သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, February 7, 2013

ချစ်သောညီမလေးသိပါစေ

လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့  .............
...
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............


ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............

သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး

မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....

စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်..............

စောင့်ထိန်းရမဲ့  သိက္ခာ..
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင်စကားလုံး အဆင်ပြေပြေ သုံးနိုင်မထင်ဘူး............

တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ
ဂုဏ်ယူချင်တဲ့  စိတ်.......
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ...........

ကျားတို့  သဘာဝ
တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား.........
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် ...........

ယောက်ျားလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်နေသေးရင်
အိမ်ပြေးစကားလုံးထက် ပိုမရဘူး.........

မိန်းကလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်............

ယောက်ျားလေး တစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ
ပင်ပင်ပန်းပန်းလုပ်ရတဲ့  တဒင်္ဂပဲရှိတယ်...............

မိန်းကလေးတစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ်ဆိုတဲ့  စကားလုံး ထက်ပိုမရဘူး.......

ဒီတော့ ညီမလေးရယ်....
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာထားခွင့် ပြုနိုင်ပါစေ..........

ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင်ပါစေကွယ်..............
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............

(ပုံရိပ်စစ်)
လွတ်လပ်စွာကွဲလွဲခွင့် ရှိပါတယ်.....။

ဤဆိုဒ်မှကူးယူဖော်ပြသည်

Wednesday, February 6, 2013

သူငယ်ချင်း

မင်းနဲ့ငါဟာ အကြောင်းသိလို့
 
ပေါင်းမိကြတဲ့ သူငယ်ချင်းတွေဖြစ်တယ်
 
တစ်ယောက်နဲ့တစ်ယောက်
 
ပြောမနာ ဆိုမနာ
 
စေတနာထားခဲ့ကြတယ်
 
ရင်ဘက်နဲ့ပေါင်းတဲ့ သူငယ်ချင်းတွေဖြစ်လို့
 
တစ်ယောက်အကျိုးတစ်ယောက်
 
လိုလားကြတယ်ဆိုတာ
 
ပြောဖို့မလိုဘူးထင်တယ်
 
ဒါ့ကြောင့်...ငါ့ရင်ထဲမှာရှိတဲ့
 
စေတနာစကားတွေကို
 
မင်းအကျိုးမျှော်ကိုးပြီးပြောခဲ့တဲ့အတွက်
 
ဘာမျှော်လင့်ချက်မှ မရှိခဲ့ဘူးဆိုတာ ယုံပါ
 
မတော်တဆ မင်းမကြိုက်တာ ပါခဲ့ရင်လည်း
 
နားလည်ခွင့်လွှတ်ပေးပါလို့ ပန်ကြားပါရစေ...
 
အစစအရာရာ အစဉ်ပြေပါစေ...
 
သူငယ်ချင်း...

အနီးဆုံးသူ



ငါ့စိတ် ငါ့နှလုံးမှာ
အနီးဆုံးသူ ဘယ်သူဖြစ်မလဲ
မသဲကွဲ မရေရာလို့
အဖြေရှာကြည့်နေတုန်း
ဗြုန်းဆို...မင်အကြောင်း
ခေါင်းထဲ ရောက်လာတယ်
ဒီတော့မှ...အသေအချာ
မင်းသာ ကိုယ့်စိတ်နှလုံးနဲ့
အနီးဆုံးလူ ဖြစ်နေတယ်ဆိုတာ
ကိုသိလိုက်တယ်...ရယ်.....
လူတွေအားလုံးထဲမှာ
မင်းသာ ငါ့ရဲ့ စိတ်ဝိညာဉ်
ငါ့ရဲ့ အသည်းနှလုံးနဲ့
အနီးဆုံး (လူ) ပါပဲကွယ်
ရယ်......

