သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 20, 2013

၂၀-၇-၂၀၁၃ပေါက်တောမြို့နယ်တွင် ကျွဲ(၄)ကောင်နှင့်အတူ ကျွဲခိုးဘင်္ဂလီ (၇)ဦးဖမ်းဆီးရမိ

ပေါက်တောမြို့နယ် ၊ ဟင်းခရော်ကျေးရွာမှ ကျွဲများခိုးယူသယ်ဆောင်လာသည့်စက်လှေတစ်စီးအား
ငပြီကျွန်းကျေးရွာသားများမှ ၀ိုင်းဝန်းဖမ်းဆီးမှုကြောင့် ကျွဲ (၄)ကောင် ၊ ဘင်္ဂလီ (၇)ဦး ၊ စက်လှေ
(၁)စီးနှင့် ဓါးလက်နက်လက်များဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်။

၂၀-၇-၂၀၁၃ စယ်လီဗစ်တီတွေရဲ့... ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးကို မကြည့်ချင်ကြဘူးလားဟင်...

ဇာတ်လမ်းအကျဉ်းကတော့.....
ဇာတ်ကတော့ ဇာတ်ကြမ်းပဲဗျ။ ဇာတ်လမ်းအစမှာ မင်းသား ရဲတိုက်က ဘုရားရှိခိုးကျောင်း ရှေ့မှာ ကတ်ထူပြားကြီး ကိုင်ပြီးတော့ အင်္ဂလိပ်လို ဆန္ဒပြမယ်။ အဲဒီမှာ ဘုရားရှိခိုး ကျောင်းထဲက လူတစ်စု ထွက်လာပြီးတော့ ထိုးကြိတ်ကြမယ်။ မင်းသားက ဖိုက်တင်ခန်းတွေ လှလှပပ ကစားပြမယ်။ ဒါပေမယ့်

၂၁-၇-၂၀၁၃စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုးယူသူအားဖမ်းဆီးအရေးယူ

 ၁၉.၇.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊(၇)ရပ်ကွက်၊ဆားလင်းဘုန်ကြီးကျောင်းဝင်း အတွင်း ရွှေမုဌောစေတီရှေ့တွင် ထားရှိသည့် အလှူခံပုံး၏မှန်အား


၂၁-၇-၂၀၁၃ အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တိုးချဲ့ နေကြပြီ

ကမ္ဘာ့ပင်လယ် ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းများ ၀န်းရံ တည်ရှိနေမှု၊ အမေရိကန်နှင့်  ဥရောပ တို့၏ စီးပွားရေး ကျဆင်း နေချိန်၌ အာရှဒေသ အပေါ် အာရုံ စိုက်လာမှု၊ ကမ္ဘာ့ အင်အားကြီး နိုင်ငံများ အဖြစ် ထွက်ပေါ် လာနိုင်သော နိုင်ငံများ  တည်ရှိနေမှု တို့သည် အာရှ ဒေသ၏ လက်ရှိ ဖြစ်တည်နေမှု ဖြစ်သည်။
၎င်းဖြစ်တည်နေမှု အပေါ် ဒေသတွင်း ပင်လယ်ပြင် ပိုင်ဆိုင်ရေး အငြင်း ပွားမှုများ၊ အမေရိကန်၏ အာရှ ပစိဖိတ် ဒေသ၌ အင်အား တိုးချဲ့မှု၊ စစ်အေးကာလ ပြီးကတည်းက မှေးမှိန် အင်အား ချည့်နဲ့ခဲ့သော

အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

Photo: အမျိုးသားများ၏ ဆီးလမ်းကြောင်း
 ပြဿနာအဖြာဖြာ
Saturday, July 20, 2013

Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။
A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် 
ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု 
မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ 
ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး 
ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA 
(Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု 
(Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ 
ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ 
ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် 
ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ 
ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

(က) အသက်အရွယ်

အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ 
နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ 
မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ 
နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ 
သိရပါတယ်။

(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း

မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ 
ပိုမြင့်မား ပါတယ်။

(ဂ) ဆေးလိပ်သောက်ခြင်း

(ဃ) လူမျိုး

အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် 
ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း 
တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။

(င) အစားအစာမှရရှိသည့် အဆီ

အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

(စ) ဟော်မုန်း

ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ 
အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း 
၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို 
စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ 
ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ 
အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ 
ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ 
တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ 
သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို 
စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး 
ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး 
တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ 
ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) 
လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ 
ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် 
စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။

(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း

PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။

(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း

ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ 
ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး
 စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။

ဒေါက်တာခင်မိုးမိုး

မြ၀တီ (ကျန်းမာရေး)
Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။
A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

တပ်မတော် ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ

Photo: တပ်မတော်ခန်းမတွင် 
ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
Saturday, July 20, 2013

ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် 
မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း 
သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ 
အီလက်ထရောနစ်ပစ္စည်းများသာမက မော်ဒယ်မြင့်ကားများကိုပါ ပြသလျက်ရှိသည်။ Car 
Showroom ရှစ်ခုမှ ကားအမျိုးအစားပေါင်း နှစ်ဆယ်ကျော် ခန့်ပြသနေပြီး 
အထူးလျှော့ဈေးများဖြင့် ပရိုမိုးရှင်း အစီအစဉ်များလည်း 
ရှိကြောင်းသိရပါသည်။ အခြားပြခန်းများတွင် ဟန်းဆက်၊ Digital Receiver စသည့် 
electronic များ၊ ဆေးဝါး၊ နေ့စဉ်အသုံးအဆောင်နှင့် 
အစားအသောက်စသည်တို့ကိုလည်း ပြသနေပါသည်။ မည်သူမဆို အခမဲ့ဝင်ရောက်နိုင်ပြီး 
မိုးရာသီကြို ဈေးရောင်းပွဲတစ်ခုအဖြစ် သွားရောက်လေ့လာသင့်ကြောင်း 
တင်ပြလိုက်ရပါသည်။

Myanmar ICT
ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊
စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်းများသာမက မော်ဒယ်မြင့်ကားများကိုပါ ပြသလျက်ရှိသည်။ Car Showroom ရှစ်ခုမှ ကားအမျိုးအစားပေါင်း နှစ်ဆယ်ကျော် ခန့်ပြသနေပြီး အထူးလျှော့ဈေးများဖြင့် ပရိုမိုးရှင်း အစီအစဉ်များလည်း

ထားဝယ် တိုင်းရင်း သားများ ပါတီ

Photo: ထားဝယ် တိုင်းရင်းသားများ ပါတီ
Saturday, 20 July 2013

ထားဝယ် တိုင်းရင်းသားများပါတီယခု ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်
ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်သူ ၁၉ ဦးဖြင့် 
ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပါသည်။

ယင်း ၁၉ ဦးမှာ ၁။ ဦးမောင်မောင်အေး (လောင်းလုံး) ၂။ ဦးဇော်ဦး (ရန်ကုန်) 
၃။ ဦးအေးမင်း (ထားဝယ်) ၄။ ဦးရဲလင်းမြင့် (ရန်ကုန်) ၅။ ဒေါ်သန္တာစိုး 
(ရန်ကုန်) ၆။ ဦးလူအေး (ကော့သောင်း) ၇။ ဦးအောင်လင်း (ကော့သောင်း) ၈။ 
စောကဲဒို (မေတ္တာ) ၉။ ဦးသန်းဆွေ (သရက်ချောင်း) ၁၀။ ဒေါ်သက်သက်အေး (ထားဝယ်) 
၁၁။ ဒေါ်သက်သက်ဇင် (ထားဝယ်) ၁၂။ ဒေါ်နွယ်နီသိန်း (ထားဝယ်) ၁၃။ ဦးရာဇာစိုး 
(ထားဝယ်) ၁၄။ ဦးစိုးသိန်း(ထားဝယ်) ၁၅။ ဦးသန်းဝင်း(ထားဝယ်) ၁၆။ ဦးသန့်ဇင်
 (ထားဝယ်) ၁၇။ ဦးလေးလွင် ( ရေဖြူရလိုင်) ၁၈။ ဦးသူရိန်လှိုင် (ရန်ကုန်) ၁၉။
 ဦးဘိုဘိုအောင်(ရန်ကုန်) တို့ဖြစ်သည်။

ရည်ရွယ်ချက် ၃ ချက် ပါဝင် ပါသည်။ “ပါတီ တည်ထောင် သူများသည် ပါတီဝင် 
မဟုတ်ပါ။ ပါတီ ၀င်ချင်ပါက ပြန်လည် လျှောက်ထားရမည်” ဟု တည်ထောင်သူတွင် ပါသူ 
တဦးက ပြောပြ ခဲ့ပါသည်။ နောက်ပြည်ခိုင်ဖြိုး ပါတီဝင် တဦးက “ထားဝယ် ဒေသ 
အတွက် ကောင်းကြိုး လုပ်မည် ဆိုပါက လက်ခံ ရမည် ဖြစ်ပါတယ်။ ဒါပေမဲ့ 
တိုင်းရင်းသား ဆိုတာကို ကော်မရှင်က လက်ခံချင်မှ လက်ခံမည်။ ထားဝယ်သည် ဗမာ ၉ 
မျိုးတွင် ထည့်ထား တာကြောင့်ပါ” ဟု ပြောပြ ခဲ့ပါသည်။

