သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 18, 2013

ဧပြီမှ ဇူလိုင် လဆန်းပိုင်း အထိ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိ ထား

Photo: ဧပြီမှ ဇူလိုင် လဆန်းပိုင်း 
အထိ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိ ထား
Thursday, 18 July 2013

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်
ဒေါ်လာ ၂၃၈ သန်းကျော် ရရှိထားသော်လည်း မတ်ပဲ၊ပဲစဉ်းငုံတင်ပို့မှု လျော့
ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ 
ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲနှင့် ပဲပုပ်စေ့ 
အစရှိသည့် ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းလည်း 
သိရသည်။

ယခုဘဏ္ဍာရေးနှစ် သုံးလကျော် ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ 
၂၃၈ ဒသမ ၉၇၈ သန်း ရရှိခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလနှင့် 
နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်ပို့မှုမှ ရရှိငွေမှာ အမေရိ ကန်ဒေါ်လာ ၇၄ 
သန်းကျော် လျော့နည်းနေကြောင်း သိရသည်။

မတ်ပဲတင်ပို့အနေဖြင့် တန်ချိန်တစ်သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်
လာ ၇၉ သန်းကျော် ရရှိခဲ့ကာ ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး 
အမေရိကန်ဒေါ်လာ ၃၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလ တင်ပို့မှုနှင့်
နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေပါ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း 
သိရသည်။

ပဲမျိုးစုံ တင်ပို့မှုကို ကြည့်ပါက ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင်
 အဓိက တင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုများ 
ကျဆင်းလျက်ရှိသဖြင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို 
ပူးပေါင်းဖြေရှင်းပြီး ကာလတို၊ ကာလရှည် အစီအမံများ ဆောင်ရွက်သွားရန် 
လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန 
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ပဲတင်ပို့မှု အတက်အကျ ဖြစ်ရခြင်းတွင် ၀ယ်လက်နိုင်ငံဈေးကွက်၏ ထုတ်လုပ်မှု၊ 
စားသုံးမှု၊ ငွေလဲနှုန်း စီးပွားရေး အခြေအနေများအရ ဖြစ်
ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်တွင် ပဲမျိုးစုံတင်ပို့မှု
တန်ချိန် ၁၄ သိန်းကျော် ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် 
ရရှိခဲ့ကြောင်း သိရသည်။
eleven media group
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိထားသော်လည်း မတ်ပဲ၊ပဲစဉ်းငုံတင်ပို့မှု လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲနှင့် ပဲပုပ်စေ့ အစရှိသည့် ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် သုံးလကျော် ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၉၇၈ သန်း ရရှိခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် လျော့နည်းနေကြောင်း သိရသည်။

မတ်ပဲတင်ပို့အနေဖြင့် တန်ချိန်တစ်သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၉ သန်းကျော် ရရှိခဲ့ကာ ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေ ပါ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲမျိုးစုံ တင်ပို့မှုကို ကြည့်ပါက ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အဓိက တင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုများ ကျဆင်းလျက်ရှိသဖြင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို ပူးပေါင်းဖြေရှင်းပြီး ကာလတို၊ ကာလရှည် အစီအမံများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ပဲတင်ပို့မှု အတက်အကျ ဖြစ်ရခြင်းတွင် ၀ယ်လက်နိုင်ငံဈေးကွက်၏ ထုတ်လုပ်မှု၊ စားသုံးမှု၊ ငွေလဲနှုန်း စီးပွားရေး အခြေအနေများအရ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်တွင် ပဲမျိုးစုံတင်ပို့မှုတန်ချိန် ၁၄ သိန်းကျော် ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D