သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, November 17, 2012

အပျော်

မနေ့ညက အပျော် ဒီနေ့ထိ ပျော်နေမိတယ်။ မနေ့ညက ကြည်နူးမှု ဒီနေ့ထိ ကြည်နူးမိတယ်။ ဒီအပျော်နဲ့ ကြည်နူးမှု ပျောက်ကွယ်မှာကို စိုးရိမ်မိလို့ ရင်ဝယ်အမြဲ မဖြစ်မနေ ထိန်းချုပ်ရင်းနဲ့ သိမ်းထားတယ်လေး ...... ။ ချစ်ပါတယ် မြတ်နိုးစွာ ဆိုချင်တယ် ယုံတ၀က် မယုံတ၀က် မလုပ်ပါနဲ့ ရူးမိုက်စွာ ချစ်တာပါ။ စွဲလမ်းတယ် မမြင်ရရင် ရူးချင်တယ် တောင့်တတာ နေတိုင်းကို လွမ်းစိတ်နဲ့ ချစ်တာပါ။ အကြိမ်တစ်ထောင်မက ပြောနေရလဲ ရင်ထဲက စကားလုံးတွေ မကုန်ခမ်းနိုင်အောင် ချစ်တာပါ ။ ငါ မင်းကို ဘ၀တစ်ခုလုံးအတွက် သိပ်ချစ်တယ်။ မောင်စေတနာ

လွမ်းချင်း

လွမ်းစိတ်တွေဖြင့် ချစ်နေမိသည်။ ချစ်စိတ်တွေဖြင့် တမ်းတမိသည်။ တမ်းတရင်းဖြင့် မျှော်နေမိသည်။ မျှော်နေရင်းဖြင့် တွေ့ချင်မိသည်။ တွေ့ချင်စိတ်ဖြင့် လွမ်းနေမိသည်။ လွမ်းလွန်းလွန်လို့ လွမ်းကာနေသည်။ မောင်စေတနာ

နင့်ကို ငါ ချစ် တယ်

နင့်ကို ငါချစ်တယ် နေရောင်ခြည်ကို ချစ်သလို လေထုကို ချစ်သလို ရေငွေ့ကို ချစ်သလို ပင်လယ်ကို ချစ်သလို ပန်းတွေကို ချစ်သလို လောကကြီးကို ချစ်သလို ငါ့ကိုယ်ငါ ချစ်သလို နင့်ကို ငါ ချစ် တယ် နင့်လက်ကို ငါတွဲထားတယ်။ တစ်ခါတလေ ဖြတ်တိုက်သွားတဲ့ လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့် တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင် လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။ လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ် ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။ ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ် ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။ *နိုင်းနိုင်းစနေ*

ပေါင်းစပ်ခြင်း

အကြောင်းအရာက ကဗျာ အအိပ်နှုတ်ခဲ့မျက်လုံးငိုသံနဲ့ ထွန်းချုပ်မဲ့ညအလယ်သန်းခေါင် ပေါင်းစပ်ခြင်းဆိုတဲ့ အကြောင်းမဲ့အလင်းတရားက မနက်တဖန်လင်းစေပြန်ပြီ။ နေရောင်ကို အသေအချာရှောင်ချင်တော့ လမင်းကို ငါအလင်းတဝက်ပေးခဲ့ရတယ်။ တိမ်နက်အသံမှန်စွာနဲ့ ငါ့ရင်မျက်ထန်ရအောင် လမင်းက လှိုင်းမဖြည့်ခဲ့ဘူး။ မထူးပါဘူး ရူးရင်တောင် သိပ်မခမ်းနားလို့ လမင်းအပြုံးကို အကြိုလင့်နေရတဲ့ဘဝ။

ရူ့ထောင့် (ဒေါင့်)