အမျိုးသား ဒီမိုကရေစီ ပါတီဝင် တဦးက “ကျနော်တော့ ပြောပြ မတက်ပါဘူး NLD က 
လူတွေလည်း ပါဝင်နေတယ်လေ။ ဘယ်လိုသူတို့ လုပ်ထားလည်း
ပြောမတက်ပါဘူး။ ပါတီက ထွက်ပြီလားဆိုတာလည်း မသိပါဘူး။ ထားဝယ် တိုင်းရင်းသား 
ပါတီ ဆိုတော့ ရှိသင့် ပါတယ်။ နောက်ဒေသ အကြိုးပြု လုပ်ငန်းများ 
လုပ်နိုင်ပါစေ ဆုတောင်းရမှာပါ” ပြောခဲ့ပါသည်။ ထားဝယ်မြို့ လုပ်ငန်းရှင် 
တဦးက “ဒီလိုပါတီ ရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား ဆိုတာကြောင့်
 တမျိုးဖြစ် နေပါတယ်” ပြောခဲ့ပါသည်။

တိုင်းရင်းသား ဆိုသော စကားကို ပါတီ တည်ထောင် သူတွင် ပါဝင်သော ဦးအေးမင်းက 
“ထားဝယ် တိုင်းရင်းသား ဆိုတာ လူမျိုးစု အထဲမှာ တရားဝင် ထည့်ထားပါတယ်။ 
ဒါကပြဿနာ မဟုတ်ပါ။ ခုပါတီကလည်း ရှိသင့် ပါတယ်။ ကျန်လူမျိုးစု 
တော်တော်များများဟာ ကိုယ့်ပြည်နယ်တိုင်း အလိုက် ပါတီ ရှိနေကြပြီလေ။ 
ဒါကြောင့် ထားဝယ်တိုင်းရင်းသား ပါတီလည်း ရှိသင့်တယ်။
ဖြစ်သင့်တယ် ဆိုပြီး တည်ထောင်တာ ဖြစ်ပါတယ်” ဟုပြောပြခဲ့ပါသည်။

ပါတီ တည်ထောင်ခွင့် ရပြီ ဆိုတာနဲ့ ကျတော်တို့ ရည်ရွယ်ချက် တူသူတွေ 
စုစည်းရမည် ။ နောက်လေ့လာ နိုင်အောင် စာအုပ် သင်တန်းတွေ လုပ်မည်။ ကျတော်တို့
 အားလုံး နိုင်ငံရေး အတွေ့အကြုံ မရှိကြပါဘူး။ နောက် ၂၀၁၅ မှာ ပါဝင် 
ယှဉ်ပြိုင်မည့်လူ ရွေးရမည် စသည်တို့ လုပ်ရမည် ဖြစ်သလို ပါတီ တရားဝင် 
ဖြစ်အောင်လည်း ကြိုးစား ရမည် ဖြစ်ပါသည်။

ထားဝယ် ဒေသခံ အများစု အားထား ရသော ယုံကြည် စိတ်ချရသော ပါတီ တခု ဖြစ်လာမလား 
ဆိုတာကို စောင့်မျော်ရ မည့်ကြည့်ရှု ရမည့် ထားဝယ် တိုင်းရင်းသား ပါတီ 
ဖြစ်ပါသည်။

Phophtaw News Association
ထားဝယ် တိုင်းရင်းသားများပါတီယခု ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် သို့ ပါတီတည်ထောင်သူ ၁၉ ဦးဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပါသည်။
ယင်း ၁၉ ဦးမှာ ၁။ ဦးမောင်မောင်အေး (လောင်းလုံး) ၂။ ဦးဇော်ဦး (ရန်ကုန်) ၃။ ဦးအေးမင်း (ထားဝယ်) ၄။ ဦးရဲလင်းမြင့် (ရန်ကုန်) ၅။ ဒေါ်သန္တာစိုး (ရန်ကုန်) ၆။ ဦးလူအေး (ကော့သောင်း) ၇။ ဦးအောင်လင်း (ကော့သောင်း) ၈။ စောကဲဒို

၂၀၁၂ ခုနှစ် တရုတ် အစိုးရ အရာရှိများ အသုံးစရိတ် လျော့ကျ

Photo: ၂၀၁၂ ခုနှစ် တရုတ်အစိုးရ 
အရာရှိများ အသုံးစရိတ် လျော့ကျ
Saturday, 20 July 2013

တရုတ်အစိုးရ အရာရှိများ၏၂၀၁၂ ခုနှစ် အသုံးစရိတ်သည် ယခင်နှစ်က
ထက် လျော့နည်းကြောင်း တရုတ် ဗဟို အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်
များကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြ ထားသည်။

နိုင်ငံခြား ခရီးစဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ 
ဧည့်ခံပွဲများအတွက် အသုံးပြုမှုသည် ၇ ဒသမ ၄၃ ဘီလီယံ ယွမ် ( အမေရိကန်ဒေါ်လာ 
သန်း ၁၂၀၀) ထိ လျော့ကျခဲ့ပြီး အသုံးပြုခွင့် ပေးထားသည့် ငွေပမာဏအောက် 
ယွမ်ငွေ ၅၅၉ သန်း လျော့နည်းနေသည်။

တရုတ် အစိုးရအဖွဲ့က ငွေကြေး ထောက်ပံ့ထားသော နိုင်ငံခြား ခရီးစဉ်
များအတွက် ကုန်ကျစရိတ် သည် ၁ ဒသမ ၉၅ ဘီလီယံ ယွမ်ငွေ ရှိသည်။

အစိုးရ ဌာနများ၏ အသုံးစရိတ်များ ထုတ်ပြန်ရာတွင် အစောဆုံး ထုတ်ပြန်ခဲ့သည့် 
တရုတ် မိုးလေဝသ ဦးစီးဌာန၏ အသုံးစရိတ်မှာ ယွမ်ငွေ ၂၀၇ ဒသမ ၇ သန်းရှိပြီး 
ခွင့်ပြုပေးထားသော အသုံးစရိတ်၏ ၉၈ ဒသမ ၃ ရာခိုင်နှုန်းသာ 
သုံးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ ဝန်ကြီးဌာနများ၏ အသုံးစရိတ်များ ပွင့်လင်း မြင်သာမှုရှိရန်
ပြည်သူများက တိုးမြှင့် တောင်းဆိုလာကြခြင်းကြောင့် အစိုးရဌာန 
အသုံးစရိတ်များကို တရားဝင် ထုတ်ပြန်ရမည်ဟု ၂၀၁၁ ခုနစ်မှစ၍ အမိန့် 
ထုတ်ပြန်လိုက်သည်။

ယခုနှစ် အစိုးရ ဌာနများ၏ အသုံးစရိတ် စာရင်း ထုတ်ပြန်မှုသည် ယခင်နှစ်
များက ထက်ပိုမို အသေးစိတ်ကျကြောင်း Xinhua သတင်းတွင် ဖော်ပြ
ထားသည်။

“ပိုမို အသေးစိတ်ပြီး အချက်အလက်စုံလို့ အစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး 
ပြည်သူတွေ ပိုနားလည် မှာပါ” ဟု ပီးကင်း တက္ကသိုလ် ဘဏ္ဍာရေး ဥပဒေ ဌာနမှူး 
ဂျီရန်ဝန်က ပြောကြားသွားသည်။

အစိုးရ အသုံးစရိတ် သုံးမျိုး( နိုင်ငံခြားခရီးစဉ်၊ မော်တော်ယာဉ်၊ 
ဧည့်ခံပွဲ) ကို တရားဝင် ထုတ်ပြန်ရန် ဇူလိုင်လ ၁၀ ရက်နေ့၌ တရုတ် နိုင်ငံတော်
 ကောင်စီ
က ထုတ်ပြန်လိုက်ပြီး ၂၀၁၃ ခုနှစ်မှ စ၍ ပြည်နယ် အစိုးရအဖွဲ့ အသုံးစရိတ်၊ 
၂၀၁၅ ခုနှစ်မှစ၍ မြူနီစီပယ် အစိုးရ အသုံးစရိတ်များကို ထုတ်ပြန်ရမည်
ဖြစ်သည်။ ထို့အပြင် ဗဟို အစိုးရ ဌာနများ၏ အသုံးစရိတ်ကို ၂၀၁၃
ခုနှစ်တွင်း ၅ ရာခိုင်နှုန်း လျှော့ချ အသုံးပြု သွားရန် ဘဏ္ဍာရေး ဝန်ကြီးဌာနက 
ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တရုတ် အရာရှိများ ငွေကြေး သုံးစွဲမှု လျှော့ချနေခြင်းကြောင့် 
၂၀၁၃ ခုနစ် ပထမ ခြောက်လအတွင်း အရည်အသွေးမြင့် အရက်သေစာ
ရောင်းချမှုနှင့် စားသောက်ဆိုင်များ၏ ဝင်ငွေများ လျော့နည်းလာကြောင်း Xinhua 
သတင်းတွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ အသုံးစရိတ်များ တရားဝင် ထုတ်ပြန်မှုမှ တစ်ဆင့် ဘတ်ဂျက် 
အသုံးစရိတ် ထုတ်ပြန်မှုနှင့် အစိုးရ တစ်ရပ်လုံး ပွင့်လင်း မြင်သာရှိမှုအထိ 
တိုးတက် ရောက်ရှိနိုင်ကြောင်း ဂျီရန်ဝန်က မှတ်ချက် ပြုသည်။