ကျိန်စာသင့် နှလုံးသား



ပြက္ခဒိန်တွေသာ တစ်ရွက်ပြီးတစ်ရွက် ပြောင်းသွားတယ်
အလွမ်းတွေဟာ  ခြေရာချင်းထပ်နေလို့..
အသက်. ..ရှင်သန်နေခြင်းဟာ
အဓိပ္ပါယ်ရှိရဲ့လားတောင် ငါမသိတော့ဘူးကွယ်
ရှေ့ဆက်ဖို့က  မျှော်လင့်ချက်က  ပါးပါးလျလျ
နောက်ဆုတ်ဖို့ကျတော့လဲ ငါ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး
ဘာပဲဖြစ်ဖြစ်  အချစ်ကို  ကိုးကွယ်မိနေမှတော့
မင်းအပေါ်ထားတဲ့  ငါ့ရဲ့  အစွဲအလမ်းတွေကို
နောက်ဆုံးထွက်သက် အထိသာ သယ်ဆောင်သွားပါရစေတော့..
ညစဉ်ညတိုင်းလိုလို......
မျှော်လင့်ချက်တွေကို
နံရံ....ကြမ်းပြင်..နဲ့ မျက်နှာကြက်မှာ ချိတ်ဆွဲ
အတွေးတွေနဲ့  ၀န်းရံ ကခုန်ပျော်မြူးတယ်
အချစ်ဆိုတဲ့  အရာဟာ  တခါတရံမှာ
အိပ်မက်အဖြစ်သာ  ငါ့ဆီကို
အလည် ရောက်ရောက် လာတတ်တယ်
အချိုးအကွေ့တွေနဲ့  နေသားကျလို့
ဒါဟာ “ဘ၀”  ပါလို့
အမည်နာမ  မပေးလိုက်ပါရစေနဲ့
အမှောင်ရောက်လို့ အလင်းပျောက်မှာကို
စိုးရွံ့မိနေလို့.....
ထုံးစံအတိုင်း...
ညကလဲ  နက်ဆဲ
ဘ၀ကလဲ  ခက်ဆဲ
ဒါပေမဲ့လဲ .......
အကြင်နာ “မ” ဘုရား
အလှတစ်ပါး ကိုတော့ဖြင့် ...
ရင်ခုန်စွာနဲ့ မျှော်လင့်မိချင်သေးတယ်..

 မိုးနတ်ကြယ်စင် 

ဘာသာခြားကို ယူပြီး မိဘကို တရားစွဲတော့ သမီးလည်းဆုံး၊ မြေလည်းရှုံးရသည့် မိဘနှစ်ပါးသောက ဝမ်းနည်းစရာသတင်းပါ


မိသားစုဓာတ်ပုံကိုကြည့်လိုက်ပါ။ ရွှေမြန်မာစစ်စစ်တွေပါ။ မိဘနှစ်ပါးက ဆားတောင်မြို့နယ် ဇာတိ ဖွားတွေ ပါ။ လက်ရှိတော့ မဟာမြိုင် အပိုင်း (၁) ဒ-၉/၄၂။ ကန်ပတ်လည်ကျောင်းတောင်ဘက် မှာ နေပါ တယ်။ ဦးအောင် သန်း+  ဒေါ်ခင်မြင့်သန်း လို့ခေါ်ပါတယ်။

သမီးဖြစ်သူက ဇင်မာအောင် (၂၃)နှစ် (တရုတ်၊ အင်္ဂလိပ်၊ ကွန်ပျူတာ သုံးဘာသာ) ကျွမ်းကျင်သူ ဘွဲ့ရ ပညာ တတ် တစ်ယောက်ပါ။ ပုံပါအတိုင်း မိဘနှစ်ပါးက တစ်ဦးတည်းသော သမီးလေးအတွက် ဂုဏ်ယူဝင့်ကြွားေ နတာပေါ့။

ဒါပေမယ့် သမီးဖြစ်သူက အိမ်ထောင်သည် ကလေးများဖခင် မူဆလင်ကုလား (၄၁)နှစ်နဲ့ ပတ်သက်နေလို့ မိဘနှစ် ပါးက သတိပေးထားခဲ့ပါတယ်။ မိဘနှစ်ပါးကို အလိမ္မာသုံးပြီး ဟန်ဆောင်ပြတ်စဲ သယောင်လုပ်ကာ အလစ် မှာ ခိုးရာလိုက်ပြေး ပါတော့တယ်။