မှန်သလား…မှားသလား ဒီနေရာမှာ ဒီမေးခွန်းဟာ အဖြေမရှိတဲ့ စကား။ အနုပညာ ငါမြတ်နိုးလို့ ဆေးစက်ကျရာ အရုပ်ထင်ဖို့ သရုပ်ပြနိုင်ခဲ့ပေမယ့် ဟန်ဆောင်ခြင်း အတတ်ပညာ ငါမကျွမ်းကျင်ခဲ့လေတော့ “မိတ်ဆွေရေ” မင်းရူ့ထောင့်(ဒေါင့်) မင်းအမြင် လွတ်လပ်စွါ ဝေဖန်နိုင်ပေမယ့် စေတနာအထူးနဲ့ ငါရှုထောင့် ငါ့အမြင် မင်းသိအောင်တော့ လင်းချင်သေးရဲ့………… လောကကြီးကို မင်းအမြင်ခပ်ပါးပါးနဲ့ တစ်ဖက်တည်း မကြည့်ပါနဲ့ လားကွာ “ဗုဒ္ဓနှင့်အနုပညာ ဘာဆိုင်လို့လဲ” ဆိုခဲ့လိမ့်မယ်။ ရှေးပဝေသဏီ လက်ထက်ကပင် “ဆို၊က၊ရေး၊တီး” အနုပညာဂုဏ်ရောင်ဝါကြောင့် ဗုဒ္ဓသာသနာ ထွန်းလင်းပြောင်ခဲ့၏။ တစ်ခေတ်ပြောင်းပေမယ့် ခေတ်ဟောင်းက သာသနာသမိုင်းကိုတော့ “မိတ်ဆွေ” သေချာလေ့လာလိုက်ပါ။ Posted by မြန်မာ့အားမာန်

တိတ်တဆိတ် အလွမ်း

သတိရစိတ်တွေ ဆိတ်ဆိတ်နေမိကာမှ

အလွမ်းတွေ တံခါးလာလာခေါက်နေကြတယ်။

တိုက်ဆိုင်မူ့တွေတိုင်း မျက်လွှာချလို့

လစ်လျှူရှူ့နေပြန်တော့ လွမ်းသက်ရှိုက်သံတို့

ဒီရင်ဘတ်ထဲတသဲသဲနဲ့တိုးဝင်နေကြတယ်။

အမြင့်ကိုရောက်ဖို့ ဝေဟင်ထဲ

ပျံသန်းခဲ့ပြီးကာမှ မြေပြင်ထက်ဆင်းသက်ဖို့

ရင်ခွင်တစ်ခုလုံး နာကျင်ရမယ်ဆိုလည်း

အလွမ်းသင့်နေတာထက် ပိုမယ်မထင်

ကမ်းရှိလျှက် ရွက်လွင့်နေရတဲ့

လှေငယ်ဟာ မုန်းတိုင်းထက်

ရှပ်တိုက်ပြေးသွားတဲ့ အလွမ်းလေပြေနုတွေက

ရင်ခွင်အစုံကို အထိနာစေတယ်။

ရာသီမညီ ချိန်ခါမလင့်

ရွာတတ်တဲ့မိုးကလည်း အလွမ်းသရုပ်ကို

ပီပီပြင်ပြင်ရုပ်လုံးဖော်နေသလိုပါပဲ

အထီးကျန်နေ့ရက်တွေကို အလိုက်မသိ

ဥသြသံနှောလို့ တေးသီငှက်တို့

လွမ်းတေးသီနေပုံက အကျည်းတန်စရာ

တိတ်တိတ်ဆိတ်ဆိတ် ဖြေသိမ့်ရင်း
ဆိတ်ဆိတ်လေး..လွမ်းလို့။
Posted by မြန်မာ့အားမာန်

ခိုင်နုငယ် ၂၄.၄.၂၀၁၀ ၁း၅၄pm

အိပ်မက်

သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး လေရူးတွေတိုက်နေတဲ့နွေဦးလို မငိုဘဲမျက်ရည်ကျနေရုံပါပဲ... ရွက်ဝါတွေကြွေနေသလိုပေါ့... ။ ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင် မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့ အိပ်မက်ရဲ့အပြင်ဘက် ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့ ဦးမော့နေသေးတဲ့မာနတချို့ဟာ ဝေးကွာခြင်းရာသီထဲ စိမ်းဝေဆဲဖြစ်နေဦးမှာ... ။ အီကွေတာရပ်ဝန်းက အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက် တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ ရွက်ဝါတချို့ စိမ့်ဝင်သွားခဲ့တဲ့မြေပြင် ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။