The Voice Weekly
တရုတ်အစိုးရ အရာရှိများ၏၂၀၁၂ ခုနှစ် အသုံးစရိတ်သည် ယခင်နှစ်ကထက် လျော့နည်းကြောင်း တရုတ် ဗဟို အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်များကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြ ထားသည်။
နိုင်ငံခြား ခရီးစဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ဧည့်ခံပွဲများအတွက် အသုံးပြုမှုသည် ၇ ဒသမ ၄၃ ဘီလီယံ ယွမ် ( အမေရိကန်ဒေါ်လာ သန်း ၁၂၀၀) ထိ လျော့ကျခဲ့ပြီး အသုံးပြုခွင့် ပေးထား သည့် ငွေပမာဏအောက် ယွမ်ငွေ ၅၅၉ သန်း လျော့နည်းနေသည်။

သူရဦးရွှေမန်းနှင့် မိမိ သမ္မတအဖြစ် ယှဉ်ပြိုင်မည်ဆိုပါက မည်သူက သာမည်ဆိုတာ မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်မိမိသမ္မတအဖြစ် ယှဉ်ပြိုင်မည်ဆိုပါကမည်သူကသာမည်ဆိုတာ မပြောနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့နှင့် မြန်မာဂျာနယ် လစ်ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊အယ်ဒီတာများနှင့်ဇူလိုင် ၁၈ ရက်က တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေပြင်ပြီး အာဇာနည်ကြီးများကို ကျေးဇူးဆပ်ရန် NLD တိုက်တွန်း

 မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီး ကျေးဇူးဆပ် သင့်ကြောင်း ဇူလိုင်လ ၁၉ ရက်(အာဇာနည်)နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ကြေညာသည်။

အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်သင့်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NLD နှင့် ကြံ့ခိုင်ရေးသင့်မြတ်မှု အခြားပါတီများ မစိုးရိမ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး ပါတီကြီးနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့အကြား သင့်မြတ်သောဆက်ဆံရေး ကြောင့် အခြားသောနိုင်ငံရေးပါတီများအနေနှင့် နစ်နာမှုများဖြစ်ပေါ်နိုင်သည်ဟု စိုးရိမ်စိတ်မထားကြရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ရွှေလုပ်ကွက် ကြွေးကျန်များအစိုးရထံသို့ ၂ဝ၁၅ အပြီးပေးချေရမည် "

ပြည်နယ်နှင့်တိုင်းဒေသကြီး ၈ ခုရှိ ရွှေလုပ်ကွက်များမှ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်နေသော ရွှေ၃၉၉၂၁ ကျပ်သားကျော်ကို လက်ရှိအစိုးရသက်တမ်း မကုန်ဆုံးမီ ပေးသွင်းရမည်ဟု ဆုံးဖြတ်ထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အတွင်းရေးမှူးဦး မောင်တိုးက ပြောသည်။

ပြည်သူများအားကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်အားမရှိသေး သည့် NLD ပါတီကို ပြည်သူများအနေဖြင့် အင်အားပွားပေးကြရန် ဒေါ်အောင် ဆန်းစုကြည် မေတ္တာရပ်ခံ

ပြည်သူများကိုကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်အားမရှိသေးသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပြည်သူများ အနေဖြင့် အင်အားပွားပေးကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။

ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည့်(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အပြီးတွင် အဖွဲ့ချုပ်ရုံး အပြင်တွင် ရှိသည့် ပြည်သူတစ်ထောင်ကျော်အား ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မော်တော်ယာဉ်ပေါ်မှ မိန့်ခွန်း ပြောကြားစဉ် ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာလူကုန်ကူးမှုစုံစမ်းဖို့ ထိုင်းကိုအမေရိကန်တိုက်တွန်း

ဗွီအိုအေ (မြန်မာဌာန)
20.07.2013
မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ထိုင်းရေတပ်က မလေးရှားနိုင်ငံကို ခိုးထုတ်ပေးပြီး လူမှောင်ခိုကူးမှု လုပ်ငန်းတွေမှာ ပါဝင်နေတယ်ဆိုတဲ့ ရိုက်တာသတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အရေးတယူ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

တရုတ်သိုင်း ရုပ်ရှင်မင်းသား Bruce Lee အမှတ်တရပွဲကျင်းပ

ဟောင်ကောင်က Bruce Lee ရုပ်တုရှေ့မှာ ကလေးငယ်တဦး ဟန်ရေးပြနေပုံ။ 
(ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃)။
ဟောင်ကောင်က Bruce Lee ရုပ်တုရှေ့မှာ ကလေးငယ်တဦး ဟန်ရေးပြနေပုံ။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃)။
ဗွီအိုအေ (မြန်မာဌာန)
20.07.2013
တရုတ် ကွန်ဖူးသိုင်းပညာရှင် Bruce Lee ကွယ်လွန်သွားတာ ဒီနေ့ အနှစ် ၄၀ ပြည့်သွားပါပြီ။ အနှစ် ၄၀ ပြည့် အောက်မေ့ပွဲအဖြစ် ဟောင်ကောင်မှာရှိတဲ့ Bruce Lee ရဲ့ ရုပ်တုရှေ့မှာ သူ့ရဲ့ ပရိတ်သတ်တွေ စုဝေးခဲ့ကြပါတယ်။ ကွန်ဖူး ပညာရှင် Bruce Lee ရဲ့ ရာနဲ့ချီတဲ့ ပရိတ်သတ်တွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေကလည်း အထိမ်းအမှတ်ပွဲကို တက်ရောက်ခဲ့ပါတယ်။

၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူရေး ရန်ပုံငွေလိုအပ်နေ

မြန်မာနိုင်ငံ မြေပုံ။
မြန်မာနိုင်ငံ မြေပုံ။
မဆုမွန်
20.07.2013
၂၀၁၄ ခုနှစ်မှာ ရည်မှန်းထားတဲ့အတိုင်း မြန်မာတပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ နဲ့ နိုင်ငံတကာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ပညာရှင်အဖွဲ့တွေက ယုံကြည်လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံတဝှမ်း သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် ရန်ပုံငွေတွေလည်း သန်းချီလိုအပ်နေဆဲဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

မိထ္ထီလာခရိုင် အရေးပေါ်အမိန့်ရုပ်သိမ်း

မိတ္ထီလာမြို့က ဗလီကျောင်းတခု။
မိတ္ထီလာမြို့က ဗလီကျောင်းတခု။
မဆုမွန်
20.07.2013
အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်အတွင်းက မိတ္ထိလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်လေးမြို့နယ် ကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြန်ရုပ်သိမ်း လိုက်ပြီဖြစ်ပါတယ်။ ဒီလိုအရေးပေါ်အခြေအနေ ကြေညာထားတာ ကို ပြန်ရုပ်လိုက်ပေမဲ့ ဒေသတွင်းလုံခြုံရေးကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က

မြန်မာ့ တပ်မတော် အရာရှိ ၃၀ ကို ခေါ်ယူ လေ့ကျင့်ပေးရန် ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ကမ်းလှမ်း

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လန်ဒန် ခရီးစဉ်အတွင်း မြန်မာ့ တပ်မတော် အရာရှိ ၃၀ ခန့်ကို ဗြိတိန် ကာကွယ်ရေး သင်တန်းကျောင်း သို့ ခေါ်ယူ လေ့ကျင့်ပေးရန် ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက အဆိုပြု ကမ်းလှမ်း ထားကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်သ်၏ ဗြိတိသျှ ပါလီမန်ကို တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ် မြန်မာကို ဗြိတိန် လက်နက် ဝယ်ယူခွင့်ပြု


ဥရောပ သမဂ္ဂ (အီးယူ) က ပိတ်ပင် ထားသည့်ကြားမှ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ၅သန်း(ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ လက်နက်များ တင်သွင်းခွင့် လိုင်စင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဗြိတိန်အစိုးရ က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း ဗြိတိန် အစိုးရ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

လူမျိုးသုဉ်း သတ်ဖြတ်နေသည် ဆိုသော စွပ်စွဲချက်များသည် အပုပ်ချ လှုံ့ဆော်မှုသာ ဖြစ်ကြောင်း ပြင်သစ်ရုပ်သံသို့ သမ္မတ ဦးသိန်းစိန် ပြောကြား

ရိုဟင်ဂျာများကို လူမျိုးသုဉ်း သတ်ဖြတ်နေသည်ဟူသော စွပ်စွဲချက်သည် မြန်မာအစိုးရအဖွဲ့ကို ''အပုပ်ချလှုံ့ဆော်မှု'' ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၉ ရက်တွင် ပြောကြား ခဲ့သည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်က လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အစိုးရအဖွဲ့တွင် အပြစ်မရှိကြောင်း ပြင်သစ်ရုပ်သံ France 24 ကို ပြောကြားခဲ့သည်။

ရခိုင်ဒုက္ခသည်များကို လုံးချင်းအိမ်များသို့ နေထိုင်ခွင့် စပေး

ဒုက္ခသည် ရခိုင်းတိုင်းရင်းသားများစစ်တွေမြို့တွင် နေအိမ်များရရှိသော်လည်း လမ်းမရှိသဖြင့် အခက်ကြုံ
----------------------------------
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းသို့ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများအား လုံးချင်းနေအိမ်များအား ဇူလိုင်လ ၁၉ ရက်နေ့တွင် ထိုင်ခွင့်စတင်ပေးလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားများအရ တရားစွဲဆိုသွားမည်ဟု မချိုချိုမှ ပြောဆို