ခိုးရာလိုက်သွားတာက ပြဿနာမဟုတ်ဘူးလို့ပဲ ယူဆသူတွေ ယူဆကြပါစေဦး။ မြေအရောင်း အဝယ် စာ ချုပ် ကိုပါ သမီးဖြစ်သူက ယူသွားတာပါ။ ယူပြီး သူ့နာမည်ပြောင်းပစ်လိုက်ပါတယ်။ မိဘနှစ်ပါးကို တရားစွဲ လိုက် ပါတယ်။ ခရိုင်ရုံးမှာ စတင်စစ်ဆေးတာပါ။ ရပ်ကွက်လူကြီးကလည်း မိဘနှစ်ပါး စာချုပ်မှာ သက်သေ လက်မှတ် ထိုးခဲ့ကြောင်း ထွက် ဆိုပေး ပါတယ်။ မြေရောင်း သူကလည်း မိဘနှစ်ပါး ကိုသာ ရောင်းခဲ့ကြောင်း သက်သေ ထူခဲ့ပါတယ်။

မဇင်မာအောင်က တရားစွဲတဲ့နေ့ တစ်ရက်တည်းပဲ ရုံးတက်ပြီး၊ ကျန်ရုံးချိန်းတွေမှာ ကုလားနဲ့ အပေါင်းပါ ကုလား အုပ်တွေပဲတက်ပါတယ်။

မိဘနှစ်ပါးက ရှေ့နေမငှားနိုင်ပါဘူး။ အဲ့ဒီတော့ ခရိုင်တရားရုံးမှာ မိဘနှစ်ပါး အမှုရှုံးသွားတာပေါ့။

သမီးလည်းဆုံး၊ မြေလည်း ရှုံးခဲ့ရတဲ့ မိဘနှစ်ပါး ခမျာ ခုချိန်ထိ ချစ်သ မီးလေး မျက်နှာကို မြင်ခွင့်မရတော့ ပါ ဘူး။ ဘယ် မှာနေတယ်၊ ဘယ်လိုနေတယ် ဆိုတာကိုတောင် သိခွင့်မရလို့ တမ်းတမ်း တတ ဖြစ်နေရှာ ပါ တယ်။ သမီးလေး ကလည်း မွေးရ ကျိုး နပ်လောက်အောင် ကျေးဇူး လည်းသိ၊ လိမ္မာရေးခြားလည်း ရှိခဲ့တာ ကိုး ….။

ဝိညာဉ် မဲ့ဘိ၊ စိတ်ရှိသတ္တဝါ၊ မဟုတ်စွာသေး၊ တမာဂွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှော ဖက်၍ သရက် ချိုမြ၊ ဗန္တရ လည်း၊ ကွယ်ပ အပြီး၊ အခါး သီး၏။ မနီး စကောင်း၊ မပေါင်း စထိုက်၊ သူမိုက် ဟူသည်၊ ကျင့် မူနှီဲးနှော၊ ဖျက်တတ်သောကြောင့်၊ သဘော မကြည၊် ဆိပ်မျိုးရ ည်နှင့်၊ မြားကျည် ငါးပုပ်ပမာတည်း။

(ဒဓိဝါဟနဇာတ်) (မဃဒေဝ- ၂၃၇)

(ကုလား ဘယ်သူဆိုတာ၊ ဘယ်လိုအမှုဆင်ကြတယ်ဆိုတာ၊ ဘယ်လို ထွက်ဆိုကြတယ် ဆိုတာတွေ တင်ပေး ပါ မယ်။ အိမ်ဖယ်ပေး ရတော့မယ့် မိဘနှစ်ပါး အနာဂတ် အတွက် တိုင်းတရားရုံးကို အယူခံဝင် ဖို့ ပြင်ဆင်နေ ပါတ ယ်။)

