မြန်များအတွက်)



ပြီးခဲ့တဲ့ ၄ ရက်က ကျွန်တော်တို့ ရေးသားပေးခဲ့တဲ့ မြန်မာပြည်ပြန်မည့်သူများအတွက် မလေးရှားနိုင်ငံ အင်မီဂရေးရှင်းက ပြန်လည်တိုးမြင့်လိုက်သော ဒဏ်ငွေ ၃၀၀၀ အတွက်ကြောင့် မြန်မာပြည်ပြန်ရန် ပြင်ဆင်ထားတဲ့ မလေးရှားရောက် မြန်မာများ တော်တော်ခက်ခက်ခဲခဲဖြစ်ကြတဲ့အကြောင်းသိရှိပြီးဖြစ်ပါလိမ့်မည် ။

တရုတ်သို့ တင်ပို့မည့် ခွေးများအား တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ခွေးချစ်သူများမှ ၀ယ်ယူ၍ ဘေးမဲ့လွှတ်ရန်စီစဉ်



၂၇.၇.၂၀၁၃၊ စနေနေ့
တရုတ်ပြည်သို့ မန္တလေးမြို့နှင့် အနီးဝန်းကျင် မြို့များရှိ ခွေးလေခွေးလွင့်များကို ဖမ်းဆီးစုဆောင်း၍ တင်ပို့ရောင်းချရန် သိုလှောင်ထားသော ခွေးဂိုဒေါင်မှ ခွေးများကို မန္တလေးမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ရန်ကုန်မြို့ ခွေးချစ်သူများမှ ၀ယ်ယူကာ ဘေးမဲ့လွှတ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အမေရိကန်တွင်သာ ရှိသော ကိုယ်ပျောက် တိုက်လေယာဉ် (Stealth Boomber)



Stealth Boomber လို့ခေါ်တဲ့ The Northrop Grumman B-2 Spirit ဟာ ကမ္ဘာမှာ အမေရိကန်နိုင်ငံတွင်သာ ရှိတဲ့ ကိုယ်ပျောက် တိုက်လေယာဥ ပါ။ Stealth Aircraft ချင်းအတူတူ ကမ္ဘာ့နိုင်ငံတိုင်းက ထုတ်ပေမယ့် Stealth Boomber မှာ ထူးခြားချက် များစွာ ရှိပါတယ်။
မြေပြင် စစ်စခန်းတွေမှာသာ အသုံးပြုလေ့ရှိတဲ့ တာဝေးပစ် ဒုံးကျည် အမျိုးအစားများ ဖြစ်တဲ့ Standoff missiles များကိုတောင် သယ်ဆောင် နိုင်ပြီး တိုက်ခိုက်ရေးမှာ အသုံးပြုလို့ ရပါတယ်။

၂၇-၇-၂၀၁၃ လူပြောများတဲ့ အမြန်လမ်း အကြောင်းကို လောလောလတ်လတ် အပြည့် မောင်းခဲ့တဲ့ ယာဉ်မောင်းတစ်ယောက်အနေနဲ့ အတွေ့ အကြုံလေးပြောပြမယ်



ရန်ကုန်က မန္တလေးအသွားမှာ ရန်ကုန်-နေပြည်တော် မိုင် ၂၀၀
နေပြည်တော်-တံတားဦး ၁၅၃ မိုင် ပြီးတော့ မေမြို့တက်လို့ ထုံးဖိုကတန်းတက်သွားတယ်
မန္တလေးက ရန်ကုန်အပြန်မှာ ကျွဲဆည်ကန် အထွက် ၃၆၈ လို့ထင်တယ် အဲဒီကစတယ်

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဘေလီတံတား ခုနစ်စင်း ပေးအပ်မည်

အိန္ဒိယနိုင်ငံ The headquarters of Red Shield Division, Leimakhong တွင် ကျင်းပသော နှစ်နိုင်ငံ နယ်စပ်ရေးရာ ကော်မတီ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံမှ ဒုတိယဗိုလ်ချုပ်ကြီး Arun Kumar Sahni က အနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်အား ဘေလီတံတား ၇ စင်းပေးအပ်ခဲ့ ကြောင်း အိန္ဒိယနိုင်ငံမှ သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ သိရသည်။

တောင်သမန်အင်း ရေတိုးချိန်တွင် ဦးပိန်တံတားသို့ ပြည်တွင်းဧည့်သည် လာရောက်မှုပိုများ

တောင်သမန်အင်း ရေမြင့်တက်ချိန်၌ ဦးပိန်တံတားသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်ထက်ပြည်တွင်းဧည့် သည် လာရောက် လည်ပတ်မှု ပိုများကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ တိုးချိန်၌ တောင်သမန်အင်းရေ မြင့်တက်လေ့ရှိပြီး အင်းရေတိုးချိန် ဦးပိန်တံတားသို့ မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသများမှ လာရောက်ကြည့်ရှု လည်ပတ်လေ့ရှိကြောင်း သိရသည်။

ရွှေကျောင်းပြင်ဆင်ဖို့ အမေရိကန် ကူညီမည်

မန္တလေး
မန္တလေးကိုမိုးဇော်
26.07.2013
မန္တလေးမြို့က ရတနာပုံခေတ်လက်ရာ ရှေးဟောင်းရွှေကျောင်းကြီးကို အမေရိကန်နဲ့ မြန်မာပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းဖို့ ပြင်ဆင်နေပြီး ဒီပြုပြင်ဆောင်ရွက်တာကို အမေရိကန်ဒေါ်လာ ၅သိန်း မြန်မာကျပ်ငွေ သိန်း၅ထောင်လောက်သုံးစွဲမှာဖြစ်ကြောင်းနဲ့ ၂နှစ်အတွင်းအပြီးလုပ်ဆောင်မှာဖြစ်ကြောင်းယဉ်ကျေးမှုဌာန ဒုဝန်ကြီးနဲ့ အမေရိကန်သံအမတ်တို့က ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

နိုင်ကျဉ်းလက်ကျန်စိစစ်ရေး ညှိနှိုင်း

အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
မဆုမွန်
27.07.2013
၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်မြောက် လာနိုင်ရေး အကျဉ်းသားစာရင်းကို အတိအကျ သမ္မတထံပေးပို့ဖို့ ပြင်ဆင်နေ ကြတယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်။ အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ကျဉ်းလွတ်မြောက်ရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ရန်ကုန်မှာ တွေ့ဆုံခဲ့ကြပါ တယ်။ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး ဆွေးနွေးခဲ့ကြတဲ့ သတင်းအပြည့်အစုံကို မဆုမွန်ကတင်ပြထားပါတယ်။

တစ်နိုင်ငံလုံးတွင် ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း ၈၀၀ ကျော်ရှိလာမည်

 ရန်ကုန် ၊ ၂၇-၇-၂၀၁၃
၂၀၁၂ ခုနှစ်အတွင်း ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန မှ ခွင့်ပြုထားသည့် ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း အရေအတွက်မှာ ၇၀၀ ကျော်ရှိရာမှ ယခုနှစ်အတွင်း ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း ၁၀၀ ခန့် ထပ်မံ ခွင့်ပြု ပေးထားရာ စုစုပေါင်း ၈၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက်က အနည်းဆုံး တပ်ရင်း ၁၀ ရင်းဖြင့် အားဖြည့်ထားပြီ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက်က အနည်းဆုံး တပ်ရင်း ၁၀ ရင်းဖြင့် အားဖြည့်ထားပြီး လုံခြုံရေးကို အနီးကပ် စောင့်ကြည့်နေကြောင်း စစ်ဘက်နှင့် နီးစပ်သော သတင်းအရ သိရသည်။မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘင်္ဂလာဒေခ်ျ့ နှင့် နီးစပ်သော နယ်စပ်တလျှောက် တွင် တပ်မဟာ (၁၅) (စကခ- ၁၅) လက်အောက်ခံ တပ်ရင်း (၅ ) ရင်း ရှိနေပြီး အဆိုပါ တပ်ရင်းများထဲတွင် ခမရ ၃၄၅၊ ခမရ ၅၅၁၊ ခမရ ၅၅၂ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည် သွေးပေါင်ကျ၊ ကျန်းမာရေးအခြေအနေ ၂၀၁၅ ထိ မသေချာတော့