မိမိသာအဆိုတော်ဆိုတေး၏ တရားဝင်ဇနီးဖြစ်သည်ဟု မြန်မာသတင်းထောက်များအားလုံးရှေ့တွင် ၀န်ခံရင်း သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည့် မချိုချိုအားတွေ့ရစဉ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ သီချင်းသီဆိုရန် ထွက်ခွာသွားတဲ့ အဆိုတော်ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုးသမီးတစ်ဦးတို့ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော်ဆိုတေးဟာလည်း မန္တလေး

မျိုးစောင့် ဥပဒေ ပြဌာန်းရေး ထောက်ခံ လက်မှတ် ၂ သန်းကျော်ရရှိ

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုတာကို ထိန်းချုပ်ဖို့အတွက် မျိုးစောင့်ဥပဒေပြဌာန်းရေးကို ထောက်ခံကြောင်းလက်မှတ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုဆောင်းကောက်ခံနေရာမှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ လက်မှတ်ပေါင်း ၂ သန်းကျော်ရရှိနေပြီလို့ ဦးဆောင်လှုပ်ရှားနေတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
အထက်မြန်မာပြည်အတွက် ဒီကနေ့လာရောက်အပ်နှံတဲ့ လက်မှတ်စုစုပေါင်း ၉ သိန်းကျော်ရှိတယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင် မှ ခိုင်ခံ့မှုအတွက် အသိအမှတ်မပြုသော အဆောက်အအုံများမှာ သင်္ဃန်းကျွန်း မြို့နယ်တွင် အများဆုံးဖြစ်ကြောင်း သိရ

 ရန်ကုန် ၊ ၂၀-၇-၂၀၁၃
ရန်ကုန် စီးပွားရေး မြို့တော်တွင် အဆောက်အအုံ များစွာ တိုးတက် နေသော်လည်း တရားမ၀င် ဆောက်လုပ် ထားသော အဆောက်အအုံ ပေါင်း ၅၀၀ နီးပါးခန့် ရှိ၍ အများစုမှာ သင်္ဃန်းကျွန်း မြို့နယ်တွင် ဖြစ်ကြသည်။ ယင်း အဆောက်အအုံ များ၏ ခိုင်ခံ့မှုကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ယူထားခြင်း မရှိကြောင်းလည်း သိရသည်။

မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန သို့ ငွေကျပ် သိန်း ၈၁၀၂၀ ပေးဆပ်ရန် ကျန်ရှိနေသော ပုဂ္ဂိုလ် ၄၃ ဦးကို ကြွေးကျန်များ ပေးးဆပ်ရန် နှိုးဆော်

ရန်ကုန် ၊ ၂၀-၇-၂၀၁၃
မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန သည် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်း သဘောတူ စာချုပ်အရ ဇွန်လ ၃၀ ရက်အထိ ကြွေးကျန်ရှိ ငွေမှာ ငွေကျပ် သိန်းပေါင်း ၂၈၀၀၀၀ ကျော်ရှိရာမှ ငွေကျပ်သိန်းပေါင်း ၈၁၀၂၀ ကို ပေးဆပ်ရန် ကြွေးကျန်သူ ဦးရေ ၄၃ ဦးကို သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲ ပြသနိုင်ရန်စီစဉ်

ရန်ကုန် ၊ ၂၀-၇-၂၀၁၃
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲ ပြသနိုင်ရန် စီစဉ်လျက် ရှိပြီး ၂၀၁၄ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက် ကိုင်ဆောင်လာသူအား စစ်ဆေးတွေ့ရှိအရေးယူ

Photo: ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက်
ကိုင်ဆောင်လာသူအား စစ်ဆေးတွေ့ရှိအရေးယူ

ရန်ကုန်၊ ဇူလိုင် ၁၉

၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော်
တောင်ဘက်မုခ် အလယ်ပစ္စယံစောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် 
ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူ
သိန်းမျိုးဆွေ၊ (၂၆)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရေဥက္ကံရွာ ၊ 
လှိုင်သာယာမြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ
 ဓါးအိမ်ပါဓါးဦးချွန်တစ်ချောင်းအား
တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒဂုံမြို့မရဲစခန်း(ပ) ၁၆၃/၂၀၁၃ ၊ 
လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူ
ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။
၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော်
တောင်ဘက်မုခ် အလယ်ပစ္စယံစောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူသိန်းမျိုးဆွေ၊ (၂၆)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရေဥက္ကံရွာ ၊ လှိုင်သာယာမြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ဓါးအိမ်ပါဓါးဦးချွန်တစ်ချောင်းအား

မိုင်းတုံမြို့ အဝင် စစ်ဆေးရေး ဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်လူမျိုး ကိုးဦးနှင့် 'ဝ' လူမျိုး တစ်ဦးတို့အား ဖမ်းဆီးရမိ

Photo: မိုင်းတုံမြို့ အဝင် စစ်ဆေးရေး ဂိတ်တွင် တရားမဝင် 
ဝင်ရောက်လာသော တရုတ်လူမျိုး ကိုးဦးနှင့် 'ဝ' လူမျိုး တစ်ဦးတို့အား 
ဖမ်းဆီးရမိ 

ဇူလိုင် ၁၈ ရက် ည ၈ နာရီ ၁ဝ မိနစ်ခန့်တွင် တာချီလိတ်မှ မိုင်းတုံသို့ 
ထွက်ခွာလာသော ယာဉ်မောင်း အိုက်ချန် မောင်းနှင်သည့် ယာဉ်အမှတ်၊ 
၎ဂ/-----(၄x၄) တိုက်ဂါး အဖြူရောင် ယာဉ်နှင့် စိုင်းအောင်ခမ်း 
မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/------ (၄x၄) ဗွီဂိုခဲရောင် တို့အား မသင်္ကာ၍ 
မိုင်းတုံ မြို့အဝင် စစ်ဆေးရေး ဂိတ်တွင် တာဝန် ရှိသူများမှ စစ်ဆေးခဲ့ရာ 
အိုက်ကျော်၊ အသက် ၂၅ နှစ်၊ ''ဝ'' လူမျိုး၊ တော်ကော့ရပ်ကွက်၊ တာချီလိတ်မြို့
 နေသူနှင့် အတူ လိုက်ပါလာသည့် 

Read More >> 
http://www.myawady.net.mm/allnews/crimenews/item/20023-2013-07-20-09-40-11
ဇူလိုင် ၁၈ ရက် ည ၈ နာရီ ၁ဝ မိနစ်ခန့်တွင် တာချီလိတ်မှ မိုင်းတုံသို့ ထွက်ခွာလာသော ယာဉ်မောင်း အိုက်ချန် မောင်းနှင်သည့်  ယာဉ်အမှတ်၊ ၄ဂ/-----(၄x၄) တိုက်ဂါး အဖြူရောင် ယာဉ်နှင့် စိုင်းအောင်ခမ်း မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/------ (၄x၄) ဗွီဂိုခဲရောင် တို့အား မသင်္ကာ၍ မိုင်းတုံ မြို့အဝင်

ရေနံချောင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ရေးမူစာအုပ်ပြန်ပေးပါ

အမျိုးသား ခေါင်းဆောင်၊ လွတ်လပ်ရေး ဖခင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းဟာ အထက်တန်း
ကျောင်းသား ဘ၀မှာ အ-ထ-က ( ၁ ) ရေနံချောင်းမှာ ပညာဆည်းပူးခဲ့ပါတယ်။
အဲဒီ့ ကျောင်းမှာ ဗိုလ်ချုပ် ကျောင်းသားဘ၀က ရေးခဲ့တဲ့ ဗလာစာအုပ်လေးကို သမိုင်းဝင်မှတ်တမ်းအနေနဲ့ သိမ်းဆည်းပြသလာတာ နှစ်ပေါင်း ကြာခဲ့ပြီဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ လက်ရေးစာမူ စာအုပ်လေး သက်တမ်း က နှစ် ၈၀ ရှိပြီ။ နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်းမှာ ရေနံချောင်းက အဆိုပါ

ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်ပေါက် သုံးခုကို သြဂုတ်လ ပထမပတ် စတင်ဖွင့်လှစ်မည်


7.19.21

 နိုင်ငံခြားသား ခရီးသည် အ၀င်အထွက် ခွင့်ပြုပေးမည့် မြ၀တီမြို့တွင်း တစ်နေရာအား  ဇူလိုင် ၁၅    ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကိုရွှေသိန်း)  
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ နယ်စပ်ဂိတ်ပေါက်များ ဖြစ်သော ကရင်ပြည်နယ်ရှိ မြ၀တီ-မဲဆောက်၊ ရှမ်းပြည်နယ်ရှိ တာချီလိတ်-မယ်ဆိုင်နှင့် တနင်္သာရီတိုင်းရှိ ကော့သောင်း-ရနောင်း စသည့် နယ်စပ်ဂိတ်ပေါက် သုံးခုကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ပထမပတ်တွင် ထိုင်းနိုင်ငံသားများနှင့် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံတွင်းသို့ လာရောက် လည်ပတ်နိုင်ရန် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပန်းခြင်းချ

