ကူညီကယ်ဆယ်ရေးသမားတွေ ရထားပျက်နား ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေ (Credit: Reuters) ဗီဒီယို Explosion heard before train derailed
စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မနေ့က ရထားလမ်းချော်မှု ဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ အယောက်ပေါင်း ၈၀ သေဆုံးပြီးနောက် သေဆုံးသူတွေအတွက် သုံးရက်ကြာ ဝမ်းနည်းပူဆွေးတဲ့ အခမ်း အနားပြုလုပ်နေကြပါတယ်။
စပိန်နိုင်ငံ မဲဒရစ်မြို့နဲ့ ဖာရိုးလ်ကြားရှိ ဆန်တီရေးဂို ဒီ ကွန်ပိုစ်စတယ်လာ မြို့နားမှာ ရထားလမ်းချော် ခဲ့တာဖြစ် ပြီး ရထားဘူတာမဆိုက်ခင်လေးမှာ လမ်းချော်ခဲ့တာဖြစ်ပါတယ်။
လူ ၈၀ သေဆုံးတဲ့အပြင် အတော်များများလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ ရထားအောက်မှာ ပိမိသူတွေ၊ သေဆုံးသူတွေ အမြောက်အများရှိပြီး ရထားထဲကနေ အခိုးအငွေ့တွေ ထွက်လာတာကို မြင်ရတယ်လို့လည်း ဆိုပါတယ်။
ရထားက အရှိန်နဲ့ ပြေးနေတုန်း အကွေ့တစ်ခုအရောက်မှာ လမ်းချော်သွားပုံ ဖြစ်တယ်လို့ ခရီးသည် တစ်ဦးက ပြောပါတယ်။ နောက်မျက်မြင်သက်သေတစ်ဦးကတော့ ရထားလမ်းမချော်ခင် ပေါက်ကွဲသံ တစ်ခု ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
လူအမြောက်အများသေဆုံးရတဲ့ ရထားလမ်းချော်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာကို စုံစမ်းဖို့ စပိန်အစိုးရက အဖွဲ့နှစ်ဖွဲ့ဖွဲ့ပြီး စုံစမ်းနေပြီလို့ သိရပါတယ်။ ခုလောလောဆယ် ရထားဒရိုင်ဘာ တစ်ယောက်ကို ဆေးရုံမှာ ထိန်းသိမ်းထားပြီးနောက် တရားရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့နဲ့ ရထားမတော်မဆဖြစ်မှုကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းပြီးတော့ စုံစမ်းစစ်ဆေး မှုတွေ ပြု လုပ်နေကြောင်း သိရပါတယ်။
စပိန်နိုင်ငံမှာ ခရစ်ယာန်ဘာသာတွေက ရဟန်းန္တာ စိန်ဂျိမ်းစ်အတွက် ကျင်းပတဲ့ ပွဲတော်ကြီး မစခင် တစ်ရက်မှာ အခင်းဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
ABC Radio


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...