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGbGrkMDdgBvsKVIqYQu_mw8MmWCm-vpQ0y-CvWgQ3TQC_Fzs3kfYcLt6qxT-Q_6uelY8tO2zswtf3yt4vVLE293zuTUqAK-VnncQYJUpUsoahvALdDLDfvFv2la9e-Wt_g3zzKGRJH2M5/s1600/610x11.jpg ယခုနှစ်အတွင်း အသက် ၆၈ နှစ်ပြည့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၅ တွင် သမ္မတလုပ်မည်ဟု ကြွေးကြော်ထားသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ၂၀၁၅ ထိ မသေချာတော့ကြောင်း ဒေါက်တာတင်မျိုးဝင်း နှင့် နီးစပ်သည့် အစ္စလမ်ဘာသာဝင်တစ်ဦးမှ ပြောကြားလိုက်သည်။ လက်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အနောက်နိုင်ငံများမှ တန်ဖိုးကြီးဆေးဝါးများကို နေ့စဉ်သုံးစွဲနေပြီး ၎င်း ကို အသက်ဆက်ထားရကြောင်း သတင်းရရှိသည်။

ချိုတူးဇော် ဘာလဲ ဘယ်လဲ ??

 ဒီပုံက ပြည်ပရောက်နေပြီး တိုင်းပြည်ကို လေနဲ့အုပ်ချုပ် ဘုရားလောင်းထက်ပိုပြီးသိကျွမ်းသူ ချိုတူးဇော်ဆိုတာတဲ့သူပါ
ဦးရဲထွဋ်က ချိုတူးဇော်ဆိုတဲ့လူအကြောင်း သေချာမသိလို့သာ တကူးတကစာရေးရှင်းပြနေတာပါ။ တကယ်တော့ ချိုတူးဇော်ဆိုတဲ့လူဟာ ဦးရဲထွဋ်လို personal detail တွေလို အင်တာနက် ကအလွယ်တကူရှာဖို့မလွယ်တဲ့ မြန်မာပြည်က လူတစ်ယောက်အကြောင်းကို မဆိုထားနဲ့ ကလေးကစပြီး သိတဲ့ ကမ္ဘာ့ထိပ်သီးဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းကိုတောင် တိုနီဘလဲနဲ့ နာမည်မှားရေးတဲ့ ငပိန်းတစ်ယောက်ပါ။

ယခုလ ၁၅ဝဝ ဂျီ ဆက်သွယ်ရေး တံဆိပ်ဖြင့် ရောင်းမည်

ယခုလရောင်းမည့် ကျပ်ထောင့်ငါး ရာတန် ဂျီဖုန်းအား MPT တံဆိပ်ဖြင့် ရောင်းမည်ဖြစ်ပြီး ကတ်ပျောက်လျှောက် ထားမှုကို တိုင်းမန်နေဂျာ ရုံးများ တွင်သာ ဆောင်ရွက် ရမည်ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။ ''ဆက်သွယ်ရေး တံဆိပ်နဲ့ ရောင်း တယ်ဆိုပေမယ့် ဖုန်းကတ်ေ ပျာက်တာကို တော့ တိုင်းမန်နေဂျာ ရုံးတွေကပဲ ဆောင်ရွက်မှာပါ။ MEC ဖုန်းတွေ လျှောက်ရသလို မျိုးပဲ နှုန်းထားလည်း မပြောင်းလဲပါဘူး'' ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာ မှူးတစ်ဦး က ပြောသည်။

အမှုန့် ကြိတ်ချင်နေတဲ့ ရဲမိုး

 နေစမ်းပါအုန်းကွာ....
ချောက်ထဲကျဖို့  လက်နှစ်လုံးအလို ဆိုတာကို ....
အခု.....ချောက်နဲ့ မိုင် ၂၀၀ လောက်အကွာရောက်မှ
ထိုင်ပြီး ဟာသလုပ်နေတယ်...ဟုတ်စ....။

၁၉၈၈ ခုနှစ်မှာ …..
တစ်နိုင်ငံလုံး အုပ်ချုပ်ရေးယန္တရား ပြိုကျ....
ရဲ ..မီးသတ်..ဘဏ်..အသံလွှင့်ဌာန မကျန် …..
သပိတ်မှောက် ဆန္ဒပြ......။

အဆိုတော် လင်းလင်းသိစေရန် ဒဲ့ပေးစာ


ကဲ..မောင် လင်းလင်းရေ ခင်ဗျားကို တော့ ကောင်းချီးကောင်းကောင်းပေး ရတော့မယ်..။
ကျုပ် အရင်ဆုံးပြောချင်တာက ကျုပ် NLD ကမဟုတ်သလို ၊ ကြံ့ဖွံ့ ကလဲ မဟုတ်ပါဘူး..
(အရင်ရှင်းအောင် ပြောထားတာပါ)

" မန္တလေးမြို့ သေဆုံးခြင်း "ဆိုတဲ့ ခင်ဗျားရဲ့ သီချင်း......
ကျုပ်ကိုယ်တိုင် မျက်ရည်တွေ ကျခဲ့မိတယ်..မခံစားနိုင်လို့  နောက်ကျနေတဲ့ အသိတွေနဲ့ အတူ လက်သီးကို ကျစ်ကျစ်ပါနေအောင် ညှစ်ဆုပ်မိခဲ့တယ်.....

မြန်မာမွတ်စလင်ဟု ခေါ်သည့် မွတ်စလင်အဖွဲ့ချုပ်၊TIME မဂ္ဂဇင်းသတင်းထောက် (Hannah Beech) ၊ ဒေါ်စု မိတ္ထီလာမှ NLD အမတ်ဦးဝင်းထိန်၊ တစ်ပူးမှသန်းထွဋ်အောင် သို့ မေးချင်သည့် မေးခွန်းများ

အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းသည့် ဘာသာတရားဟု
ဆိုလျှင်/ မွတ်စလင်တို့သည် အကြမ်းဖက်သမားများမဟုတ်
ဟုဆိုလျှင် ....

၁။ (၁၂-ရာစု)ခန့်က ဥရောပတိုက်မှာရှိတဲ့ ခရစ်ယာန်နိုင်ငံတွေဟာ
ဘာကြာင့် ခရူးဆိတ်ခေါ်တဲ့ တပ်ပေါင်းစုကိုဖွဲ့စည်းပြီး မွတ်စလင်
တွေကို သွေးချောင်းစီးပြီး ခုခံကာကွယ်ခဲ့ရတာလဲ?