Photo: ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပန်းခြင်းချ

မြန်မာပြည်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ ၂ နှစ် 
ရှိပါပြီ။
ဒီစနစ်က ပြည်မြို့မှာ အတော်လေး အလုပ်ဖြစ်နေဟန် ရှိပါတယ်။
ဒီအကြောင်း ပြည်မြို့က သတင်းထောက် ကိုဘရှီး ပေးပို့ထားတဲ့ သတင်းကို 
တင်ဆက်လိုက်ပါတယ်။

အာဇာနည်နေ့မတိုင်မီ ည(၁၀း၃၀)ခန့်လောက်က ဟန်းစပီကာတလုံးနှင့် လူနှစ်ယောက်က- 
ဇူလိုင် ၁၉ တွင် မြို့လယ် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်သို့ သွားရောက်ပြီး 
လွမ်းသူ့ပန်းခွေမချရ၊ ချလျှင်ပုဒ်မ(၁၈၈)ဖြင့် အရေးယူခြင်းခံရမည်ဟု 
-နေရာတချို့တွင် လိုက်လံအော်ဟစ် ကြေညာခဲ့ကြသဖြင့် အာဇာနည်နေ့ ရောက်သည့်အခါ 
မြင်းစီးကျောက်ရုပ် တွင် မည်သူမှပန်းခွေမချခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ယမန်နှစ်ကပန်းခွေချအလေးပြုခဲ့ကြသော အဖွဲ့အစည်းလူပုဂ္ဂိုလ်များကိုလဲ 
မြို့နယ်ရဲတပ်ဖွဲ့မှုး၊ စခန်းမှုးများက ယခုနှစ်မှာ ပန်းခွေမချဖို့ရန် ခေါ်ယူ 
သတိပေးခဲ့ကြောင်း NLD ပါတီမှ ကိုကျော်ဆန်းက ပြောပြပါသည်။

တရားလွှတ်တော်ရှေ့နေ၀တ်ရုံကြီးကိုဝတ်ဆင်ထားသော- တရားလွှတ်တော်ရှေ့နေ 
ဦးမြင့်အေး၊ သူ့ တပည့်မ ရှေနေတို့နှစ်ဦးတည်း တက်ရောက် 
ပန်းစည်းချအလေးပြုခဲ့ပါသေးသည်-

သူ့အနေနှင့် အစဉ်အလာကို ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်ဖို့က မိမိတို့ 
တာဝန်ဖြစ်ကြောင်း၊ အခုလဲ ပန်းခွေချလျှင်အရေးယူမည်ဟု ဆိုသဖြင် 
့ပန်းစည်းချရခြင်းဖြစ်ကြောင်း ပြောပြပါသည်။

ပြည်မြို့ NLD ပါတီ ရွာဘဲရုံးဉ်နံနက်(၆)နာရီတွင်ဘုန်းကြီးဆွမ်းကပ်ပြီး၊ 
အာဇာနည်ခေါင်းဆောင်ကြီး(၉)ယောက်၏ ထေရုပတ္တိ ဖတ်ကြားခြင်း၊ 
အောက်မေ့ဖွယ်ရှေး ဟောင်းနှောင်းဖြစ်များပြောဆိုခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် မြို့ထဲသို့ 
ဗိုလ်အောင်ဆန်းစစ်ကြောင်း၊
သခင်မြစစ်ကြောင်း၊
ဦးရာဇတ်စစ်ကြောင်း၊
မန်းဘခိုင်စစ်ကြောင်း၊
ဒီးဒုတ်ဦးဘချိုစစ်ကြောင်း၊
ဦးဘ၀င်းစစ်ကြောင်း၊
မိုင်းပွန်စော်ဘွားစဝ်စံထွန်းစစ်ကြောင်း၊
ဦးအုန်းမောင်စစ်ကြောင်း၊
ရဲဘော်ကိုထွေးစစ်ကြောင်း-
စသဖြင့်စစ်ကြောင်းကြီး (၉)ကြောင်းဖြင့် ချီတက်ခဲ့ကြသည်။

မြို့လည်မြင်းစီးကျောက်ရုပ်တွင် ခေတ္တခဏ အလေးပြုပြီးနောက် 
အာဏာပိုင်အဖွဲ့အစည်းတို့ သတ်မှတ်ထားသော- မြို့ပြင်ဘော်လုံးကွင်းတွင် 
သွားရောက်ပန်းခွေချခဲ့ပြီးမနက်(၁၁)နာရီတွင်အခမ်းအနားပြီးဆုံးခဲ့ကြ
ပါသည်။

ချီတက်အလေးပြုသူအင်အား တထောင်ခန့်ရှိပြီး-မြို့ပြင်ဘော်လုံးကွင်းတွင်- 
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာများပါတက်ရောက် 
အလေးပြုခဲ့ကြပါသည်။

ရပ်ကွက် မီးသတ်တပ်ဖွဲ့တခုမှ ကိုအောင်သိန်းက- သူတို့ကတော့(၁၀း၃၇)မှာ 
ဥသြဆွဲချင်တယ်-ဒါပေမဲ့ တပ်စုမှုးဆီက လုံးဝ ခွင့်ပြုမိန့်မရဘူး 
ဟုပြောပြပါသည်။ 

ဒီမိုကရေစီခေတ်ရောက်နေပြီဆိုပြီး မြို့လယ် မြင်းစီးကျောက်ရုပ်မှာ 
အခုလိုပိတ်ပင်တားဆီးတာက အရမ်းကို ရုပ်ဆိုးလွန်းပါတယ်-
ဒါကပြည်မြို့သူ/သားတွေရဲ့ငွေကျေး နဲ့တည်ဆောက်ထားတဲ့ 
အောက်မေ့ဘွယ်ရုပ်ထုဖြစ်တယ်-
တတိုင်းပြည်လုံးရဲ့ ခေါင်းဆောင် ကျေးဇူးရှင်လဲဖြစ်တယ်-
ဒါကို တားဆီး ပိတ်ပင်တာကတော့ သူတို့ကို ဘယ်လိုကင်ပွန်းတပ်ရမလဲဆိုတာသာ 
တွေးကြည့်ပါတော့လို့ အောင်မင်္ဂလာဈေးမှဈေးသည်- ကိုစိုးနိုင်က ပြောပြပါတယ်။

Posted From ဧရာဝတီ
မြန်မာပြည်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ ၂ နှစ် ရှိပါပြီ။
ဒီစနစ်က ပြည်မြို့မှာ အတော်လေး အလုပ်ဖြစ်နေဟန် ရှိပါတယ်။
ဒီအကြောင်း ပြည်မြို့က သတင်းထောက် ကိုဘရှီး ပေးပို့ထားတဲ့ သတင်းကို တင်ဆက်လိုက်ပါတယ်။

ခြေလေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် ခွဲစိတ်မှု တစ်လခွဲ အကြာ၌ ပြုလုပ်ရန်စီစဉ်

Photo: ခြေလေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် ခွဲစိတ်မှု တစ်လခွဲ အကြာ၌ 
ပြုလုပ်ရန်စီစဉ်

ဇူလိုင် ၁၆ ရက်က ရန်ကင်း ကလေးဆေးရုံကြီးတွင် ပထမအဆင့် ခွဲစိတ်မှု 
ပြုလုပ်ခဲ့သည့် မွေးရာပါ ခြေထောက်လေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် 
ခွဲစိတ်မှုကို တစ်လခန့် အကြာတွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ပထမအဆင့် ခွဲစိတ်ကုသရာ၌ ကလေးငယ်တွင် ပိုနေသည့် ခြေထောက်များကို 
ဖယ်ရှားခဲ့ကြောင်း၊ ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ဒုတိယအဆင့် 
ပြုလုပ်နိုင်ရန် ကလေးငယ်၏ ကျန်းမာရေး အခြေအနေကို လက်ရှိ စောင့်ကြည့်လျက် 
ရှိကြောင်း သိရသည်။

''အခုလုပ်ခဲ့တာ Major Operation ဖြစ်ပြီး သွေးကြောတွေ အားလုံးလွတ်အောင် 
ခွဲစိတ်ရတဲ့အတွက် ခက်ခဲပါတယ်။ ပထမ အဆင့်မှာတော့ ပိုနေတဲ့ ခြေထောက်တွေကို 
ဖယ်ထုတ်ရတဲ့ အတွက် အရိုးအပိုင်းက အဓိကပေါ့။ နောက်လုပ်မယ့် ဒုတိယ 
အဆင့်မှာတော့ အခုဖယ်ထုတ်လိုက်လို့ လစ်ဟာနေတဲ့ အပိုင်းမှာ Plastic Surgery 
နည်းနဲ့ ပြန်ပြုပြင် ပေးသွားမှာပါ။ နောက် လမ်းလျှောက်နိုင်အောင် 
အရိုးတွေကို Position ချပေးသွားမှာပါ'' ဟု ရန်ကင်းကလေး ဆေးရုံကြီးမှ 
ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က ဆိုသည်။

သုံးလခွဲအရွယ် မွေးရာပါ ခြေထောက်လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး
 ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ရှိ ကျေးရွာတစ်ရွာတွင် အဖ 
ဦးခွန်စံဒွေး အမိ ဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

Photo: ခြေထောက်လေးချောင်းပါ ကလေးငယ်ကို ပထမအဆင့် ခွဲစိတ်မှုအပြီး၌ တွေ့ရစဉ်
 (ဓာတ်ပုံ - ဧရာဝတီဖောင်ဒေးရှင်း)

From: Eleven
ဇူလိုင် ၁၆ ရက်က ရန်ကင်း ကလေးဆေးရုံကြီးတွင် ပထမအဆင့် ခွဲစိတ်မှု ပြုလုပ်ခဲ့သည့် မွေးရာပါ ခြေထောက်လေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် ခွဲစိတ်မှုကို တစ်လခန့် အကြာတွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ကလေးအဖေဘယ်သူလဲ

Photo: ကလေးအဖေဘယ်သူလဲ
................................

၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ 
မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် 
ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ 
အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ 
သားသမီးလိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမရနိုင်ဘူး 
ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေးလိုချင်၊ ဇနီးဖြစ်သူက လည်း 
ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက 
သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။

ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် 
အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။

သားသမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလိုလုပ်တာကို
 မကြိုက်ပေမယ့် “ငါဒီအလုပ်တွေ မလုပ်ချင်ပါဘူးမိန်းမရာ ပိုက်ဆံကြောင့်ပါ” 
လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ်သက်တမ်း ၆ လ အတွင်း 
တပတ်သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ 
ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန်မရခဲ့ပါ။

ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း 
အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျားက စိတ်ဆိုးပြီး တရားစွဲခဲ့ပါတယ်။ Frank 
Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ပဲပြောခဲ့တာ... 
ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား 
ရင်ဆိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ 
ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။

သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက 
ဘယ်သူပါလဲ။

Ref:islandmix.com
၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။

ပြည့်တန်ဆာနှင့် ဥပဒေ

Photo: ပြည့်တန်ဆာနှင့် ဥပဒေ

(အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် 
အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော 
စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ 
ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)


၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို 
တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု 
ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ 
ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ 
ပြောပြချင်သည်များရှိလာသည်။

၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု 
ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ 
ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု 
ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း 
မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း 
ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို 
ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ 
ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို 
တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော 
အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် 
ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို 
ပြောပြရန်သာ ဖြစ်ပါသည်။


၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် 
ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ 
ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို 
ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို 
အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ 
ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး 
ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် 
စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ 
ခဏသည်းခံပါ)


၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး 
သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု 
ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် 
သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ 
ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို 
မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း 
မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု 
မသတ်မှတ်လိုပါ။ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။


၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး 
ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) 
ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် 
လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ 
အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ 
သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ 
ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။

၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း 
နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း 
Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး 
ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist (ဥပမာ- 
အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) 
တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ 
ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် 
ထိုကိစ္စကို အသေးစိတ်ပါမည်။


၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် 
လုပ်ရသော ကိစ္စများ ပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ 
မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် 
များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် 
ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ 
နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော 
ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ 
ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ 
မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် 
လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” 
လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ 
ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို 
အသက်ပြည့်သည် အထိ စောင့်နေမည်လား။


၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် 
ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် 
အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ 
လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို
 နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ 
(ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) 
စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင်
 ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများ ရဲကြေးတောင်းသည်ကို ပပျောက်ရန် 
ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား
 ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် 
နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။


၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို 
မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို 
ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော
 အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော 
ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး 
ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို 
ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် 
ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် 
မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ 
ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ 
ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။


၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။ လမ်းပေါ်မှ ဖာများအတွက် 
မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ 
ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း
 သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ 
ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း 
အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို
 တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို 
လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ 
မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ 
ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော 
အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။


၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ 
မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် 
ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း 
အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ 
ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ 
ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် 
ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို 
မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး 
ဖြစ်ပါသည်။


၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း 
လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။ 
ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို 
ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို 
သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို 
ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း 
ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ 
ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။


၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ 
အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) 
ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle 
evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ 
လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) 
အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of 
reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results 
(ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက 
လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။


၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ 
အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ ဒီမိုကရေစီဖေါ်ဆောင်ရာတွင် 
ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို 
ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ 
ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော
 သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ 
အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် 
ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က 
မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။



၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ 
စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို 
လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို 
မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း 
ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။ (ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍
 မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။

၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။




နောက်ဆက်တွဲ


ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ 
ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။


(၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ 
တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ 
ကာယကံရှင်များက ပိုသဘောကျပါသည်။ တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် 
နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ 
မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် 
ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ 
ရနိုင်ပါသည်။


(၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် 
အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် 
ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် 
တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ 
ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ 
ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် 
ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။


(၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က 
ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ 
လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ 
ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို 
အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။

သက္က မိုးညို

သတင်းပေါင်းစုံ
(အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)
၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။

Friday, July 19, 2013

လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာအား ဖမ်းဆီးခြင်း အပေါ် ကန့် ကွက်ခြင်း

၁။ ၂၀၁၃ ခုနှစ် ဇူလိုင်လ(၁၈) ရက်နေ့ တွင် လူ့ အခွင့်အရေးလှုပ်ရှားတက်ကြွသော ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာ အားမြစ်ကြီးနားမြို့ ရှိ သူမ၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သတင်းရရှိပါသည်။ ဒေါ်ဘောက်ဂျာသည်ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးဖြစ်သောနိုင်ငံသား အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများ အဖွဲ့ (Civil Rights Defenders) ကဥပဒေအထောက်အကူပြု ကွန်ယက် (Legal Aid Network) ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူလျှက်ဆားဗီးယားနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ် များအား လေ့လာရေးခရီးစဉ်စီစဉ်ခဲ့ရာတွင်(ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၇ ရက် ၂၀၁၃ ခုနှစ်) အတွင်း   လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူတဦးအနေဖြင့် ပြည်တွင်းမှ ရှေ့နေ (၉) ဦး နှင့် အတူပါဝင်ခဲ့သူဖြစ်သည်။

ဖန်တီးသူ

ရောင်ခြည်တစ်ခုကို တမ်းတ
လမ်းစတစ်ခုကို ရှာဖွေ
တွေဝေမှုတွေ ရှင်းပစ်
အလင်းသစ်နဲ့ ရှေ့ဆက်လျှောက်....။

တက်ခေါက်သံ တစ်ခု ငါကြားတယ်
ထည်ဝါမှု ဘဝကို ဖန်ဆင်း
"ငါ၏ အသက် ပြိုလဲ သော်မှ
ငါ့မာန တွေ မြေသို့ ချမည်.."
စာဆိုတစ်ဦး ၏ မာန်တင်းသံ
ခံပြင်းသံ ပါလိုက်ပါဘိကွယ်..
"ငါ့ဓား အသွား အမြဲ သွေး
အလှမ်းဝေးရင် ရှေ့တိုးခုတ်
နောက်မဆုတ်တမ်းပေါ့.."

ငါ ဟာ ဖန်ဆင်း ရှင် မဟုတ်..
ဒါပေမယ့်..
ငါ့ဘဝ တစ်ခုကိုတော့ လှပအောင် ဖန်တီး နိုင်ရမှာပေါ့..။

ရောက်ခြည်သစ်ရဲ့ အားမာန်နဲ့ 
ခြေလှမ်း တစ်ခု ကို မွေးဖွား
အမှား တွေ နည်းဖို့ ကြိုးစားရင်း
အလင်းသစ်ဘဝကို တည်ဆောက်
ဘယ်တော့ ရောက်မလဲ
လွဲမှားမှု တွေ နဲ့ မိတ်ဆွေ မဖွဲ့ မိစေနဲ့ ပေါ့.။

ငါ ငို လို့ မရပါဘူးလား..
ဘာကြောင့်ဆိုတာ ပြန်တွေးဖို့ လိုပြီ..
ငါ့ မာန ဆိုတဲ့ သစ်ပင်လေး
မျော်လင့်ခြင်း ဆိုတဲ့ ရောင်ခြည်အောက်မှာ
အလင်းသစ်နဲ့ ပျော်ရွှင်
အမြဲ တမ်း အသက်ဝင်နေသရွေ့ ပေါ့...
ငါ့ မျက်လုံး တွေ ဘယ်တော့မှ မရှုံးစေရဘူး..
အဲဒါ..
ငါ ဖန်တီးသူ ပေါ့..။

ရင်လှိုင်းခတ်သံ

၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ

၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
 ၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့

ထိုင်းမှ သက်တမ်း အရင့်ဆုံး ဟွာဆင် ဟန်းရွှေဆိုင် လာဖွင့်မည်

Photo: ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် 
ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ် တွင် မြန်မာနိုင်ငံ၌ 
ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိ
 ရသည်။

ထိုလုပ်ငန်း ၏ ဦးဆောင် ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် 
အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စင်ကာပူတို့၌ လုပ် ငန်းများကို 
လာမည့်နှစ်တွင် တိုး ချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းက 
ထိုင်းလူမျိုးများ ကဲ့သို့ပင် အာဆီယံ နိုင်ငံသားများ သည် ရွှေစုရာတွင် 
ဝါသနာထုံကြ ကြောင်း ဆက်လက်ပြောသည်။ ''မြန်မာပြည်ကသူတွေဟာ အိမ်မှာ 
ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေ ကို 
ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် ဝယ်ကြ တယ်။ အဲဒါကြောင့် သူ 
တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော်တို့ 
ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။

''ရွှေဈေးနှုန်းဟာ အမေရိ ကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လို ထားသလဲ ဆိုတဲ့အပေါ် 
မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝ ကနေ နှစ်ကုန် 
ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့် မှန်း သည်။ 
''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး 
သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ 
ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ် လို့ပြောလို့ရတယ်။ ထိုင်းက 
ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ 
လာဆွေးနွေးတာရှိတယ်။ အဓိက ကတော့ သူတို့ဆီမှာရှိတဲ့ပန်းထိမ် 
ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာက များတယ်။ လက်ရှိ နိုင်ငံခြား 
ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် 
ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့
 အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ 
အသင်းအတွင်းရေးမှူး ဦးကျော် ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။

ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်။
Yangon Media Group
ညီလတ်ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာရောက်ဖွင့်လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရသိရသည်။
ထိုလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်းမြန်မာ နိုင်ငံနှင့် စင်ကာပူတို့၌ လုပ်ငန်းများကို လာမည့်နှစ်တွင် တိုးချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းက ထိုင်း လူမျိုးများကဲ့သို့ပင်

ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ

Photo: ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ 
ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ 
Friday, July 19, 2013

မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် 
လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို 
မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက် ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင် 
ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံ မှုကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း 
အဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။

လတ်တလောတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွက် ဇုန်ဝင်ကြေး ကောက်ခံ မှုကို 
အမေရိကန် ဒေါ်လာဖြင့်ပင် ကောက်ခံသွားမည် ဖြစ်ပြီး ပုဂံဇုန်ဝင်ကြေး ကောက် 
ခံမှု အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ကို တာဝန်ပေးသွားရန်
 ရှိနေပြီး ကျန်ဇုန်များကိုလည်း ယင်းအဖွဲ့ချုပ်ကိုပင် တာဝန်ပေးသွားဖွယ် 
ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ဇုန်ဝင်ကြေး ကောက်ခံမှုများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူ 
ထားဦးမည် ဖြစ်ကြောင်း သိရသည်။

''ဇုန်ဝင်ကြေး ကောက်ခံတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတွက် ဝန်ကြီးဌာနက 
တင်ဒါ ခေါ်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်သွားမယ်လို့ 
သိရပါတယ်။ ခရီးသွား လုပ်ငန်း လုပ်ကိုင်တဲ့ အသင်းအဖွဲ့တွေကို အပ်နှံ 
ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ထားပါတယ်။ တင်ဒါ စည်းမျဉ်း စည်းကမ်း တွေမှာလည်း 
အဲဒီက ကောက်ခံရရှိတဲ့ ငွေကြေးတွေနဲ့ ဇုန်ရဲ့ စိမ်းလန်း စိုပြည်ရေး၊ 
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုတွေမှာ ပြန်ပြီး အသုံးပြု သွားရမယ်ဆိုတဲ့ 
အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်မယ့် အဖွဲ့အစည်းဟာ 
နိုင်ငံသားပိုင် ဖြစ်ရမယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်း 
ဖြစ်ရမယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဌာနတွေက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်း 
ဖြစ်ရမယ်။ ဒေသဖွံ့ဖြိုး တိုးတက်ဖို့ နှစ်စဉ် အသုံးပြုမယ့် ငွေစာရင်း 
တာဝန်ပေးခံရမယ် ဆိုရင် နှစ်နှစ်အတွင်းမှာ လုပ်ဆောင်ရမယ့် လုပ်ငန်း 
ဆောင်ရွက်ချက်၊ တစ်နှစ်အတွင်းမှာ ကောက်ခံ ရရှိငွေရဲ့ ၈၅ ရာခိုင်နှုန်းထက် 
ကျော် လွန်တဲ့ ငွေကြေးကို ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပေးသွင်းရမယ် ဆိုတဲ့ 
အချက်တွေ လည်း ပါဝင်ပါတယ်။''ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း 
အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား 
များထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ အမေရိကန် 
ဒေါ်လာနှင့် ယူရိုတို့ဖြင့် ကောက်ခံ ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ကျပ်ငွေဖြင့် 
ပြင်ဆင် ကောက်ခံခြင်းကို ယခု ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် 
စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Myawady Newsမြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှုအမွေအနှစ်ဒေသများသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက်ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင်ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံမှုကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိုမိုတင်ပို့

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေကို့ 
ပိုမိုတင်ပို့မြန်မာနိုင်ငံ၏ အဓိကတင်ပို့နေသော ကုန်ပစ္စည်းများတွင် လယ်ယာစိုက်ပျိုးရေး၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုနှင့် သယံဇာတအရင်းအမြစ်များ တင်ပို့မှုကို အဓိကထားပြီး ယခုနှစ်တွင် သယံဇာတ အရင်း အမြစ် ဖြစ်သော သဘာဝဓာတ်ငွေ့ကို ပိုမိုတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွား

7.18.24အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆိုးရွားသည့် ယာဉ်ကြော ပိတ်ဆို့မှုမှာ ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီ မှ စတင်ဖြစ်ပွား ရခြင်း ဖြစ်ပြီး ည ၁၀ နာရီကျော်မှ ပြန်လည်ရှင်းလင်းနိုင်ခဲ့သည်။ ထိုကဲ့သို့ဖြစ်ပွားရခြင်း မှာ အောင် မင်္ဂလာအဝေးပြေးဝင်းထိပ်ရှိ ယာဉ်အ၀င်အထွက်လိုင်းများ ရှုပ်ထွေးမှု ဖြစ်ပွားခဲ့ရာမှ စတင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ

Photo: ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် 
အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ
Friday, July 19, 2013

မုံရွာမြို့မှ ကလေး-တမူးသို့ ပြေးဆွဲနေသော ရွှေမြန်မာ လူစီးမှန်လုံယာဉ်ပေါ် 
တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယ ကုန်ပစ္စည်းများ အကောက်ခွန်မဲ့ 
သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးမိ ခဲ့ကြောင်း 
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ 
အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် 
ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့ တင်လာတဲ့အတွက် အကောက်ခွန် အရာရှိတွေ ကို 
ခေါ်ပြီး စစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့် ပစ္စည်းများစစ်ဆေးသည့် မုံရွာမှ 
အမြင့်သို့ သွားသည့် လမ်းဘီးခွန်ဂိတ်တွင် ရောက်ရှိနေသော ရဲအရာရှိ တစ်ဦး က 
ပြောကြားသည်။

ကလေးဝဘက်မှ တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား တစ်တန်ကျော်ခန့် ကို 
ရှာဖွေတွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်း
 များ ဖြစ်သည့် ဘီစကစ်၊ ချိုချဉ်များနှင့် အနံ့ဆီပုလင်း များကို 
သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးမှ 
တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုမိတဲ့ပစ္စည်းတွေ အားလုံးက တရားဝင် အခွန်ဆောင်ပြီး တင်သွင်း လာတာ မဟုတ် 
ပါဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ ပစ္စည်းတွေပါ” ဟု 
အကောက်ခွန်အရာရှိက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွင်းကုန်ထုတ်ကုန် တရားဝင် ခွင့်ပြုထားသည့် 
ပစ္စည်းဦးရေမှာ ၃၁၈ မျိုးထိရှိပြီး ယင်းစာရင်းတွင် မပါဝင်ဘဲ တင်သွင်းလာသည့်
 ကုန်ပစ္စည်းများကို ရှောင်တခင်စစ် ဆေး၍ လိုအပ်သလို အရေးယူမှုများ 
ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တမူးမြို့တွင် စစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး
 ကလေးမြို့နှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့ကြီးများ ဖြစ်သော မုံရွာ၊ 
ကသာ၊ ရွှေဘိုနှင့် စစ်ကိုင်းမြို့များ တွင်လည်း တရားမဝင် ကုန်စည်တားဆီးရေး 
အဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း 
စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မေလအတွင်းတွင် 
ပြောကြားခဲ့ဖူးပြီး တရားမဝင် ကုန်စည်များမှာ ယခုအခါ မုံရွာမြို့တွင် 
ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။

The Voice Weeklyမုံရွာမြို့မှ ကလေး-တမူးသို့ပြေးဆွဲနေသော ရွှေမြန်မာလူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယကုန်ပစ္စည်းများ အကောက်ခွန်မဲ့သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး မိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့

မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ

19.7.2013-ll1မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ် သက်သော ကိုယ်ရေး အတ္ထုပတ္တိများ ဟောပြောခြင်း၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပ ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်မှုများရှိနေ

Photo: လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် 
လောင်းကစားပြုလုပ်မှုများရှိနေ
Friday, July 19, 2013

လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ် 
များပေါ်တွင် လောင်းကစားများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် 
မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း 
မြင်တွေ့ရသူ အများစု က ပြောကြ သည်။

“ဒီအနေအထားတွေက မြို့ရဲ့အနာဂတ်အတွက် ရင်လေးစရာဘဲဗျာ။ ကျနော်လည်း 
ဒါမျိုးနှစ်နေရာ သုံးနေရာလောက်ကို တွေ့ဘူးနေတာ။ ဒါကိုတာဝန်ရှိတဲ့ 
သူတွေသေချာ အရေးယူဖို့တော့လိုမယ်။ လူတွေက တိုင်ကြားဖို့ ဆိုတာကလည်း 
ဘယ်လောက်ထိ တိုင်ကြားမှာလည်း ဗျာ။ နေရာတိုင်း တိုင်နေရရင်လည်း 
မဟုတ်သေးဘူဗျ။ ဒီအတိုင်းဆိုရင် ကျနော်တို့မြို့ရဲ့ အလားအလာ မကောင်းဘူး”ဟု 
လောင်းကစား ပပျောက်လိုသူမြို့ခံ တစ်ဦးက ပြောသည်။ 