အွန်လိုင်းပရိသတ်များ ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာ၍ သရက်ချိုကို  မခါးအောင်ကာကွယ်နိုင်ကြပါစေ။

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

3.2.2013

စုံစမ်းရန်- 09.2027028

Tuesday, February 5, 2013

ခရီးသွားမှတ်တမ်း

ဘဝခရီးကိုလျှောက်ရာ၌ ကျွန်ုပ်တို့၏စိတ်နှင့်ယှဉ်သော

အတွေးနှင့် အမြင်တို့က ခင်းပေးသောလမ်းအတိုင်း လျှောက်ရ၏။

လမ်းမှားနှင့် လမ်းမှန်ကို မည်သူကမျှ ခင်းပေးသည် မဟုတ်။

ကျွနိုပ်တို့၏ အတွေးနှင့်အမြင်ကသာ ခင်းပေးခြင်းဖြစ်၏။

အမှန်အားဖြင့် လူ့သမိုင်းဟူသည် ကျွန်ုပ်တို့၏

အတွေးနှင့်အမြင်တို့က ခင်းပေးသောလမ်းအတိုင်း

လျှောက်နေကြရသော "ဘဝခရီးသည်တို့၏

ခရီးသွားမှတ်တမ်း" သာ ဖြစ်ပါ၏။။။။။
 
(ဂျာနယ်တစ်စောင်မှကူးယူဖော်ပြပါသည်)

Monday, February 4, 2013

အမည်မဲ့ ခံစားချက်



စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ
လူမတွေ့ပေမယ့် ပုံရိပ်တွေသာ အနားမှာ ရှိရင်
နှစ်သိမ့်စရာ တစ်ခုပေါ့။

အနေဝေးတာ ခဏတာမို့
လက်တွဲရမယ့် အချိန်တွေသာ များစွာ ရှိရင်
ဖြေသာစရာ တစ်ခုပေါ့။

အလွမ်းတွေ ဝေချိန်မှာ
သူမရဲ့ လွမ်းစိတ်တွေက ကိုယ့်အနား ရစ်ဝဲရင်
ကျေနပ်စရာ တစ်ခုပေါ့။

စနေမောင်မောင်

*များများသိသူ*



****များများသိသောသူသည်
 နဲနဲပဲပြော၏ ဟူ၍ ပညာရှိများ
ဆိုမိန့်ထားလဲ ခတ်သိမ်းသော
တရား၌ခတ်မဆိပ်
 အနေမြုံ၍ပါးစပ်ပိတ် ရေငုံနုတ်ပိတ်နေခြင်းမျိုးသည်
ကိုယ်ကျိုးစီးပွားကိုသာကြည့်ခြင်းမည်၏.......

စနေမောင်မောင်

" Forget Him"



Forget his name .

Forget his face

Forget his kiss

His warm embrace.

Forget the love that you once knew

Remember he has someone new

Forget him when they played your song

Remember when you cried all night long

Forget how close you once were

Remember he has chosen her

Forget how you memorized his walk

Forget the way he used to talk

Forget the things he used to say

Remember he has gone away

Forget his laugh forget his grin

Forget the dimples on his chin

Forget the way he held you tight

Remember he’s with her tonight

Forget the time that went so fast

Forget the love the moved, it’s past

Forget he said he’d leave you never

Remember he’s gone forever........................

Truth Love



ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။

စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။

အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။

ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်။

မောင်စေတနာ

Sunday, February 3, 2013

ချိုမျက်နာ



အတိတ်မျက်နာ
သည်မှာကြည့်စမ်း
ကြမ်းတမ်းခဲ့သော၊ ချောမြေ့သောတည့်
ချစ်သောဘဝ
ပေးရသည်မှာ၊ စေတနာ
ရလာသည်မှာ၊ ဝေဒနာ
ဒဏ်ရာပြည့်နှက်၊ ရှုစိမ့်ခက်သနှင့်။

ဖွင့်လှစ်မျက်လုံး
ကြည့်ဦး ပစ္စုပ္ပန်
ပူပန်ခြင်းများ၊ သနားဖြေယူ
ဘယ်သူကများ
ချော့ဖြားနှစ်သိမ့်၊ ဖေးကူလိမ့်လဲ
ရင်ထဲအေးချမ်း၊ စမ်းတစ်ခုကို
ယခု ဖန်ဆင်း၊ ကြင်နာခြင်းပေး
မေတ္တာ ထွေးလှည့်၊ ပြောလေခဲ့လည်း
မနွဲ့မယိမ်း၊ မျက်နှာတိမ်းသူ
သူစိမ်းလေလား၊ မုန်းလို့လားလေ............

