သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, January 5, 2013

အိမ်ပြန်ချိန်






ခြေချုပ်ကျနေတဲ့ အိပ်မက်တချို့ရဲ့ အတိမ်အနက်
ဘယ်ဘာသာနဲ့ ဖတ်မလဲ
တကယ်တော့ အနာဂတ်တစ်ခုလုံး ဖျားနာကိုက်ခဲ။။။

အပြောင်းအလဲကိုလိုချင်လို့
ညဉ့်နက်နက်မှာ မနက်စာစားကြည့်တယ်
မကောင်းဘူး။။။

ဆောင်းကလည်း ဆောင်းအလျောက်
နွေကလည်း နွေသဘာဝ
သူတို့မှာ...
ဟန်ဆောင်တန်ဖိုးတွေပဲ ရှိကြတယ်။။

အတောင်ပံကျိုးလည်း ငှက်မျိုးရိုးပါပဲ
ဒါပေမယ့်...
အသက်နဲ့ရှင်သန်တဲ့ငှက်
တကယ်ဆို ရှက်တယ်။။

လက်နှစ်ဖက်မှာတော့ သောကြာဂြိုလ်ခုံ
ထူးထူးခြားခြားမောက်နေလေရဲ့
သောက်နေတဲ့ရေထဲ ဂက်စ်မပါသေးတာ
ကံကောင်းတယ်။။။

အနာဂတ်ကို အပိုင်ဝယ်ဖို့အရေး
ကိုယ့်ကိုကိုယ် သွေးနေလိုက်ရတာ
ဟောဟို... ဂေါယာအဖျားမှာ
နေတောင် တစ်ထောက်နားပြန်ရှာပေါ့။။

ငါသေသွားတဲ့နောက်
ကမ္ဘာကလုံးရင်လုံးမယ်၊ ပြားရင်ပြားမယ်
ငါကတော့...
အငြင်းသမားမဟုတ်တော့ဘူး။။

အပြင်လေတွေ ဘယ်လောက်အေးအေး
နှာခေါင်းဝမှာလေက နွေးတယ်
သေချာတယ်...
နွေးထွေးမှုဆိုတာ အတွင်းမှာပဲရှိတယ်။။

တော်ပါပြီ....
ဆော်လမွန်ငါးတွေကို မစောင့်တော့ဘူး
ဒီနွေဦးအမှီ  ငါပြန်တော့မယ်။။။

အလင်းသစ်

Memories



It's been a long time since I smiled.
All my life I'm waiting,
I don't know, why I persist doing this
When I can move on and keep going.
But I won't deplore alle those years
When I think of you every night.
Even shedding those bloody tears,
And all I need is a hug sop tight.

I tried to stay away from you
Even trying to hate you.
I know I'm being hard on myself
Yet it's the right thing to do.
I started to admire other guys,
And sse the rest of the world.
But I cannot Live a life full of ties,
For I thought it's you even when I grew old.

And suddenly I grew tired.
So helpless that I cried.
I don't want anymore pain
O God, I think I'm going insane!

And finally I realized something -
Life isn't only crying.
To move one, I have to let go.
These feelings of mine for you to grow.
"It's not the end of the world, my dear", Mum said to me.
There are so many things around you that you must see.
Now everything seems fine.
I learned to accept facts and wait for the right time.
And it makes more happy to do so.
You've been so special that it's hard to let you go.
I know forever in my heart you'll always be here.
but only to remain as a cherished memory.

[Joan Vivien Dela Cruz]

လက်ကစားလိုက်တာနော်


Tuesday, January 1, 2013

သံယောဇဉ်

ခဏလေးတွေ့ ရုံ
ခုန်မိတဲ့နှလုံးသား
လှုပ်ရှားလို့သွားခဲ့တာ
လက်ဖျားပင်ခါလောက်တယ်...