ယင်းသို့ လောင်းကစားများ ပြုလုပ်ရာတွင် နံနက်မှစ၍ တနေကုန် အထိ လောင်းကစား 
လုပ်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ညမိုးချုပ်သည့် အချိန်ထိပင် 
သုံးဘီးမီးထွန်းကာ လောင်းကစား ပြုလုပ်ကြကြောင်း သိရသည်။

“ကျွန်တော်က မြို့ပြင်ကို ဆီသွားထည့်တာ အသွားကလည်း မော်တော် ပီကယ်ရုံ နားက 
လမ်ဘေးမှာ သုံးဘီးတစ်စီး လမ်းမှာထိုးထားပြီး သုံးဘီးပေါ်မှာ 
လူတွေစုနေတာတွေ့တယ်။ ဒီလိုနဲ့ ဆီထည့်ပြီး ပြန်လာတော့ လည်း အဲ့ဒီနားမှာလူတွေ
 စုနေတာတွေ့လို့ ဘာဖြစ်တာလဲ ယာဉ်တိုက်မှု ဖြစ် တာလားလို့ မေးလိုက်မိတာ 
ဘာယာဉ်တိုက်မှုမှ မဖြစ်ဘူး။ ပွတ်နေတာဗျ ဒီမှာရှုံးနေရတဲ့အထဲဆိုပြီး 
ပြောတယ်”ဟု ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။ 

လာရှိုးမြို့တွင်ယခင်ကထိုသို့သုံးဘီးယာဉ်များပေါ်၌ ပေါ်ပေါ်ထင်ထင် လောင်း ကစား 
မှုများ မရှိခဲ့သော်လည်း လာရှိုးမြို့  ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း တွင် 
ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြခြင်းဖြစ်ကြောင်း တွေ့ရှိသူများက ပြောကြသည်။

စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ် များပေါ်တွင် လောင်းကစား များ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း မြင်တွေ့ရသူ အများစု က ပြောကြ သည်။

Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း

Photo: Password Lock ကျနေသော Lumia 920 ကို
 Hard Reset 
လုပ်ခြင်း
Friday, July 19, 2013

အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password 
ထားမိပြီး မေ့သွားလို့ ပြန်လုပ်ယူလို့ မရတော့တဲ့ အခါ Lock ကျသွားတက်ပါတယ်။ 
Password ကလည်း ဘယ်လိုမှ စဉ်းစားလို့မရ၊ Try ရင်း Try ရင်း Lock Time ကလည်း
 တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard Reset ချဖို့ 
လိုအပ်လာပါလိမ့်မယ်။

( Lock မကျထားတဲ့ ဖုံးဆိုရင်တော့ Setting ကနေ Reset ကို လွယ်ကူစွာ 
လုပ်နိုင်ပေမဲ့ Locked ဖြစ်နေတဲ့အခါ အဆိုပါနည်းလမ်းကို သုံးလို့မရတဲ့အတွက် 
Key တွေကို နှိပ်ပြီး အောက်ဖော်ပြပါနည်းလမ်းကို အသုံးပြုဖို့ လိုအပ်လာမှာ 
ဖြစ်ပါတယ်။ )

Lumia ကို ပြန်အသုံးပြုနိုင်ဖို့ တစ်နည်းအားဖြင့် Format လုပ်ပြီး Factory 
Reset ချကာ ပြန်လည် အသုံးပြုနိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

Warning!! Lock ကျထားတဲ့ ဖုံးက Data တွေကတော့ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

Locked Lumia Phone ကို Factory Reset လုပ်ဖို့ လိုအပ်လာပြီဆိုရင် 
အလွယ်ကူဆုံး နည်းလမ်းကတော့

Step 1
ဖုံးကို Charger မှာ မတက်ထားပါနဲ့။
1. ဖုံးကို ပိတ်လိုက်ပါ။
2. ပိတ်သွားပြီဆိုရင် Volume down Key ကို နှိပ်ထားပြီး charger နဲ့ 
အားသွင်းလိုက်ပါ။ မှန်ကန်တယ်ဆိုရင် exclamation mark (!) အကြီးကြီး 
တစ်ခုတည်း screen မှာ ပေါ်လာပါလိမ့်မယ်။

(OS reset ကို ဆက်မလုပ်ချင်တော့ပဲ Normal MOde ကို ပြန်ထွက်ချင်တယ်ဆိုရင် 
Volume Down + Power Key ကို 10Seconds လောက် နှိပ်ထားပေးလိုက်ပါ။).

Step 2
(!) ပေါ်နေတဲ့ အချိန်မှာ ဖော်ပြပါ အစီအစဉ်အတိုင်း Keys များကို တစ်ခုဖြင်း 
နှိပ်သွားပါ။
1. Volume up
2. Volume down
3. Power
4. Volume down
မှန်ကန်တယ်ဆိုရင် ဖုံး Restart ဖြစ်သွားပါလိမ့်မယ်။

Step 3
Restart ပြီးသွားတာနဲ့ Reset လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ 
စက်သွားနှစ်ခုလည်နေတဲ့ ပုံမျိုးကို တွေ့ရပါလိမ့်မယ်။ 
အားလုံးပြီးဆုံးသွားပြီ ဆိုရင်တော့ Factory Setting နဲ့ Reset ဖြစ်ပြီးသား 
Lumia Phone အနေနဲ့ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ယခင်က ဖုံးကို Live Account နဲ့ ချိတ်ဆက်ပြီး Backup လုပ်ထားတာ 
ဖြစ်ခဲ့မယ်ဆိုရင်တော့ ယခင်က Data အချို့ကို ပြန်လည် ရရှိနိုင်ပါလိမ့်မယ်။

TineHtetAung: TechSpace Tech Team
TechSpace Journal
အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး မေ့သွား လို့ ပြန်လုပ်ယူလို့မရတော့တဲ့အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ စဉ်းစားလို့ မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။
(Lock မကျထားတဲ့ဖုံးဆိုရင်တော့ Setting ကနေ Reset ကို လွယ်ကူစွာလုပ်နိုင်ပေမဲ့ Locked ဖြစ်နေတဲ့ အခါ အဆိုပါနည်းလမ်းကို သုံးလို့မရတဲ့ အတွက် Key တွေကို နှိပ်ပြီး အောက်ဖော်ပြပါ နည်းလမ်းကို အသုံးပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ )

(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်မည်

(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များအား ဖိတ်ကြားခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မူ လွှတ်တော်ကိုယ်စားလှယ် များအား တက်ရောက်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ်ဖိတ်ကြားခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြော ကြားသည်။

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ ကြီးသည့်ကာလ၌ မြေသားတာပေါင်ကျိုးကျခဲ့မှု ဖြစ်ပေါ်

မုံရွာ ၊ ၁၉-၇-၂၀၁၃
စစ်ကိုင်းတိုင်း ဒေသကြီး ကိုဖြတ်သန်း စီးဆင်းလျက် ရှိသော ချင်းတွင်းမြစ်ကြီး သည် အညာဒေသ မိုးရွာသွန်းမှု အလွန်များ သဖြင့် မြစ်ရေကြီးရာ ယမန်နေ့ နံနက် ၂ နာရီခွဲက မုံရွာမြို့နယ် ၊ ညောင်ဖြူပင် ကျေးရွာ နှင့် သစ်ဆိမ့် ကျေးရွာ အကြား ဆည်မြောင်း ဦးစီးဌာန ၏ မြစ်ရိုးတာပေါင် မိုင်တိုင် အမှတ် ၃၅/၃၆ အနီး မြေသား တာပေါင် ကျိုးကျ ပျက်စီးခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ညောင်ဖြူပင် ကျေးရွာနေ ဒေသခံ ပြည်သူတစ်ဦး က ပြောကြား ခဲ့သည်။

လှေစီးပြေးဒုက္ခသည် Australia မှာ လက်ခံတော့မည်မဟုတ်

သြစတြေးလျဝန်ကြီးချုပ် 
ကေဗင်ရပ်ဒ်။သြစတြေးလျဝန်ကြီးချုပ် ကေဗင်ရပ်ဒ်။
ဗွီအိုအေ (မြန်မာဌာန)
19.07.2013
သြစတေးလျနိုင်ငံကို ရောက်လာကြတဲ့ လှေစီးပြေး ဒုက္ခသည်အားလုံးကို အခု အချိန်ကစပြီး တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းမှာရှိတဲ့ Papua New Guinea ကျွန်းနိုင်ငံကို ပို့မယ်လို့ ၀န်ကြီးချုပ် Kevin Rudd က ပြောလိုက်ပါတယ်။

အာဇာနည်နေ့ နယ်မြို့တွေမှာ ကျင်းပ

ပြည်မြို့ 
ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ၆၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်။
 (ဇူလိုင် ၁၉၊ ၂၀၁၃)၊ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ၆၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၃)၊
မအေးအေးမာ
19.07.2013
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် တခုဖြစ်တဲ့ မန္တလေးမြို့အပါအဝင် တခြားမြို့ တော်တော်များများ မှာလည်း အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ဂါရဝပြုပွဲတွေ ဆွမ်းကျွေးပွဲတွေ စီတန်းလမ်းလျှောက်ပွဲတွေလုပ်ပြီး အောက်မေ့သတိရမှုကို ပြသခဲ့ကြပါတယ်။ အခုလို မြို့တော်တော်များများမှာ ကျင်းပခဲ့ကြတဲ့
အာဇာနည်နေ့ပွဲတွေအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုစည်းတင်ပြပေးထားပါတယ်။

တင်ပြီးသား post များ

3D