Friday, July 26, 2013

မြန်မာများကို ဒဏ်ကြေး ရှစ်ဆ တိုးမြှင့်မှု မလေးရှား အစိုးရ ယနေ့ ပြန်ဆုံးဖြတ်မည်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1zkE6xP53yC0W7O4ZULC51K0t8CMNj-BRnDb035SKm7IPGT9Oww9hsUajun5SYfGen6WfO0SQrRu6-L9ht10dR75fBl2AWE70DrO0TTOg6Jl61lhXlAafZ7uvkN9n5N7UXxCwnU3XrVo/s1600/1.jpgမလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များ ပြည်တော်ပြန်ရန် ပေးဆောင်နေသည့် ဒဏ်ကြေးကို ရုတ်တရက် ရှစ်ဆခန့် တိုးမြှင့်ခဲ့ရာ ယခင် ကောက်ခံသည့် ရင်းဂစ် ၄၀၀ အတိုင်း ပြန် လည် ခွင့်ပြု မပြု မလေးရှား အစိုးရက ယနေ့ အကြောင်းပြန် မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းတွင် ရေကြီးမည့် ဘေးအန္တရာယ်ရှိဟု မိုးလေ၀သကြေညာ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivwgyhVijuIsryhL17opxpe56GmZJ5PJ94Z6lW0S6keFeDoKRAOTQcf7nASQV1vfHOxbdsG_akLBi9EgOCGBu8EyFTdijEprx2t9Q4ZcRLSC18JU7jcQ1NNfOMPSbVKNUy-UmpPwDCxbU/s1600/969362_408346469274996_956285581_n-300x199.jpg
တနင်္သာရီတိုင်း ထားဝယ်မြို့ ရေကြီးမှုမြင်ကွင်း (ဓာတ်ပုံဖိုးဇော်)ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးမယ့် ဘေးအန္တရာယ်ရှိပြီး ငသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက်ရောက်နေပြီလို့ မိုးလေ၀သဌာနက ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

လှေဖြင့်လူကုန်ကူးသူများကို စစ်တပ်ဖြင့် ဖြေရှင်းရန် သြစတြေးလျပြင်ဆင်

Photo: လှေဖြင့်လူကုန်ကူးသူများကို စစ်တပ်ဖြင့် ဖြေရှင်းရန် 
သြစတြေးလျပြင်ဆင်
Thursday, July 25, 2013

လူကုန်ကူးသူများအား တားဆီးရည်ရွယ်ချက်ဖြင့် မကြာမီက ပေါ်လစီသစ် 
ကြေညာပြီးနောက် လှေဖြင့်လူကုန်ကူးသူများအား တွန်းလှန်ရန် စစ်တပ်ဖြင့် 
တုံ့ပြန်ရေး အစီအစဉ်တစ်ရပ်ကို သြစတြေးလျ ကွန်ဆာဗေးတစ် အတိုက်အခံများက 
ယနေ့ထုတ်ဖော်ပြောကြားသည်။

သြစတြေးလျနိုင်ငံသို့ လူပေါင်းထောင်ပေါင်းများစွာ လှေများဖြင့် အသက်စွန့်ကာ
 ခိုလှုံခွင့် တောင်းခံရန် လာရောက်နေကြရာ တိုနီအက်ဘော့တ် ခေါင်းဆောင်သည့် 
အတိုက်အခံ အဖွဲ့က ၎င်းတို့အာဏာရပါက ပြဿနာ ကိုင်တွယ်ရန် စစ်တပ်ဗိုလ်မှူးကြီး 
ဦးစီးသည့် ပူးတွဲအဖွဲ့ တစ်ခုကို ထားရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၃တွင် သြစတြေးလျနိုင်ငံသို့ လှေဖြင့်လာရောက်သူ တစ်သောင်းခွဲကျော် 
ရှိနေပြီး နိုဝင်ဘာအကုန်တွင် ကျင်းပမည့် နိုင်ငံတဝှမ်း ရွေးကောက်ပွဲ 
မတိုင်မီတွင် ၎င်းကိစ္စနှင့် စပ်လျဉ်းသည့် ပေါ်လစီသစ်သည် အဓိက ဖြစ်နေကာ 
ရွေးကောက်ပွဲ၌ အက်ဘော့သည် လေဘာပါတီမှ လက်ရှိဝန်ကြီးချုပ် ကေဗင်ရတ်နှင့် 
ယှဉ်ပြိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့ နယ်စပ်တွေမှာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးပေါ် အခြေအနေ 
ဖြစ်နေပါတယ်” ဟု ခိုလှုံခွင့် တောင်းခံသူများ လိုက်ပါလာသည့် လှေ 
အင်ဒိုနီးရှား နိုင်ငံတွင်း နစ်မြုပ်ပြီး အနည်းဆုံး ကိုးဦးသေဆုံးမှု 
ဖြစ်ပွားပြီး နောက်တစ်ရက်တွင် နယ်စပ်ဆိုင်ရာ လုပ်ဆောင်ချက် စီမံကိန်း 
စတင်ချိန်တွင် ပြောကြားသည်။

“ဒါဟာ နှစ်ကာလရှည်ကြာအောင် ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အရေးကြီးပြင်ပ 
ပြဿနာတွေထဲက တစ်ခုဖြစ်တယ်။ ဒီပြဿနာကို ဆုံးဖြတ်ချက် စောလျင်စွာချခြင်း၊ 
အားချင်း လုပ်ဆောင်ခြင်း၊ သင့်တင့်တဲ့ အနေအထားနဲ့ အလေးအနက် ဆောင်ရွက်ခြင်း 
စတာတွေနဲ့ ကိုင်တွယ်ရပါမယ်”ဟု ဆက်လက် ပြောကြားသည်။

“ဒါကြောင့်ပဲ ကျွန်တော်တို့တွေဟာ ဒီလိုအရမ်းကို အရေးကြီးတဲ့ 
နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေကို ထိန်းချုပ်ဖို့ အကြီးတန်း 
စစ်တပ်အရာရှိ တစ်ဦးရှိဖို့ လိုအပ်တာဖြစ်တယ်”ဟုလည်း ပြောကြားသည်။

သုံးပွင့်အဆင့်ရှိ ဗိုလ်မှူးသည် လူဝင်မှုဝန်ကြီးထံ တိုက်ရိုက်အစီရင် 
ခံရမည်ဖြစ်ကြောင်း ယခုပြဿနာသည် ပစ်မှတ်ထား လုပ်ဆောင်သည့် စစ်ဆင်ရေးတစ်ခု၏ 
စည်းကမ်းနှင့် ဦးတည်ဆောင်ရွက်မှု လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ တုံ့ပြန်ချက်သည် ဝန်ကြီးချုပ်ရတ်က တရားမဝင် လာရောက်သည့် 
လှေများအနေဖြင့် သြစတြေးလျတွင် ကမ်းကပ်ခွင့် မရှိကြောင်း ပါပွာနယူးဂီနီသို့
 ပို့ဆောင်ခြင်း သို့မဟုတ် မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း သို့မဟုတ် 
တတိယနိုင်ငံသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်မည့် ပေါ်လစီသစ် ချမှတ်ပြီး 
တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

လူဝင်မှုဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ စကော့မော်ရစ်ဆန်က အက်ဘော့အဆိုသည် 
ကာကွယ်ရေး အကြီးတမ်း အကြံပေးများနှင့် နှစ်ပေါင်းများစွာ 
အလုပ်လုပ်ကိုင်ပြီး စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်ချသည့် ကိစ္စကို 
တစ်သံတည်း အမိန့်ပေး ပုံစံအဖြစ် ပြောင်းလဲစေမည်ဖြစ်ကြောင်း ပြောကြားသည်။

အက်ဘော့က ၎င်းသည် လှေများအားနောက်ကြောင်း ပြန်လှည့်သွားရန် ကာကွယ်ရေးတပ်ကို 
ညွှန်ကြားမည်ဖြစ်ကြောင်း အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်သည်။ 
ဝန်ကြီးချုပ်ရတ်ကအက်ဘော့၏ နယ်စပ်ဆိုင်ရာ ဆောင်ချက်သည် အရေးမပါကြောင်း 
ပြောကြားပြီး “နယ်စပ်လုံခြုံရေး ကိစ္စက သြစတြေးလျရဲ့ဘယ်အစိုးရ အတွက်မဆို 
ခက်ခဲတဲ့ ကိစ္စပါ” ဟု လည်းပြောကြားသည်။