ကြင်နာသူရယ်
ရင်ပူတယ်ဒီအကြည့်နဲ့ 
လှည့်ဖျားလို့မကစား
သနားဖို့ တောင်းပန်တယ်...

သွားပါအဝေး
အတွေးထဲမလာနဲ့ 
ကိုယ်ရမဲ့ အရှုံးများ
ကြိုသိလို့ထားပါတယ်...

သိစိတ်နဲ့ထိမ်းချုပ်
ဟန်လုပ်ကာနေပေမယ့် 
တွယ်ငြိခဲ့ သူ့ အပြုံး
ကိုယ်ရှုံးလို့သွားပြီကွယ်...

မတွယ်ငြိချင်ပါဘူး
ရူးမတတ်ဖြစ်နေနေ
တွေဝေတဲ့ စိတ်တွေနဲ့ 
မေ့ လိုက်ပါတော့မယ်ကွယ်...

ကြိုးစားလို့ အားတင်း
စိတ်ချင်းကဆက်နွယ်
တွယ်မိတဲ့သံယောဇဉ်
ဘယ်လိုပင်ဖြတ်ရပါ့ 
ခက်လွန်းလှပါတယ်ကွယ်....

(ကဗျာမလေး)

တိတ်တခိုးတွယ်တာ




မင်းကိုတမ်းတ
အလွမ်းညတွေ
ရှည်ခဲ့ပါ၏.......
တမ်းတတိုင်းလေ
မှိုင်းမှုန်ဝေတဲ့
စိတ်အစဉ်
သခင်သာလျှင်
ပိုင်စားစိုးမိုး
   . . .    

ကဲ ....
သခင်လို့တင်စား
ရင်မှာထားတဲ့
မောင့်..အချစ်ရေ
စိတ်အာရုံထွေပြား
သတိရနေစဉ်ခိုက်
စိုးမိုးလိုက်လေ
နွဲ့ နွဲ့သံချိုက
ရင်ကိုသပ်လျှို
လိုက်သလိုပဲ
စူးစူးနစ်နစ်နဲ့
ရူးပြီးချစ်တဲ့အချစ်က
ပူစေတယ်.....
အစတည်းက
အမှားနဲ့စခဲ့
ဘ၀ရဲ့
ရက်အပိုင်းခြားတွေ
ရွေ့လျားကာအမြန်ကုန်ခဲ့
သင်္ချာတစ်ပုဒ်လို
အမှားနှစ်ခါထပ်လို့
အမှန်ဖြစ်ချင်ပေမယ့်
သံသရာနယ်မှာ
အပြန်တစ်ရာမက
ကျင်လည်ချင်ခဲ့လည်း
အမှန်သာဆိုယင်
တို့တို့ချင်းသာ
ဆုံတွေ့ခြင်းဖြစ်စဉ်
မရှိရမှာ........

ကွယ်ရာမှာတော့
လွမ်းနေချင်တယ်
မလွမ်းသင့်မှန်း
ရင်ခွင်နန်းက
အသိသားလေ
မတွေမဝေ
ရင်ခွင်က
ချစ်ခြင်းကိုပေးဆပ်
နှင်းအပ်ခဲ့စဉ်က
မင်းပါးပြင်ထက်မှာ
ချွေခဲ့တဲ့အနမ်း
အတုယောင်မဟုတ်မှန်း
သိပါစေ.......

စွဲလန်းတမ်းမက်
ရင်ကအငွေ့အသက်
တစ်ချက်တစ်ချက်
တွေးမိလိုက်တိုင်း
နွေးကနဲလှိုက်ဖို
သောကတွေပဲ
ပိုလာသလို
မောလျခြင်းဝေဒနာ
ခံစားရခက်
မဖြေသာနေ့ရက်များမှာ
မနေသာညနက်နက်မှာ
မင်းကိုတမ်းတ
အလွမ်းညတွေ
ရှည်ခဲ့ပါ၏.......