ကြောင်ကလေးရဲ့မေမေ

ကျွန်တော်ဟာ ကြောင်ကလေးတစ်ကောင်ပေါ့ ကျွန်တော့်ကို မေမေက မွေးခဲ့တယ် တိမ်ပြာသောနေ့တစ်နေ့မှာ မွေးခဲ့တယ်..... ကျွန်တော့်အမွေးအမှင်တွေက တိမ်စိုင်တွေလိုနူးညံ့ ကျွန်တော့်ခိုဝင်ရာ ရင်ငွေ့ဟာနွေးထွေး မေမေကသိပ်ပြီးချစ်စရာကောင်း ကျွန်တော် ဘီစကစ်တွေညာညာပြီးတောင်းတိုင်းပေးတယ်..... တဖြည်းဖြည်းနဲ့ ကျွန်တော့်လက်သည်းတွေချွန်မြလာ ကျွန်တော်ဟာသန်စွမ်း ကျွန်တော့်ခန္ဓာအရောင်ပြောင်းလာ ကျွန်တော် ကမ္ဘာတစ်ခုရှာမယ်....သွားမယ် ဒီလိုနဲ့ ထိုထိုသောအရပ်မှာ ကျွန်တော်ဖြတ်သန်းရာ အချိန်ကာလတွေက ဆန်လွန်း ကျွန်တော့်ကူးခတ်ရာ ပင်လယ်ပြင်ကကျယ်ပြော ကျွန်တော်မက်မောရာ ငါးကလေးသေဆုံး ကျွန်တော့်တစ်ကိယ်လုံးမြားဒဏ်ရာတွေနဲမြင်မကောင်းတဲ့အချိန် မေမေနဲ့ပြန်တွေ့တယ် မေမေကျွန်တော့်ကိုချစ်သေးသလားမေးတော့ မေမေကပါးကို အသာဆွဲလိမ် ကျွန်တော့်အရိုးထဲက “ချွင်” ခနဲ အဲဒီအသံဟာ ဘယ်လောက်ကျယ်ပြန့်ပြီး ဘယ်လောက်သာယာပါသလဲ..... တစ်လောကလုံးအိပ်မောကျနေချိန်မှာ အဲဒီနေ့က ကြောင်ကလေးတစ်ကောင်နိုးလာပါတယ် ပြီးတော့ သူက သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းတယ် မေမေက ကျွန်တော့်မီးဖိုလေးပေါ့.....။ အေးမင်းစော

မှန်ကွဲစများ၏ရာဇ၀င်

တစ်ခါတစ်ခါ... ငါ့ကိုယ်ငါ မမှတ်မိဘူး လူထူးလူဆန်းလိုမင်သက် စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ... ပျော့ညံ့လိုက်တာကွာ (အားမတန် မာန်ချ... တဲ့) တစ်ခါတလေကျ ငါ့ဟာငါတောင်အံ့သြ နှမြောတသ ဖြစ်နေမိသေးတယ်... နေရာလွဲမှားသွားလို့ ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့ ငါ့ရဲ့မာနအတွက်လေ... သေပစ်လိုက်စမ်းပါလား (တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... ) တစ်ခါတစ်ရံ ပြန်ပြန်မေးယူရတယ် ငါဟာငါဟုတ်သေးရဲ့လား ပထမတန်းစားသတ္တိတွေနဲ့ သူရဲကောင်းတံဆိပ်တွေ အခါခါရ... မိုးမလင်ချင်ကြတော့ဘူး... (အိပ်မက်တွေကချိုတယ်... ) အဲဒါနဲ့... ကာလတွေသာကြာရော... ၀ိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ မှန်တစ်ချပ်လည်းကွဲကျ... ။ (ကျကွဲခြင်းမဟုတ်ပါ...) မနော်ဟရီ Manor Hary