မြန်မာ့ခေတ်
လှေဖြင့်လူကုန်ကူးသူများကို စစ်တပ်ဖြင့် ဖြေရှင်းရန် သြစတြေးလျပြင်ဆင် Thursday, July 25, 2013 လူကုန်ကူးသူများအား တားဆီးရည်ရွယ်ချက်ဖြင့် မကြာမီက ပေါ်လစီသစ် ကြေညာပြီးနောက် လှေဖြင့်လူကုန်ကူးသူများအား တွန်းလှန်ရန် စစ်တပ်ဖြင့် တုံ့ပြန်ရေး အစီအစဉ်တစ်ရပ်ကို သြစတြေးလျ ကွန်ဆာဗေးတစ် အတိုက်အခံများက ယနေ့ထုတ်ဖော်ပြောကြားသည်။ သြစတြေးလျနိုင်ငံသို့ လူပေါင်းထောင်ပေါင်းများစွာ လှေများဖြင့် အသက်စွန့်ကာ ခိုလှုံခွင့် တောင်းခံရန်

တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်ခုကို စတင် တည်ဆောက်နေပြီဖြစ်

Photo: တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်ခုကို စတင်
 တည်ဆောက်နေပြီဖြစ်
Friday, July 26, 2013

မြောင်းမြမြို့၊မြစိမ်းရောင်တောင် ရှေးဟောင်း သုတေသန နယ်မြေမှာ ၂၁၆ တောင် 
ဉာဏ်တော်ရှိ မြတိဂုံစေတီတော်ကြီး ရင်ပြင်၌ တန်ချိန် ၃၃၃ တန်
အထိ သွန်းလုပ်မယ့်  ကြေးသွန်း ခေါင်းလောင်းကြီးကို စတင် တည်ဆောက်နေပြီ 
ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး မှာတော့ 
ကြေးပိဿာချိန် ၂ သိန်းနဲ့ တည်ဆောက်မှာ ဖြစ်ပြီး ကမ္ဘာ အကြီးဆုံး 
ခေါင်းလောင်ကြီး အဖြစ် တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီးကို ပြီးခဲ့တဲ့ ဇွန်လပိုင်း ကတည်းက 
ဆရာတော်ကြီးရဲ့ ဆိုဆုံးမမှုကို ခံယူပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ 
တိုင်ပင်ကာ တွက်ချက်မှု များပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြေးသွန်း 
ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ကြာချိန် အနေနဲ့ ၃ နှစ်ခန့် ကြာမြင့်မယ်လို့
 သိရပါတယ်။အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှု ကုန်ကျငွေမှာ 
ခန့်မှန်းခြေ အားဖြင့် သိန်းပေါင်း ၇ သောင်းခန့် ကုန်ကျမှာ ဖြစ်တယ်လို့ 
သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်ရာမှာ အလှူငွေ ထည့်ဝင် 
လှူဒါန်းလိုတဲ့ အလှူရှင်တွေ အနေနဲ့ တစ်ဦးလျင် အများဆုံး ငွေကျပ် သုံးသောင်း
 အထိသာ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်ငွေ 
စာရင်း အမှတ် SY 11 သို့ ထည့်ဝင် လှူဒါန်းနိုင် တယ်လို့ သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ဧရာဝတီတိုင်း၊ 
မြောင်းမြမြို့၊ မြစိမ်းရောင်တော်ပေါ် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ 
ဆံတော်ရှင်မြတိဂုံ စေတီတော်နဲ့တည်ထား ဖို့အတွက် ဆောက်လုပ်မှုတွေ ပြုလုပ်တာ 
ဖြစ်ပါတယ်။ ဒီလို မြတိဂုံစေတီတော် တစ်ဆူဖြစ်လာတဲ့ အခါ အများပြည်သူ 
ကောင်းမှုနဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး တစ်ခုရှိဖို့ လိုအပ်လာမှာ 
ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
မြောင်းမြမြို့၊မြစိမ်းရောင်တောင် ရှေးဟောင်း သုတေသန နယ်မြေမှာ ၂၁၆ တောင် ဉာဏ်တော်ရှိ မြတိဂုံစေတီတော်ကြီး ရင်ပြင်၌ တန်ချိန် ၃၃၃ တန်
အထိ သွန်းလုပ်မယ့် ကြေးသွန်း ခေါင်းလောင်းကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး မှာတော့ ကြေးပိဿာချိန် ၂ သိန်းနဲ့ တည်ဆောက်မှာ ဖြစ်ပြီး ကမ္ဘာ အကြီးဆုံး ခေါင်းလောင်ကြီး အဖြစ် တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။အခုလို ကြေးသွန်း ခေါင်းလောင်းကြီးကို ပြီးခဲ့တဲ့ ဇွန်လပိုင်း ကတည်းက ဆရာတော်ကြီးရဲ့ ဆိုဆုံးမမှုကို ခံယူပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ကာ တွက်ချက်မှု များပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာတွင် လေပွေတိုက်ခတ်ခြင်းနှင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်


7.25.9

ရွေးမြစ်ရေ တိုက်စားမှုကြောင့် ပြင်ရွာကျေးရွာတွင် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေစဉ်
               မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာတွင် ဇူလိုင် ၂၄ ရက်
တစ်နေ့တည်းတွင် လေပွေတိုက်ခတ်ခြင်းကြောင့် ကျေးရွာစာသင်ဆောင် အမိုးများ ပျက်စီးလွင့်ပါခြင်း၊ မြစ်ရေတိုက်စား ခြင်းကြောင့် ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါနေ့ ညနေ ၆ နာရီခန့်တွင် မိုးအနည်းငယ် ရွာသွန်းကာ လေပွေတိုက်ခတ်မှုကြောင့် ပြင်ရွာကျေးရွာ အထက်တန်းကျောင်းခွဲရှိ ရတနာဆောင်နှင့် သီဟဆောင်များမှ စာသင်ခန်းအချို့ အမိုးများ လွင့်ပျံကာ အမိုးကိုင်းများပါ ပျက်စီးခဲ့ရကြောင်း၊ လူထိခိုက်မှု မရှိကြောင်း သိရသည်။

ငွေ နဲ့ တရားဥပဒေ

 ၂၀၁၂ခုနှစ်july ၁၉ ရက်(အာဇာနည်နေ့ )တွင် အမှတ် ၇ ရပ်ကွက် ရေကျော်လမ်းမတွင် အကြွေစေ့ လောင်းကစားဆိုင်အားဝင်ရောက်ဖမ်းဆီးခဲ့သည် ယမန်နှစ်(ဂလိုဘယ် ) ဆိုင်တွင် သတင်းနှင့်ဓါတ်ပုံပါပြီး ဆိုင်ဝန်ထမ်းအပါအ၀င် အကြွေစေ့လောင်းကစားသူ ၂၂ ဦးတိတိဖမ်းဆီးရမိ ခဲ့သည် ဖမ်းမိသူများကို ပုဇွန်တောင် မြို့နယ်ရဲစခန်းမှ အာမခံဖြင့် ညတွင်းချင်းပြန်လည်လွှတ်ပေးခဲ့သည် အမှူကိုတရားရင်ဆိုင်လာရာ ၁နှစ် ကျော် ကြာပြီးနောက်23.7.3013 အင်္ဂါနေ33း0 တွင်ပုဇွန်တောင် မြို့ နယ်တရားသူကြီး ဒေါ်အေးအေးခိုင်မှ
အမိန့်ချမှတ်ခဲ့သည် ဆိုင်ဝန်ထမ်းများအပါအ၀င်