သတိတရ
တမ်းတတိုင်းလေ
မှိုင်းမှုန်ဝေတဲ့
စိတ်အစဉ်
သခင်သာလျှင်
ပိုင်စားစိုးမိုး
အဝေးကနေရတဲ့
သခင့်ဓါတ်ပုံတွေ
အမှတ်တရအဖြစ်
ငေးကြည့်ပါရစေ
အဝေးတိတ်တခိုး
မြတ်နိုးစိတ်လေးနဲ့
တိတ်တိတ်ကလေးပဲ
တွယ်တာလို့သာ
နေပါရစေ.......... ။ ။

မာနမဲ့တတ်သူ

ညညတွေမျိုးတရေးနိုရင် 
 နှစ်ခါပြန်မအိပ်ဖူး မိုးလင်းထိထိုင်နေတက်သူ
ဘယ်အရာဖြစ်ဖြစ်တစ်ခါနှင့်ရမှကျေနက်ခဲ့သူ
တစ်ခါနှင့်မရရင်ဘယ်အရာမှမလိုချင်ခဲ့သူ
နေထိုးတဲ့အခါနေပြောက်ကလေးတွေ
ရေချိုးတဲ့အခါရေပေါက်ကလေးတွေ
အသာကိုထိနေတာတောင်မကျေနက်ဖူး
လရောင်ကိုလည်းမနာလိုဘူး
လေပြေကိုလဲမကျေနက်ဖူး
ချစ်တက်လွန်းလို့သဝင်တိုတာနော်
ဒါပေမဲ့ အချစ်ကိုယ့်ကိုယ်မမေ့စေဖို့
အချစ်ကိုယ့်ကိုယ်ချစ်နေစေဖို့
အောက်ကြို့တောင်းပန်အဖန်ဖန်အထက်ထက်
မာနမဲ့တတ်သူပါကွယ်...



Monday, December 31, 2012

မြုံနေတဲ့ အနာ

ငှက်တွေတောင် အိမ်ပြန်ကုန်ကြပြီ
ငါ့မှာသာ အိမ်မပြန်နိုင်သေး
နေ့ဟာ ကြွေကာနီး သစ်သီးတစ်လုံးလို
ပြီးပြည့်စုံစွာ ၀င်းမှည့်နေလေရဲ့
ရှင်းမပြတတ်အောင်ဘဲ ဖြစ်ရတယ် ညနေရယ်
မောလိုက်တာ ...
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို
ဘယ်သူ့ကို ပြောပြရပါ့
တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။

ကြည်မောင်သန်း(လှသန်း)-ဇွန် ၂၀၀၀ ရွက်နုဝေ

Sunday, December 30, 2012

ဆုံးမစာများ


ဝ မရှိဘဲနဲ့  ၀ိမလုပ်ပါနဲ့ 
ခေါ်တိုင်းလည်း မသွားနဲ့ 
...
ကျွေးတိုင်းလည်း မစားနဲ့ 
ပေးတိုင်းလည်း မယူနဲ့ 
ဘယ်အရာကိုမှ ...
မကျင့်ဘဲနဲ့  မမြတ်ချင်နဲ့ 
မသင်ဘဲနဲ့  မတတ်ချင်နဲ့ 
မလုပ်ဘဲနဲ့  မရချင်နဲ
မဟုတ်ဘဲနဲ့  မဟချင်နဲ့ 
မဆင်ဘဲနဲ့  မလှချင်နဲ့ 
မရှိဘဲနဲ့  မကြွားချင်နဲ့ 
မခေါ်ဘဲနဲ့  မလှည့်ချင်နဲ့ 
မတော်ဘဲနဲ့  မ၀တ်ချင်နဲ့ 
မချစ်ဘဲနဲ့  မပိုးချင်နဲ့ 
အမှန်ပြောသော စကားသည် ချိုသာခဲ၏။
တတ်သိနားလည်သူသည် ငြင်းခုန်ခဲ၏။

တင်ပြီးသား post များ

3D