ကလေး... သို့

ကလေးရေ... မုန်တိုင်းတွေဟာမောပန်းလာတယ် ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့ မနက်ဖြန်တွေဟာ အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။ ကလေးရေ နှုတ်ခမ်းတွေကိုကြားရလား... စကားလုံးများစွာက ခုန်ထွက်လာရဲ့ အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။ ကလေးရေ... မျက်ဝန်းတွေကိုဖတ်တတ်ပြီလား... ယောင်မှားသံသယတွေသာရရှိခဲ့ ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။ ကလေးရေ... နှလုံးသားတွေပျောက်နေတယ် ဘယ်သူများခိုးယူသွားပါလိမ့် တစ်ယောက်တည်းကလား... အများကြီးကလား... နှလုံးသားတွေကိုရှာဖွေဖို့ နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။ ကလေးရေ... ပန်းတွေကိုခိုးခူးမထားနဲ့နော် အပျော်ဆိုတာတခဏ... ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ ထာဝရမတည်မြဲဘူး ဆူးစူးတတ်သေးတယ်... ။ ကလေးရေ... အိပ်မက်တွေကိုတော့ ချိုးမကွေ့ခဲ့လိုက်ပါနဲ့ ပစ္စုပ္ပန်ရဲ့အရှိတရား ခါးသက်လွန်းလှပါတယ်... တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ ခွာချမရနိုင်ခဲ့... ကိုယ်တို့ရဲ့အဆောင်အဖြစ် အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။ ကလေးရေ... ခန္တီစတရား... တဲ့ ပညာရှိစကားနဲ့သာဆိုခဲ့ရ သက်သာရာရအောင်လေ... အမှန်က... အားမတန်၊ မာန်ချ... တဲ့ အဲဒါတွေနဲ့ပဲ ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ တစ်ဘ၀စာမို့သာနော်... ။ ကလေးရေ... သင်ခန်းစာတွေလေ... သင်ခန်းစာတွေ... ပျားရည်ဖွပ်ထားရသလိုပါပဲ အရသာကတော့ချိုပါရဲ့... ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။ မနော်ဟရီ ၀၁.၀၈.၁၉၉၄ Manor Hary

**မပြန်ချင်တဲ့လမ်း**

လှပအိပ်မက်ရှည်တွေနဲ့ ကျဆုံးနေခဲ့ရတဲ့ညများ အပြင်းစားနောင်တတွေကို မျိုချခိုင်းနေတယ်... ။ ရီဝေစွာမူးယစ်လိုက်ပါကွဲ့ ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား ခက်တော့ခက်သားနော်... ခြေချော်လက်ချော် ဆိုတဲ့ ဝေါဟာရ ကံကောင်းခြင်းဘက်ကလည်း လာဦးမှပေါ့... ။ အဲဒါ... ကျုပ်မရလိုက်တဲ့အရာ မအံ့သြလိုက်ပါနဲ့ ... ။ အကြိမ်များစွာလှုပ်နှိုးခဲ့ရ (ကိုယ့်ဘာသာကိုယ်...) နိုးထလိုက်တဲ့အခါမှာ အသားမကျစွာပါဘဲ... စူးရဲတဲ့နေခြည်အောက် နောက်ကျနေခဲ့ပြီထင်ရဲ့ ... ။ ကိုယ်လက်သန့်စင်လိုက်ကြ မှန်ရှေ့ကမခွာနိုင်ကြ ဒီလိုနဲ့ နေ၀င်သွားရ... ကြုံရဦးမယ့်ညတွေမှာ လှပတဲ့အိပ်မက်ရှည်တွေ... ဝေးဝေးနေကြစမ်းပါ... ဒီမှာ... နောင်တ ဟာ ဒဏ်ရာ ရဲ့ အမာရွတ် တဲ့ လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။