ရေကာတာ ကျိုးကျမှုနှင့် မိုးရွာသွန်းမှု များပြားသောကြောင့် ဒေးဒရဲမြို့နယ်ရှိ လယ်ဧက တစ်သိန်းခွဲခန့် ရေနစ်မြုပ်

7.25.4

ဒေးဒရဲမြို့နယ်တွင်းရှိ ရေနစ်မြုပ်လျက်ရှိသော လယ်မြေများအား ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် 
ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ်တွင် ပင်လယ်အား ပိတ်ဆို့ထားသော ရေကာတာ ကျိုးကျမှုနှင့် မိုးရွာသွန်းမှု များသောကြောင့် လယ်ဧက တစ်သိန်းခွဲခန့် ဇူလိုင်၂၃ ရက်မှစတင်ကာ ရေနစ်မြုပ်နေကြောင်း ဒေသခံ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

ရေကူးကန်ကသတိပေးနေတဲ့ Global Warming

Photo: ရေကူးကန်ကသတိပေးနေတဲ့ Global Warming
Friday, July 26, 2013

India နိုင်ငံ မွန်ဘိုင်း Wadala,Bhakti Park မှာတည်ရှိတဲ ရေကူးကန်ပါ။
လူတွေရဲ့ အမြင်အာရုံကို ပုံမှန်ထက်ဆန်းသစ်အောင် ဖန်တီးထားတဲ့
အဆိုပါရေကူးကန်ဟာ နယူးယောက်မြို့ပုံရိပ်ကို ကောင်းကင်ယံမှ ရိုက်ကူးထားပြီး 
ရေကူးကန်ကြမ်းပြင်မှာ ရေးဆွဲထားတာကို ထူးခြားစွာ
မြင်တွေ့ရမှာပါ။

အကြောင်းကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတုပြောင်းလည်း
ဖောက်ပြန်မှု၊ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု တို့ကြောင့်
နှောင်နှစ်ပေါင်းများစွာကြာမြင့်လာပါက ကမ္ဘာပေါ်မှာရှိသမျှ
မြို့တွေအားလုံးဟာ ပင်လယ်ရေအောက်ကိုရောက်ရှိသွားမှာ ဖြစ်တယ်ဆို
တဲ့အကြောင်းကို ပုံဖော်ရေးဆွဲထားခြင်းဖြစ်တယ်။

ဓာတ်ပုံဆရာရဲ့  ရိုက်ကူးဖန်တီးမှုနဲ့အတူ လာရောက်အပန်းဖြေသူတိုင်းကို
ပီပြင်စွာသတိပေး ဖော်ပြထားတာကို ယခုလိုမြင်တွေ့ရမှာပါ။

Ref:Know
Khun Nay(August Myanmar Media Group).
India နိုင်ငံ မွန်ဘိုင်း Wadala,Bhakti Park မှာတည်ရှိတဲ ရေကူးကန်ပါ။
လူတွေရဲ့ အမြင်အာရုံကို ပုံမှန်ထက်ဆန်းသစ်အောင် ဖန်တီးထားတဲ့
အဆိုပါရေကူးကန်ဟာ နယူးယောက်မြို့ပုံရိပ်ကို ကောင်းကင်ယံမှ ရိုက်ကူးထားပြီး ရေကူးကန်ကြမ်းပြင်မှာ ရေးဆွဲထားတာကို ထူးခြားစွာ

ဒေါသ တစ်ချက်


ကျွန်တော်က ကားခရေစီပါ…။ ကားချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်လည်း မမှားဘူးပေါ့ဗျာ… ကျွန်တော့်ဘ၀မှာ ကျွန်တော့်မိန်းမရယ်… သားလေးရယ်…ကျွန်တော် အခုစီးနေတဲ့ ကားလေး ရှိရင် ကျွန်တော့် ဘ၀က ပြည့်စုံပြီ…။တစ်ရက်.... ကျွန်တော် အလုပ်က အတော်ပင်ပန်းလာတယ်..။ စိတ်ပန်း လူပန်း ဖြစ်နေတာကြောင့် အိမ်ရောက်တာနဲ့ ထမင်းစားပြီး ဘာအလုပ်မှ မလုပ်ပဲ တန်းအိပ်ပြစ်ဖို့ ကျွန်တော် တွေးထားလိုက် တယ်..။ အိမ်ကိုရောက်ပြီး ကျွန်တော့် မိန်းမ ပြင်ဆင်ထားတဲ့ ထမင်းကိုစားပြီး အိပ်ဖို့အတွက် အပေါ်ထပ်ကို ကျွန်တော် တက်ခဲ့တယ်..။

ကျွန်တော်နှင့် သရဲကိုမြင်အောင် စမ်းသပ်ခြင်း

"ခွေးတွေ ကြောင်တွေက သရဲ၊ ၀ိဥာဉ်တွေကို မြင်နိုင်စွမ်းရှိတယ်ဆိုတာ ဟုတ်လား အဖိုး.."

"အေး ..ဟုတ်တယ်ကွဲ…၊ ဒါကြောင့် ညဘက် ခွေးအူသံကြားရင် သားတို့ကို အဖိုး အပြင်မထွက်ခိုင်းတော့တာပေါ့…"

"တစ်ချို့ ကံနိမ့်တဲ့သူဆိုရင် ခွေး၊ကြောင် တွေရဲ့မျက်ချေးကို မျက်စိမှာသုတ်ရင် ပရလောကကိုတောင် မြင်နိုင်စွမ်းရှိတယ်…."

အမေ - ၃


ကျွန်တော်တို့ ရပ်ကွက်ထဲတွင် လကုန်ရက်များတိုင်း တစ်စုံတစ်ခုကို စောင့်မျှော်နေတတ်သော အဒေါ်ကြီး တစ်ယောက်ရှိလေသည်…………….။

အဒေါ်ကြီးမှာ ယောက်ျားဖြစ်သူဆုံးပါးသွားပြီး နောက်ပိုင်း သားသမီး (၃) ယောက်တို့ကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေး ပြီး ပညာသင်ပေးခဲ့သည်။ အဒေါ်ကြီးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲတွင် စံပြ မိသားစုဖြစ်ခဲ့ပြီး အားလုံးက လေးစားခဲ့ကြသည်။

ဘုရားဆင်းတုတော်ထုလုပ်ရာမှာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ်ဦးနှောက်တော် ပုံသဏ္ဌာန် တည်ရှိနေကြောင်းဖူးမြော်တွေ့ရှိရ

 မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အောက်ခြေအနီးရှိ သစ္စဝေဒဂူ (မိုးကုတ်ဝိပဿနာကျောင်းတိုက်) တွင်ပူဇော်ထားရှိရန်အတွက် ကုက္ကိုသားဖြင့် ဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပုံ ဆင်းတုတော်ကြီးတစ်ဆူထုလုပ်ရာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော် ပုံသဏ္ဌာန် ၊ ၀မ်းဗိုက်တော်အတွင်း ၌ အူးများယှက်လိမ်နေပုံ ပုံသဏ္ဌာန် ၊ ခြေဖ၀ါးတော်တွင် သွေးကြောများယှက်ဖြာနေပုံ သဏ္ဌာန် ထူးဆန်းအံ့သြဖွယ်ဖူးတွေ့ရပါသည်။

တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ ငါးမွေးကန်တစ်ခု မီးလောင်မှုဖြစ်ပွား

7.25.24

တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ ငါးမွေးကန်မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အတွင်းရှိ ဖို့မြေရပ်ကွက်တွင် ဇူလိုင် ၂၅ ရက် ညပိုင်းက မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ Rich Farm အမည် ငါးမွေးကန်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် ၂၅ ရက် ည ၇နာရီ ခွဲခန့်တွင် စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၁၁၄ ဦး သေဆုံး