သံဝေဂ



ဖြစ်လာတဲ့ဘဝ
ရွေးချယ်ခွင့်မရှိဘူး
ဒါဟာ  အနတ္တ ။

ဆုံးရှုံးရမှာတွေ တွေးမိရင်
ရရှိခြင်းရဲ့ ပူလောင်မှု
ဒါဟာ  ဒုက္ခ ။

အားကုန် ကြိုးစားလျက်နဲ့
ဖြစ်ပျက်သွားတဲ့ သဘောတရား
ဒါဟာ  အနိစ္စ ။

ဖြစ်လာခြင်းကိုက အနတ္တ
ထိန်းသိမ်းရတာ ဒုက္ခ
ပျက်မယ့်ခန္ဓာ အနိစ္စ ။
ဇူဇူးစံ

ဘဝ



မသိဖို့လွယ်ပြီး သိဖို့မလွယ်တဲ့ဘဝ
ကုန်ဖို့လွယ်ပြီး ရှာဖို့ခက်တဲ့ဘဝ
ပြောဖို့လွယ်ပြီး လုပ်ဖို့မလွယ်တဲ့ဘဝ
မရှိဖို့လွယ်ပြီး ရှိဖို့ခက်တဲ့ဘဝ
နာဖို့လွယ်ပြီး သာဖို့မလွယ်တဲ့ဘဝ
စားဖို့လွယ်ပြီး အားဖို့ခက်တဲ့ဘဝ
ကျဖို့လွယ်ပြီး တက်ဖို့မလွယ်တဲ့ဘဝ
ခိုးဖို့လွယ်ပြီး ရိုးဖို့ခက်တဲ့ဘဝ
နှပ်ဖို့လွယ်ပြီး တတ်ဖို့မလွယ်တဲ့ဘဝ
ကြည့်ရလွယ်ပြီး အသိရခက်တဲ့ဘဝ
ဘဝ …. ဘဝ …. ဘဝ ….  ။
ဇူဇူးစံ

ဆေးကြောမယ်...



ဆေးကြောမယ်...
နှစ်သစ်ကို လက်တံတွေနဲ့ရင်တွေဆွဲဖွင့်ကြို
အပြုံးတွေထဲ မျှော်လင့်ချက်တွေထည့်ထားတယ်
နှစ်သစ်မှာ အောင်မြင်ပါစေလို့ …..

နှစ်ဟောင်းတစ်ခု ပြက္ခဒိန်ပြောင်းသွားသလို
ညစ်တာမှန်သမျှ ချန်ထားခဲ့ …ရရင်…. ကောင်းမှာပဲ
မလွဲမသွေ မနက်ဖန်တွေတော့ရှိဦးမယ်။

တနှစ်လုံးဂရုမပြုသမျှ
Happy New Year Wish လုပ်ကြ
ရင်ထဲကလာတဲ့စကားလုံး ဟုတ်ပါစ။

သူ့ထက်ငါအရင် Wish လုပ်ကြ
အချိုဆုံးစကားတွေကူးချ
ဒါ့ထက် … တနှစ်လုံး ဂရုစိုက်ပြရင်မကောင်းလား။

ရက်ကျော် လကျော် မမေ့ကြေး
တနှစ်တာ ဂရုစိုက်မှုတွေပြကြေး
စကားလုံးတွေ ဟန်မဆောင်ကြေးလေ။
ဇူဇူးစံ

တင်ပြီးသား post များ

3D