ပိတောက်မျက်ရည်နဲ့ပွင့်တဲ့ ပိတောက်

သစ္စာမရှိဘူး လို့တော့ အပြော မစောလိုက်ပါနဲ့ သခင် ပိတောက်ပင် တစ်သောင်း နရီစဉ် တိမ်းစောင်းလို့ ဗိန်းမောင်းပင် မတီးနိုင်ရအောင် မိုးကြီးပင် ခေါင်နေလည်း ပိတောက် မျက်ရည် ပိတောက် သောက်လို့ အပူထဲ လျှောက်ရဲသူပါကွယ်... ဟော .. ဟိုမှာ လျှပ်နွယ်ပြိုးပြက် မိုးစက်တွေ လေမှာလွင့်လို့ရယ် ... ရနံ့တွေ လှိုင်လှိုင်တက် အပွင့်တွေ ခိုင်ခိုင်ထွက်တော့မယ် အပြိုင်အဆိုင် ရာသီပန်းတို့ကြား ဂုဏ်မာန်တစ်ထောင် စောင့်ကြပ်ကာထားပါတဲ့ နတ်ပန်းတမျှ နတ်ပန်းသွင် မြင်သူပင် ခူးလို့လှမ်းချင်ရဲ့ သခင် မငြူစေချင် အပူတွေမမြင် အားကုန်သာ ပွင့်လိုက်တယ် ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့်။ Posted by မြန်မာ့အားမာန်

Thursday, November 15, 2012

ငါ့ရဲ့ အပြစ်တွေပါ

နှစ်သိမ့်အပြုံးတွေကို .. ရင်နာစွာနဲ့ ရှာဖွေသိရှိခဲ့ပြီပဲ .. တစ်နေ့မှာ.. ဟန်ဆောင်ချစ်ခြင်းတွေ .. အရေခွံလဲ မှာ သိရက်နဲ့ .. ချစ်သူရဲ့ .. ဟန်ဆောင်အပြုံးတွေကို .. ဖြူစင်စွာ မြတ်နိုးခဲ့မိတဲ့ .. နှလုံးသားတစ်စုံက .. ဘာကြောင့်များ .. ဝမ်းနည်း ကြေကွဲနေဦးမှာလဲ ? အချစ်ကို .. ယုံကြည်ကိုးကွယ်မိကတည်းက .. နောက်ဆက်တွဲ .. သံသယ တွေကို မျက်ကွယ်ပြုခဲ့မိတဲ့ .. ငါ့ရဲ့ အပြစ်တွေပါ .. ။ ။

များများသိသူ



****များများသိသောသူသည် နဲနဲပဲပြော၏
ဟူ၍ ပညာရှိများ ဆိုမိန့်ထားလဲ ခတ်သိမ်းသောတရား၌
ခတ်မဆိပ် အနေမြုံ၍ပါးစပ်ပိတ် ရေငုံနေခြင်းမျိုးသည်
ကိုယ်ကျိုးစီးပွားကိုသာကြည့်ခြင်းမည်၏.......
စနေမောင်မောင်

ရင်ဆိုင်ကြမယ်

ချစ်သူရေ..... မြင်းရထားတွေကို လက်ပြမတားတော့ဘူး ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။ အဝေးကြီးကို ရွေးလျားချင်မှတော့ လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။