 အာဖဂန် နစ္စတန်နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်း အချိန်မှစ၍ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ရက်အထိ အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၁၁၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ စစ်တမ်းကောက် ယူမှု တစ်ရပ်အရ သိရသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ သောက်သုံး မှုကြောင့် ဆေးရုံ တက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ် ထင်မြင်ချက် တောင်းခံထားကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းကျေးရွာမှ ကျေးရွာသား ခုနစ်ဦးသည် ဇူလိုင် ၁၆ ရက်က ကျေးရွာ အရက်အရောင်းဆိုင်မှ ဘီအီး အရက်ဝယ်သောက်သုံးခဲ့ရာ သေဆုံးသူနှစ်ဦး၊ မူးဝေအော့အန် သဖြင့် ဆေးရုံတက်ရောက် ကုသခဲ့ရသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် နိုင်ငံတကာ အဆင့်မီရန် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

7.25.19 လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားလမ်းချော် ၈၀ ဦးသေ

  ကူညီကယ်ဆယ်ရေးသမားတွေ ရထားပျက်နား ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေ (Credit: Reuters)
ဗီဒီယို Explosion heard before train derailed
စပိန်နိုင်ငံ ​​အနောက်မြောက်ပိုင်းမှာ ​​မနေ့က ​ရထားလမ်းချော်မှု ​​ဖြစ်ပွားတဲ့အတွက် ​​အနည်းဆုံး ​​လူ အယောက်ပေါင်း ​၈၀ ​သေဆုံးပြီးနောက် ​သေဆုံးသူတွေအတွက် ​သုံးရက်ကြာ ​ဝမ်းနည်းပူဆွေးတဲ့ ​အခမ်း အနားပြုလုပ်နေကြပါတယ်။

အမျိုးသမီးများထက် အမျိုးသားများက အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာနိုင်

အိမ်တွင်း အကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများထက် အမျိုးသားများက ပို၍ခံစားလာရနိုင်ကြောင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားလိုက်ပါသည်။

ယခင် စစ်တမ်းများအရ အမျိုးသမီးများသည် အကြမ်းဖက်ခံရမှု၏ သားကောင်များ အများဆုံး ဖြစ်လေ့ ရှိသော်လည်း ယခုအခါတွင် အမျိုးသားများက ပိုများပြားလာနိုင်ကြောင်း ထပ်မံကောက်ယူထားသည့် စစ်တမ်းများက ဖော်ပြကြသည်။

၂၆-၇-၂၀၁၃ ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး


တောင်သူများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ဗိုလ်ချုပ် စိုးရှိန်ကို ယခင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ဘေး ကပ်လျက်တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာတွင် တောင်သူ ၃ ဦး ပိုင်ဆိုင်သော ဧက ၁၀၀ ၀န်းကျင်ရှိ သီးနှံစိုက်ပျိုးထားသည့် မြေပေါ်တွင် ဗိုလ်ချုပ်စိုးရှိန်က တောင်သူများအား သေနတ်ပြကာ ခြိမ်းခြောက်ခဲ့သည့် ဖြစ်ရပ်ကို ဒေသ အာဏာပိုင်များက အမှုဖွင့် မပေးသေးကြောင်း စုံစမ်း သိရှိရသည်။

၂၆-၇-၂၀၁၃ တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် ညှိနှိုင်းနေ


malay-july25

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် လာရောက်လျှောက်ထား နေသူများကို တွေ့ရစဉ်
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ အကြောင်းကြားပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (C of I) လျှောက်ထားခဲ့ပြီးဖြစ်သည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၇၀၀ ခန့်ကို တစ်ဦးလျှင်

မန္တလေးမြို့ရှိ ရတနာပုံခေတ်နှောင်းပိုင်းလက်ရာ သီပေါမင်း၏ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်လေ့လာ

မန္တလေးမြို့ရှိ ရတနာပုံခေတ် နှောင်းပိုင်းလက်ရာ သီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

ဝန်ကြီးအပြောင်းအလဲတွေ သုံးသပ်ချက်

 ကိုအောင်လွင်ဦး
26.07.2013
ဝန်ကြီးနဲ့ ဒုတိယ၀န်ကြီးတွေ အပါအ၀င် အဆင့်မြင့်ရာထူး ၂၀ ကျော် ကို မြန်မာအစိုးရက ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အစိုးရ အဖွဲ့တွင်း အပြောင်းအလဲတွေဟာ ထိပ်တန်းခေါင်းဆောင်တွေကြား အားပြိုင်မှု အဖြစ် မြန်မာနိုင်ငံမှာ တွေ့မြင်ရလေ့ ရှိတတ်ပေမဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ အားကောင်းလာစေဖို့ ရည်ရွယ် တဲ့ လက္ခဏာတွေ လည်း တွေ့ရတယ်လို့ အကဲခတ်တွေကတော့ မြင်နေကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

တရားရေးမဏ္ဍိုင်အားနည်းမှု ဒေါ်စုထောက်ပြ

နေပြည်တော်မှာ 
မြန်မာသတင်းသမားများနဲ့တွေ့ဆုံစဉ် တရားရေးမဏ္ဍိုင်အားနည်းချက်ကို 
ထောက်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ၊ ဗွီအိုအေ-မြန်မာ)နေပြည်တော်မှာ မြန်မာသတင်းသမားများနဲ့တွေ့ဆုံစဉ် တရားရေးမဏ္ဍိုင်အားနည်းချက်ကို ထောက်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ၊ ဗွီအိုအေ-မြန်မာ)
 ကိုကျော်ကျော်သိန်း
26.07.2013
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အားအနည်းဆုံး ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တရားသူကြီးအဆင့်ဆင့်ကို ခန့်ထားတာမှာ လွတ်လပ်ပြီး တရားဥပဒေရေးရာ ကျွမ်းကျင်သူတွေကိုပဲ ခန့်ထားဖို့လိုသလို တရားစီရင်ရေးပိုင်းအပေါ် အုပ်ချုပ်ရေးကဏ္ဍက ၀င်ရောက် စွက်ဖက်တာမျိုး မရှိဖို့လိုတယ်လို့ တရားစီရင်ရေးလောကသားတွေက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော် သိန်းက သတင်းပေးပို့ထားပါတယ်။

Thursday, July 25, 2013

၂၅-၇-၂၀၁၃ ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး



ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ နယ် သာဓုကန်ကျေးရွာ အုပ်စု ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ "အဖြစ်အပျက်က တုန်လှုပ်ခြောက်ချား စရာပါ၊ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်မနိုင်နိုင်ဝင်းတို့ ဟာ အုပ်ထိမ်းသူ လူကြီး မိဘတွေရဲ့ တင်းကျပ်လွန်းတဲ့

၂၅-၇-၂၀၁၃ မြန်မာအလုပ်သမားများအတွက် အထူးလျှောက်ထားခွင့်လက်မှတ်ခ မလေးရှားလ၀က ရှစ်ဆခန့်မြှင့်



ရန်ကုန် -မလေးရှားနိုင်ငံ
လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသို့ပြန်မည့် မြန်မာအလုပ်သမားများအား အထူးလျှောက်ထားခွင့် (Special Pass) လက်မှတ်ခကို ရင်းဂစ် ၄၀၀ ကောက်ခံရာမှ ရင်းဂစ် ၃၀၀၀ သို့ ရှစ်ဆခန့် တိုးမြှင့်ကောက်ခံ လိုက်သည်။

၂၆-၇-၂၀၁၃ တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် ညှိနှိုင်းနေ

malay-july25 မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် လာရောက်လျှောက်ထား နေသူများကို တွေ့ရစဉ်
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ အကြောင်းကြားပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (C of I) လျှောက်ထားခဲ့ပြီးဖြစ်သည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၇၀၀ ခန့်ကို တစ်ဦးလျှင်

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား

killed-july25
အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်း သန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း ၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် ကမ်းလှမ်းထား

Photo: ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် 
ကမ်းလှမ်းထား
Thursday, July 25, 2013

အာဆင်နယ်မှာ လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် 
ထပ်ဆောင်းပေး၍ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ အာဆင်နယ်သည် 
ဆွာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့၏ 
ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ကြေး 
တိုးမြှင့်၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ယခု အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်မှာ ဟီဂူအင်၊ ရွန်နီ၊ ဆွာရက်ဇ်စသည့် 
ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဟီဂူအင်ကို နာပိုလီက ယူရို
 ၃၇သန်းဖြင့် ခေါ်ယူနိုင်တော့မည်ဖြစ်ကာ ရွန်နီကိုလည်း မန်ယူမှ 
လက်လွှတ်ဖွယ်မရှိခြင်းကြောင့် ဆွာရက်ဇ်ကို အမိအရ ခေါ်ယူရန် 
ကြိုးပမ်းနေပြီးယခုကမ်းလှမ်းခဲ့သော ပြောင်းရွှေ့ကြေး
အရ လီဗာပူးအနေဖြင့် ဆွာရက်ဇ်ကို အသိပေးရမည်ဖြစ်သည်။ ဆွာရက်ဇ်မှာ မဲဘုန်းကို
 ၂ဂိုးပြတ် အနိုင်ရခဲ့သောပွဲစဉ်တွင် လူစားဝင် ကစားသွားခဲ့ပြီး အသင်းအတွက် 
ဒုတိယအနိုင်ဂိုး ဖန်တီပေးနိုင်ခဲ့ကာ အီဗန်နိုဗစ်ကို ကိုက်ခဲ့ သည့်အတွက် 
လီဗာပူး၏ ရာသီအ၀ ပွဲစဉ် ၆ပွဲကို လွဲချော်ရမည်ဖြစ်သည်။

http://yoyarlay.com/sport/football/36778-2013-07-24-16-56-02
ဇော်ထွန်း(ရိုးရာလေး) 
အာဆင်နယ်မှာ လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် ထပ်ဆောင်းပေး၍ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ အာဆင်နယ်သည် ဆွာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့၏ ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ယခု ကဲ့သို့ ပြောင်းရွှေ့ကြေး တိုးမြှင့်၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

မိစန္ဒီ ရဲ့ ဒုတိ ယတေးစီး ရီး ပစ်တိုင်းထောင် လို့ နာမည်ပေး

Photo: မိစန္ဒီ ရဲ့ ဒုတိယတေးစီးရီး 
ပစ်တိုင်းထောင်လို့ နာမည်ပေး
Thursday, July 25, 2013

'မိုနိုပိုလီ' တစ်ကိုယ်တော်စီးရီး နဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင် 
အမာရရှိထားသူဖြစ်တဲ့ မိစန္ဒီက ဒု တိယတစ်ကိုယ်တော်အခွေ အတွက်သီချင်းတွေ ရေး 
ဖြစ်နေရာ သီချင်း ၃ပုဒ်ရေးပြီး သွားပြီလို့ ဆိုပါ တယ်။ ဒုတိယစီး ရီးရဲ့ 
ခေါင်းစဉ်က 'ပစ်တိုင်းထောင်' လို့ နာမည်ပေး
ထားကြောင်း မိစန္ဒီ က "ညီမဒုတိယခွေtitle ကိုတော့ 'ပစ် တိုင်းထောင်' 
လို့နာမည်ပေးထားတယ်။ အဲဒီသီချင်းကို ညီမကိုယ်တိုင် ရေး ထားတဲ့ 
သီချင်းလေးဖြစ်တယ်။ အဲဒီ သီချင်းလေးရဲ့ အဓိပ္ပာယ်က ဘဝ အကြောင်းရေးထားတာပါ။ 
အခု လောလောဆယ်တော့ သီချင်း ၃ ပုဒ်ပဲရှိသေးတယ်။ ဒီဒုတိယစီးရီး မှာ 
ညီမကိုယ်တိုင်ရေးထားတဲ့သီချင်း တွေ တစ်ဝက်ကျော်လောက်ပါမှာပါ" လို့ 
ပြောပါတယ်။

ပထမဦးဆုံးတစ်ကိုယ်တော်စီး ရီးဖြစ်တဲ့ 'မိုနိုပိုလီ' က ပရိသတ်တွေ 
ကြားမှာအောင်မြင်မှု ရရှိထားတဲ့ အတွက် ဒုတိယစီးရီး 'ပစ်တိုင်း ထောင်' 
ကိုပရိသတ်အားပေးမှု လျော့ မသွားအောင်ဘာတွေ ပြင်ဆင်သွား 
မလဲဆိုတာနဲ့ပတ်သက်ပြီး မိစန္ဒီ က "အခုထွက်မယ့် ဒုတိယ စီးရီးက 
လူငယ်ပိုဆန်သွားမယ်။ အရင်ခွေ ထက်စာရင်တော့ အတွေ့အကြုံအရ 
နည်းနည်းလေးပိုသိလာတယ်။ ပထမ ခွေကအောင်မြင်ခဲ့တဲ့အတွက် ဒုတိယ ခွေမှာ 
တာဝန်ပိုကြီး သွား တယ်။ ဒုတိယခွေ ကို ပရိသတ်တွေ ပိုလက်ခံပြီး အရင်ခွေထက် 
ပိုကြိုက် အောင် လုပ်သွားမယ်။ အခုသီချင်း ရေးတာကအစ တာဝန်ကြီးတယ်" 
လို့ပြောပါတယ်။

တွယ်တာ
Popular Journal
'မိုနိုပိုလီ' တစ်ကိုယ်တော်စီးရီး နဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင် အမာရရှိထားသူဖြစ်တဲ့ မိစန္ဒီက ဒု တိယတစ်ကိုယ်တော်အခွေ အတွက်သီချင်းတွေ ရေး ဖြစ်နေရာ သီချင်း ၃ပုဒ်ရေးပြီး သွားပြီလို့ ဆိုပါ တယ်။
ဒုတိယစီး ရီးရဲ့ ခေါင်းစဉ်က 'ပစ်တိုင်းထောင်' လို့ နာမည်ပေးထားကြောင်း မိစန္ဒီ က "ညီမဒုတိယခွေtitle ကိုတော့ 'ပစ် တိုင်းထောင်' လို့နာမည်ပေးထားတယ်။ အဲဒီသီချင်းကို ညီမကိုယ်တိုင် ရေး ထားတဲ့ သီချင်းလေးဖြစ်တယ်။ အဲဒီ

လွန်ခဲ့သော နှစ်နှစ်က ဈေးချို အနီး လိုင်စင်မဲ့ ယာဉ်ဗုံးပေါက် ကွဲမှု ယနေ့ အမိန့်ချ


 Photo: လွန်ခဲ့သော နှစ်နှစ်က ဈေးချိုအနီး လိုင်စင်မဲ့ 
ယာဉ်ဗုံးပေါက်ကွဲမှု ယနေ့အမိန့်ချ
Thursday, July 25, 2013