ချစ်သူ...သို့

မြေကြီးဖြစ်မှတော့ မိုးလွတ်ပါ့မလား...လို့တွေးမနေနဲ့တေ့ ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။ မသေချာတာတွေကတော့အများကြီးပဲ ဒါပေမယ့် သေချာတာလေးတွေလည်းရှိတတ်လို့ တို့...စောင့်...ရ ဦးမယ်။ (မကြာခင်မှာ လင်းရနံ့တွေဝေလာမှာပါပဲ ကိုယ်ယုံတယ်) ဘယ်သူမဆို မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။ "တာရာမင်းဝေ"

Monday, November 12, 2012

သီအိုရီ

ခြေတစ်လှမ်း ကုဋေတစ်သန်းတန်စေဖို့.... မင်းခြေလှမ်း မမှားပါစေနဲ့.... အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေရှိမယ် ခြေတွေ့တိုင်း ရေဆေးပေးတဲ့အိုင်တော့ မင်းမဖြစ်စေနဲ့...... ဖောက်ပြန်တတ်တဲ့လူတစ်ယောက်ထက်.... ညဌက်တစ်ကောင်ဟာ........ ပိုပြီး အဖိုးထိုက်ပါတယ်..... ကဲ... မင်းရဲ့  ခြေတစ်လှမ်း ကုဋေတစ်သန်းတန်စေဖို့.... မင်းခြေလှမ်း မမှားပါစေနဲ့.... ရဲရင့်နီ (၂၃.၁၂.၂၀၀၉)

ငါ့....ငါ

ငါ့ လမ်း ငါ ဖောက်.... ငါ့ ခရီး ငါ ဆက်လျှောက်မယ်.... ငါ့ စိတ်နဲ့ ငါတွေးပြီး ငါ့ သမိုင်း ငါ ရေးမယ်..... ငါ့ အမြင်နဲ့ ငါ မို့ ငါ့ အယူဝါဒ ကို ငါ ဆုပ်ကိုင်မယ်..... ငါ့ စည်းနဲ့ ငါ့ ကမ်း ငါ့ လမ်းနဲ့ ငါ လှမ်းမယ်...... ငါ့ အကြောင်း ငါ သိလို့.... ငါ့ဘဝ ငါ ကြည့်မယ်.... ငါ့ အလုပ် ငါ လုပ်လို့.... ငါ ဖြစ်တာ ငါ ခံမယ်.... သေခြာတစ်ခုကတော့ ငါ မှန်တာ ငါ သိဖို့နဲ့.... ငါ ဆိုတာ လူပီသဖို့ဘဲ အရေးကြီးတယ်။။ (၁၀.၀၃.၂၀၁၀)

ခဏလေးများ

ဘဝ ဟာ ဖယောင်းတိုင်တတိုင်လိုဘဲ...... ငါ့ကိုယ်ငါထွန်းညှိ..... တမြိုက်မြိုက်နဲ့ လောင်းကျွမ်းလာလိုက်တာ.... မီးစာတောင်ကုန်လုပြီလေ..... ဘဝဆီမှာ.... ယူရမှာလား..... ပေးဆပ်ရမှာလား ..... စဉ်းစားနေရင်းနဲ့ဘဲ.... တောင်စွယ်မှာတောင်.... နေရောင်ကွယ်လုပြီလေ..... ငါ လူတွေအတွက်.... အလင်းရောင်... ဆောင်ကြဉ်းပေးခဲ့သလား...... ငါ လူတွေအတွက်.... အမှောင်တိုက်... ဆောင်ကြဉ်းပေးခဲ့သလား...... ငါ့အတ္တ ဥခွံငါခွဲ.... ရဲရဲကြီးငါ့ ကိုယ်ငါမေးမယ်..... ငါရေးခဲ့တဲ့ သမိုင်း ရာဇဝင် မရိုင်းခဲ့ဘူး..... ငါပေးခဲ့တဲ့ မေတ္တာ အစွန်းအထင်း မရှိဘူး...... ငါဆိုခဲ့တဲ့ သစ္စာ... ဖောက်ပြန်မှု မရှိဘူး.... ငါ့သိက္ခာ ငါလုံလို့ ငါ့လိပ်ပြာ ငါသန့်တယ်..... သူများတွေ ဝင်ရေးသွားတဲ့ ငါ့သမိုင်း ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.......... ငါဘယ်လို နေသွားတယ်ဆိုတာဘဲ အရေးကြီးတယ်..... ငါဘာတွေ ရ သွားတယ်ဆိုတာ ထားခဲ့လိုက်မယ်..... စိတ်တွေကိုမျောလွင့်မယ်.... အတိတ်တွေကိုမေ့ထားမယ်.... လူ့ ဘဝ ဆိုတာ အိမ်မက်ဘဲဖြစ်တယ်။ ။