မန္တလေးမြို့တွင် ၂၀၁၁ခုနှစ်ဇွန်လ၂၄ရက်နေ့က မန္တလေး ဈေးချိုအနီးတွင် 
လိုင်စင်မဲ့ယာဉ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆသူ 
ငါးဦးအား ပေါက်ကွဲမှုပုဒ်မ ၃/၆-၁၇(၁)၊ ပေါက်ကွဲမှု ပုဒ်မ-၆တို့ဖြင့် 
ဖမ်းဆီးစစ်ဆေးပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ထိန်းသိမ်းထားရာ 
ယနေ့နေ့လည်က မန္တလေးခရိုင် တရားရုံးတွင် ပြစ်မှုကျူးလွန်ကြောင်း 
ထင်ရှားသဖြင့် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ အဘဦးအိုက်စိုင်း၏သား စိုင်းမိုးဟိန်းအား 
အလုပ်နှင့်ထောင်ဒဏ်၁၂နှစ်၊ အဘဦးအိုက်ပေ၏သား စိုင်းသန်းနိုင်အား 
အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ်၊ အဘဦးသိန်းမောင်၏သား စိုင်းကျော်သန်းအား 
အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ်ခွဲ၊ အဘဦးကံစိန်၏သား စိုင်းလှအောင်အား 
အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်၊ အဘဦးကိုကို၏သား စိုင်းမျိုးခင်အား 
အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်စီ ကျခံစေရန် ခရိုင်တရားရုံးမှ ယနေ့နေ့လည် ၃နာရီက
 အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
...
ဇူလိုင်လ(၁)၇က် နေ့ကလည်း ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ် တစ်စီး ပေါက်ကွဲ 
မှုကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ဇူလိုင်လ(၂၂)ရက်နေ့က ဆရာတော် 
ရှင်ဝီရသူ၏ တရားပွဲတွင်လည်း တိုရိုတာဆလွန်း အဖြူရောင်မှ ပေါက်ကွဲ မှုဖြစ်ကာ
 ကိုရင်တစ်ပါး၊ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးဒ ဏ်ရာရရှိ 
ခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုကို လက်လုပ်မိုင်းကြောင့် 
ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ လုံခြုံရေး ကင်မရာများမ မသင်္ကာဖွယ်လူနှစ်ဦးအား 
တွေ့ရှိရ၍ စစ်ဆေး .နေကြောင်း လည်း သိရသည်။
လူလူ
@ မြန်မာ့ခေတ်

မန္တလေးမြို့တွင် ၂၀၁၁ခုနှစ်ဇွန်လ၂၄ရက်နေ့က မန္တလေး ဈေးချိုအနီးတွင် လိုင်စင်မဲ့ယာဉ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆသူ ငါးဦးအား ပေါက်ကွဲမှုပုဒ်မ ၃/၆-၁၇(၁)၊ ပေါက်ကွဲမှု ပုဒ်မ-၆တို့ဖြင့် ဖမ်းဆီးစစ်ဆေးပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ထိန်းသိမ်းထားရာ ယနေ့နေ့လည်က မန္တလေးခရိုင် တရားရုံးတွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ကျောက်မီးသွေး ထုတ်သည့် ပုဂ္ဂလိက ကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး အတွက်ထောက်ပံ့ မှု အားနည်း


Photo: ကျောက်မီးသွေးထုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး
 အတွက်ထောက်ပံ့မှု အားနည်း
Thursday, July 25, 2013

ကလေးဝမြို့တွင်း ကျောက်မီးသွေး ထုတ်နေသော ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် 
ကလေးဝမြို့နယ် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများ 
မရှိကြောင်း ကလေး ၀မြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် 
ဦးကျော်စိုးဝင်းက ပြောသည်။

“ကလေးဝ မြို့နယ်တွင်းမှာ ကျောက်မီးသွေး ထုတ်ယူနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ 
၁၅-ခုနှင့် ၂၀-ကြားမှာ ရှိပါတယ်။ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး အတွက် 
ထင်သာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရှိကြပါဘူး။ တကယ်ဆိုဒေသဖွံ့ဖြိုးရေးမှာ 
လိုအပ်တဲ့ ကားလမ်းတွေကို ပြုပြင်ဖို့ စက်ယန္တယား အကူအညီတွေ၊ ကျန်းမာရေးနှင့်
 ပညာရေး ကဏ္ဍတွေ အတွက် ရံပုံငွေ ထောက်ပံ့မှုတွေကို လုပ်ပေး သင့်ပါတယ်။ 

ကလေးဝဒေသကထွက်တဲ့ ကျောက်မီးသွေး တွေကိုသာ ထုတ်ယူသွားကြပေမယ့် ကလေးဝမြို့ခံ 
ပြည်သူတွေအတွက် အကျိုးခံစားခွင့် ရာခိုင်နှုန်းသတ်မှတ်ပြီး ပေးတာမျိုးလဲ 
မရှိပါဘူး”ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက 
ပြောသည်။
ကလေးဝနှင့်မော်လိုက်မြို့နယ်အတွင်း ကျောက်မီးသွေး သတ္တုတွင်းများ အခြေအနေကို
 လေ့လာသည့် စာရင်းအရစာချုပ်ချုပ်ပြီးသည့် ကုမ္ပဏီ(၁၅)ခုရှိပြီး 
ကျောက်မီးသွေး ထုတ်ယူမည့် မြေနေရာ ဧကပေါင်း(၆၀၃၂၀.၆၆၂)ဧက 
ရှိပြီးခန့်မှန်းတန်ချိန် သန်းပေါင်း (၁၈၈.၇၅၈၄) ရှိကြောင်း၊ 
စမ်းသတ်တိုင်းတာခွင့်ပြုမိန့်ရပြီး
ကုမ္ပဏီ (၂)ခုရှိပြီး ဧကပေါင်း(၃၃၀၅.၆၇)ရှိကြောင်း၊ လျှောက်ထားဆဲ 
ကုမ္ပဏီ(၁၀)ခုရှိပြီး ဧကပေါင်း(၂၂၈၆၀)ရှိကြောင်းစစ်ကိုင်းတိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ ထုတ်ပြန်သည့် စာအမှတ်(၂/၃ – ၁၆၁ (၄၉၁)/ဦး 
၆)ပါညွှန်ကြားစာဖြင့်ပူးတွဲဖော်ပြသော စာရင်းများအရ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ကလေးဝမြို့တွင်း ကျောက်မီးသွေးထုတ်နေသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ကလေးဝမြို့နယ် ဒေသ တွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများမရှိကြောင်း ကလေးဝမြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။

ရေးမြို့ပေါ်ရပ်ကွက်အချို့ ရေလွှမ်းခံနေရ

အေမီအောင်
မွန်ပြည်နယ်၊ ရေးမြို့ပတ်ဝန်းကျင်အနီးတဝိုက်၌ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် ရန်ကြီးအောင်၊ အောင်မင်္ဂလာ၊ အောင်သုခ၊ အောင်မေတ္တာရပ်ကွက်များ၌ ရေလွှမ်းမိုးခြင်းခံနေရကြောင်း ရေးမြို့ခံများမှ သိရသည်။

ယခုအခါ အိမ်ထောင်စု ၆၀ ကျော်မှ ရေဘေးရှောင်သူ ၂၆၀ ကျော်အား မြို့နယ်အားကစားရုံထဲတွင် နေရာချပေးထားကြောင်း ရေးမြို့ခံ ကိုကျော်နိုင်ကပြောသည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် အတည်ပြု

 မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။ သို့သော်နိုင်ငံတော် သမ္မတမှ

ကော်ဖီ သို့မဟုတ် လက်ဖက်ရည်

 တစ်နေ့လေးခွက်သောက်ခြင်းက သွေးတိုးကျစေနိုင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို တစ်နေ့လေးခွက် သောက်သုံးပေးသူများဟာ မသောက်သုံးသူများထက် သွေးတိုးပိုကျတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။

တင်ပြီးသား post များ

3D