“ မှာပါရစေ … ပြောပါရစေ ”

ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံရှိမှာပေါ့။ သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။ ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။ အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။ အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။ ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။ ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။ “ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီပျော်ပျော်သွားမှာ။ ပြီးတော့ ပြောပါရစေ - သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေကိုဆက်လုပ်ဖို့၊ ဟောဒီချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ်မုချ။ ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ လူသာဆုံးတာကျန်တာမရှုံးဘူး။ မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။ မိုးဟိန်း (သားဂျာနယ်ကျော်)

သူငယ်ချင်းဆိုတာ

ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘ၀ဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။ ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့ ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ် အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။ လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊ ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ် ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့ အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ တဖြေးဖြေးကျဲလာခဲ့တယ်။ ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ...နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။ လူတွေဟာ အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။ အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။ အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။ အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။ အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။ အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။ အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။ သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ .... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....? သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။ သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။ သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။ သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။ သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။ သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။ * သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို သူကိုယ်တိုင် ဖွင့်မယ်။ * သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင် သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။ သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။ လောကကြီးတွင်လူတစ်မျိုးရှိသည်..... တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင် ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင် ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။ အများဆီကသင့်ဘာများမျော်လင့်ထားပါသလဲ့.... အဲဒီအရာတွေကိုအများကိုပြန်ပေးလိုက်ပါ.. .ကိုယ့်အတွက်သူငယ်ချင်းကောင်းမရှိရင်တောင်သူများအတွက်ကောင်းအောင်ကြိုးစားပေးလိုက်ပါ သူငယ်ချင်းဆိုတာ ဆွေမျိုးလည်းမဟုတ်၊ မောင်နှမလည်းမဟုတ်၊ မိသားစုဝင်လည်းမဟုတ်တဲ့ ကိုယ်ရဲ့အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။ သူငယ်ချင်း အစစ်အမှန်မျိုး ကိုယ့်ဘေးမှာ ရှိနေရင်တောင် လက်လွှတ်ဆုံးရှုံးမသွားစေနဲ့နော်။ သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားနေလို့ ပဲလေ ။ ငါဒီလို သူငယ်ချင်းတစ်ယောက် မင်းအတွက်ဖြစ်ချင်ပါတယ်။

ရဲရင့်နီ ၏ ဖီလိုဆိုဖီများ

ဘယ်အရာကိုမှ ပုံသေကားချပ်တွက်လို့ မရနိုင်ပါဘူး။ မမျှော်လင့်ထားတဲ့ အဆိုးဆုံး အခြေအနေတစ်ခုကို ရင်ဆိုင်နိုင်ဖို့ အတွက်တော့ ကိုယ့်အတွက် ထောင့်ချိုးလေးတစ်ခုကို ကိုယ်ဟာကိုယ်ဘဲ ချန်ထားနိုင်ခဲ့ရပါမယ်။ ဘဝမှာ ရင်မော့ ခေါင်းကော့ပြီး..... လမ်မလျှောက်နိုင်ရင်နေပါစေ.... ဒူးထောက်.. လက်မြှောက်ပြီး... အရှူံးပေးမနေရဖို့တော့လိုတယ်။ ငါ......... မှားခဲ့ဘူးတယ်...... မှားနေသေးတယ်...... ထပ်မှားနိုင်သေးတယ်........ ဒါပေမယ့်......နောက်ဆုံးမှာ ... အနည်းဆုံးတော့ အရင်ကထက် အမှားတွေနည်းသွားအောင်တော့ လုပ်နိုင်ပါသေးတယ်လေ... ကိုယ့်ရဲ့  အိပ်မက်တွေကို တစ်ကယ်တမ်းအကောင်အထည်ဖေါ်တော့မယ်ဆိုရင်တော့....... ကိုယ့်ကိုယ်ကို မညှာပါနဲ့။ ကိုယ့်ကိုယ်ကို မညာပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်းကို ကိုယ်ကိုတိုင်ဘဲအသိနိုင်ဆုံးမို့ပါ။ ပထမဦးဆုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖြစ်အောင်လုပ်လိုက်ပါ။ ဒုတိယအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေက..... သူ့ဟာနဲ့သူ ဖြစ်နိုင်သလောက် လိုက်ဖြစ်လာပါလိမ့်မယ်။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါ။ နောက်ဆုံး ခံတပ် ရေဆန်ကို ဆန်မတက်နိုင်ဘူးဆိုရင်တောင်.... ရေစုန်မှာတော့ မျောပါမသွားစေနဲ့။ ရောက်နေတဲ့ နေရာ၊အဆင့်အတန်းမှာ... တည်မြဲနေနိုင်ဖို့အတွက်တော့ ခြေလှုပ်၊လက်လှုပ်နဲ့.... ရေစီးမှာ မျောပါမသွားအောင်... ရေထဲမှာ နစ်မြုပ်မသွားအောင်.... လုပ်နိုင်ဖို့တော့လိုမယ်။

အမှန်

ငါ့အတွက်တော့ ..... ငါအသက်ရှင်နေသမျှကာလပတ်လုံး...... ငါဟာ ဘယ်သောအခါမှ ဆုံးရှုံးနေမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါဘဝရဲ့  အရာအားလုံးဟာ ငါတစ်ယောက်တည်းရဲ့  လက်ထဲမှာသာရှိနေတယ်လို့ ယုံကြည်ထားလို့ပါဘဲ။

"သူငယ်ချင်း"

သူငယ်ချင်းဆိုတာ...... ဘဝအတွက် .... အမြဲလိုအပ်နေမယ့် ......အရာတစ်ခုပါ။ သင်အဖေါ်မဲ့နေချိန်မှာ... သင့်အနားမှာရှိနေမယ်။ သင်ပျော်ရွင်နေချိန်မှာ..... သင်နဲ့အတူ.... လိုက်ရီမောနေမယ်။ သင်ဝမ်းနည်းနေချိန်မှာ... သင့်ကိုအားပေးနေမယ်....။ သင့်ရဲ့  အနီးဆုံးလူ မဖြစ်နေပေမယ့်လည်း...... ထာဝရ လူအဖြစ်နဲ့တော့ သင်နဲ့အတူတူ အမြဲရှိနေမယ်။ (ဆိုဒ်တစ်ခုမှကူးယူထားသည်)

အပျော်ဆုံးလူ

စံပယ်နှစ်ပွင့် မင်းဆံနွယ်ဆီ ယုယကြင်နာ ကိုယ်တိုင် ဆင်မြန်း လုပ်ပေးရလို့ ကျေနပ်ပီတိဖြစ်ရ၏။ ဤကဲ့သို့ပင် ကြိမ်ဖန်များစွာ လုပ်ပိုင်ခွင့်လေး ပေးသနားရင် ဒီလောကတွင် အပျော်ဆုံး ငါ လူသားတစ်ဦး ဖြစ်လိမ့်မည်။ "မောင်စေတနာ"

တင်ပြီးသား post များ

3D